လေပြင်းတိုက်ခတ်၍ ဒုက္ခသည်စခန်းမှ အိမ်ခြေ ၆၀ ခန့် ပျက်စီး

သတင်းနှင့်မီဒီယာ ကွန်ယက်၊ ဇော်ကြီး။
မတ်လ ၃၀ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း စံခဘူရီမြို့နှင့် ငါးကီလိုခန့်အကွာရှိ နယ်စပ်ဒုက္ခသည်စခန်းအတွင်း ယမန်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၆၀ ခန့် ပြိုကျ၊ ပျက်စီး ခဲ့သည်။

ဘန့်တုန်ယမ်းဒုက္ခသည်စခန်းအတွင်း နေ့လည်နှစ်နာရီခန့်မှစတင်၍ မိုးနှင့်အတူ လေပြင်း တိုက်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဒုက္ခသည်တစ်ဦးက ယခုလိုပြောသည်။

ဒီမှာ ပျက်စီးမှုကတော့ တော်တော်လေးကို ဆိုးဆိုးရွားရွားပဲဖြစ်သွားကြတာလေ။ တချို့က အိမ်နား ကသစ်ပင်တွေလဲသွားပြီးတော့ အိမ်တွေပေါ်မှာပိနေတာပေါ့နော်။ တချို့ဟာတွေဆို မုန်တိုင်းမွေသွား ပြီးတော့ ငုတ်ပဲကျန်တယ်လေ။ ဒီကွန်ပြုတာသင်တန်း ကျောင်းဆိုရင် ငုတ်ပဲ ကျန်တယ်လေ။ ဘာမှမရှိ တော့ဘူး။ ရိက္ခာဂိုဒေါင်တွေဆိုရင် သွပ်တွေမရှိတော့ဘူး။ ပြီးတော့ UNHCR က တတိယနိုင်ငံသွားဖို့ အင်တာဗျူးလုပ်တဲ့ ရုံးတွေရော အကုန်လုံး မြေကြီးဝပ်သွား တယ်။ တချို့အိမ်တွေက ယိုင်သွားတယ်။ ယိုင်သွားတယ်ဆိုတာက လူတက်လို့မရတဲ့ အနေအထားမျိုးပေါ့နော်။

လေပြင်းးတိုက်ခတ်ချိန် နာရီဝက်ခန့်သာ ကြာပြီး မိုးလေနှင့်အတူ လက်မအရွယ် မိုးသီးများပါ အရှိန်ပြင်းထန်စွာ ရုတ်တရက် ၀င်ရောက်လာခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

သူကဘယ်လိုပြောမလဲဆို၊ အသံပဲကြားလိုက်တယ်။ ကိုယ့်ဆီချက်ချင်းရောက်လာသလိုပဲ။ ၀ူးဆို လေ သံကြားတာနဲ့ ချက်ချင်းဆက်တိုက်ပဲ။ ပြိုတာနဲ့ ကျိုးတာနဲ့ အကုန်လုံးဟာ။ လူတွေက ဘယ်လိုပြောမလဲ ဆိုတော့ ကမ္ဘာပျက်သလိုပဲ။ ဟိုလူဆွဲ၊ ဒီလူဆွဲပြီးတော့ ကွင်းပြင်ကြီးထဲမှာ နေရတာပေါ့။ လွတ်မယ် လို့ထင်တဲ့နေရာတွေမှာပေါ့။

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒုက္ခသည်အချို့ ဒဏ်ရာရရှိခဲ့ကြသည်။

အိမ် ၅၇ နှစ်လုံးနှင့်အတူ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ လူနာဆောင်၊ ဆန်ဂိုဒေါင်နှင့် ကွန်ပြူတာ ၁၂ လုံး၊  ဆန် အိတ် ငါးဆယ်ခန့် ဆုံးရှုံးခဲ့ပြီး လူနှစ်ရာခန့် နေထိုင်ရေးနှင့် စားသောက်ရန်အတွက် အခက်အခဲဖြစ်နေသည်ဟု စခန်းကော်မတီတစ်ဦးက ယခုလို ပြောသည်။

ပြိုနေတဲ့အိမ်တွေကလည်း လက်ရှိဘေးနားမှာရှိနေတဲ့ အိမ်ကို ကျနော်တို့ မှီခိုထား တာပေါ့နော။ လူဦး ရေ တစ်ရာကျော်ကျော်နှစ်ရာနီးပါးလောက်တော့ နည်းနည်းအခက်အခဲ ရှိမှာပေါ့။

ပျက်စီးဆုံးရှုံးမှုများကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို စားနပ်ရိက္ခာအစရှိသည်ကို အကူအညီပေးနေသည့် အဖွဲ့ (TBBC) မှ စာရင်းကောက် ယူနေပြီး ဒုက္ခရောက်နေသူများအား အမြန်ဆုံးကူညီပေးရန် စခန်းကော်မတီက တောင်းဆိုထားသည်။

ဘန့်တုန်ယမ်းဒုက္ခသည် စခန်းသည် တောင်ပတ်လည်ဝိုင်းရံထားသည့် လျှိုအတွင်းတွင် တည်ရှိ၍ အိမ်ခြေတစ် ထောင်ကျော်၊ ဒုက္ခသည် (၄၀၀၀)ကျော်ရှိပြီး ကရင်၊ ထားဝယ်နှင့် မွန်လူမျိုးများ နေထိုင်ကြကာ လေပြင်းမုန် တိုင်းဒဏ်ကို ယခုပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။