|
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
ဒီချုပ်အဖွဲ့ဝင်နှင့်
ပြည်သူများ
ဆန္ဒပြတောင်းဆိုမည်
စောရန်နိုင်။
ဧပြီလ
၃၀ ရက်၊
၂၀၀၇ ခုနှစ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရန်အတွက်
အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့်
ပြည်သူများ ပူးပေါင်း၍
လာမည့် မေလ တွင် ဆန္ဒပြ
တောင်းဆိုပွဲတရပ် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ဆန္ဒပြတောင်းဆိုမည့်
အစီအစဉ်ကို မနက်ဖြန်မှစ၍
မေလ ၃၀ ရက်နေ့အထိ
ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး
တိုင်းနှင့် ပြည်နယ်အသီးသီးမှ အန်အယ်လ်ဒီ အဖွဲ့ဝင်နှင့်
ပြည်သူလူထုများ ပူးပေါင်းပါဝင်မည် ဖြစ်သည်။
ဆန္ဒပြတောင်းဆိုရခြင်း၏
အကြောင်းအရင်းနှင့်ပတ်သက်
ဆန္ဒပြပွဲကို
ပူးပေါင်းဆောင်ရွက် သည့် အန်အယ်လ်ဒီ အဖွဲ့ချုပ်၏
အဖွဲ့ဝင်
မစုစုနွေးက ယခုလို ပြောသည်။
“ကျမတို့တိုင်းပြည်မှာပေါ့နော်။
ပြည်သူလူထုတရပ်လုံးဟာ ဆင်းရဲဒုက္ခရောက်နေတာဟာ
ကျမတို့
ခေါင်းဆောင်ကြီး
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
မလွတ်လို့မဖြစ်ဘူးလေ၊
စစ်မှန်တဲ့ အမျိုးသား
ပြန်လည်သင့်မြတ်ရေး ရရှိရေး
အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ
ကျမတို့
တိုင်းပြည်မှာ
မရှိမဖြစ်
လိုအပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ရှိမှသာ ကျမတို့နိုင်ငံဟာ
စစ်မှန်တဲ့ အမျိုးသားပြန်လည်
သင့်မြတ်ရေး
ဖေါ်ဆောင်ပေးနိုင်မယ်လေ။
ဒါကြောင့်
တောင်းဆို ရခြင်း ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်စေရန်အတွက်
မေလ ၁ ရက်နေ့မှစ၍
“ဒေါ်အောင်ဆန်းစုကြည်
လွတ်
မြောက်ပါစေ”
ဆိုသည့် စာတမ်းပါ အင်္က
ျီင်္များကို ၀တ်ဆင်ပြီး
ငြိမ်းချမ်းသောနည်းဖြင့်
တောင်းဆိုကာ မေလ ၂၇ ရက်နေ့တွင်
ဘုရားတက် ၀တ်ပြု ဆုတောင်းမည်ဖြစ်၍
၃၀ ရက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည်ကို
လွတ်ပေး
ရန်
အန်အယ်လ်ဒီ အဖွဲ့ဝင်များက
ပြည်သူများနှင့်အတူ လက်မှတ်ထိုး တောင်းဆိုမည်ဖြစ်သည်။
ယခုလ ၂၇
ရက်နေ့တွင်
ဒဂုံမြို့သစ်မြို့နယ်ရှိ
အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးတွင်
ကျင်းပခဲ့သည့် အစည်းအဝေး၌ မြို့
နယ် အသီးသီးမှ
ကိုယ်စားလှယ်များ၏
သဘောတူညီချက်အရ
ယခုလို ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လည်
လွတ်ပေးရေး
တောင်းဆိုဆန္ဒပြရန်
ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံးအနေဖြင့် ဒဂုံမြို့သစ်မြို့နယ်မှ
စစ်အစိုးရထံသို့
တင်ပြတောင်းဆိုမည်ဖြစ်ပြီး
ကျန်ရှိသော ရန်ကုန်မြို့
အတွင်းရှိ အခြားမြို့နယ်မှ
လူထုများလည်း ပါဝင်လာအောင် ဆက်လက်လှုံ့ဆော်သွား
မည်ဖြစ်သည်ဟု ဒဂုံမြို့
သစ်
မြို့နယ်စည်းအတွင်းရေးမှူးဖြစ်သူ
ကိုအေးနိုင်က ပြောသည်။
မေလသည်
ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်မည့်
လ ဟု သတ်မှတ်၍
ဥပဒေ ဘောင်အ တွင်းမှ
ငြိမ်းချမ်း
သော
နည်းလမ်းဖြင့် ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရန်
တလတိတိ အချိန်ယူပြီး
အဖက်ဖက်မှ ကြိုးပမ်း
လုပ်ဆောင်
မည်ဖြစ်သည်ဟု ကိုအေးနိုင် က ဆက်လက် ပြောသည်။
၂၀၀၆ ခုနှစ်
မေလ ၂၇ ရက်တွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်အကျယ်ချုပ်
သက်တမ်း
တိုးမြှင့်ခဲ့ပြီး
ယခုနှစ် မေလ ၂၇ ရက်နေ့တွင်
အကျယ်ချုပ် သက်တမ်း ကုန်ဆုံးသွားမည်ဖြစ်သည်။
ကုလသမဂ္ဂ နှင့်
နိုင်ငံတကာခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို
လွတ်ပေးရန် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်
အစိုးရက ဆက် လက်
ထိန်းသိမ်းထားဆဲ ဖြစ်သည်။
|