|
ဖွဲ့စည်းပုံအသစ်နှင့်
ပတ်သက်၍ ဒီကေဘီအေအတွင်း
သဘောထားကွဲပြားနေ
ခွန်အောင်မြတ်။
ဧပြီလ
၃၀ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရ ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင်
ထောက်ခံမဲပေးရေး၊ မပေးရေးနှင့် ပတ်သက်၍
အပစ်အခတ် ရပ်စဲထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့
(ဒီကေဘီအေ) အတွင်း သဘောထားကွဲပြားနေသည်
ဟု ဒီကေဘီအေ အရာရှိက ပြောသည်။
စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားသည့်
ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေမူကြမ်းကို အတည်ပြုနိုင်ရန်အတွက်
ဒီကေဘီအေအနေဖြင့် ထောက်ခံမဲပေးရန် အဖွဲ့၏
ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာစစ်တပ်မှ ဖိအားပေးနေ
သည်ဟု အပစ်ရပ်အဖွဲ့ဝင် အရာရှိတချို့က
ပြောသည်။
“အကြီးအကဲကို
သူတို့ပြောမှာပေါ့။
ကျနော်တို့ အထက်က အကြီးအကဲတွေ
ရှိသေးတာ ကိုး။
ကျနော် တို့ လူငယ်တွေ သူတို့ဘယ်ပြောမှာလဲ
မဟုတ်ဘူးလား။ သူတို့ရဲ့မဲရွေးပွဲကို
ဒီကစောင့်ကြည့်အုံးမယ်။
ကျနော်တို့က ဘာမှ မပြောသေးဘူး။
အခု ကျနော်တို့ အဖွဲ့အစည်းအတွေ
အားလုံးက လူမညီဘူး။ (ဗိုလ်ချုပ်) ထိန်မောင်က ထိန်မောင်
တကဏ္ဍ။ (၉၀၆) အဖွဲ့လည်း သူ့ကဏ္ဍနဲ့
သူ ဖြစ်နေတယ်။ ဒီကေဘီအေလည်း အခု အစည်းအဝေးပွဲ
လုပ်နေတုန်းပဲ။ မြိုင်ကြီးငူတက်နေတယ်လို့
သတင်းကြား တယ်။”
ဟု ဒီကေဘီအေ အရာရှိတဦးကပြောသည်။
ဒီကေဘီအေတပ်ဖွဲ့အချို့
၎င်းတို့ထိန်းချုပ်ရာ ကာ့ကရိတ်နှင့်မြ၀တီမြို့နယ်ရှိ
လူထုကို ဆန္ဒခံယူပွဲတွင် ထောက်ခံ
မဲပေးရန် တိုက်တွန်းနေကြောင်း ယင်းအရာရှိက ဆက်ပြောသည်။
ဆန္ဒခံယူပွဲတွင်
မည်သည့်မဲပေးရမည်ကို မသိသေးကြောင်း၊
အထက်အရာရှိ ညွှန်ကြားချက် ကို
စောင့်ကြည့်ရ မည်ဟု အခြား
ဒီကေဘီအေ အရာရှိတဦးက ယခုလို ပြောသည်။
“ကျနော်တို့အနေနဲ့
ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ လူကြီးကပဲ။
အဲလူကြီးက
ဆုံးဖြတ်လို့
အဲလူကြီးအနေအ
ထားက
ဘယ်လိုလဲ၊
အဲလူကြီး
ဆုံးဖြတ်လို့
လူငယ်တွေက လက်ခံမှာ လား။ သူတို့မဲက
ဘာပေးမှာလဲ မသိသေးဘူး။ တကယ်လို့
ကျနော်တို့အနေနဲ့က
ဘယ်လိုပြောင်းမလဲ၊ ပေါ်လစီကို ပြောင်းလဲမလား၊
အဲဒီအပြောင်းအလဲကို စောင့်နေတယ်။ ထောက်ခံမဲ၊
အဲဒီမဲပေးမှာကို ဘယ်လိုမဲလဲဆိုတာ စောင့်ကြည့်
နေရတယ် အားလုံးက။ ဘယ်လိုပြောင်းလဲမှာလဲ၊
အပြောနဲ့အဟောနဲ့ကြည့်မှာလား၊
မှန်ကန်မှာလား၊ လုပ်တာနဲ့
သူပြောတာနဲ့ လုပ်လိုက်တာနဲ့ ညီမျှမှာလား
ကိုက်မှာလား စောင့်ကြည့်အုံးမယ်။
အရင်က လို ၀ူးဝူးဆိုပြီး
မလုပ်တော့ဘူး။ ခုနောက်ပိုင်းမှာ အားလုံးက သူတို့ရဲ့လုပ်ရပ်
ချက်ကိုကြည့်လိုက်မယ်။
လမ်းစဉ်မှန်ကန်တယ်ဆိုတမျိုး။ ရေရှည်ကို ကြည့်ရမှာ၊
တခါထဲ ကြည့်လို့ မရဘူး။
သူတို့က ပထမ လုပ်ပြလိုက်မယ်၊
နောက်ပိတ်ဆုံး ပြန်ရှူးမှာကို ကြောက်ရတယ်။”
ဆန္ဒမဲပေးရာတွင်
အထက်အရာရှိအချို့က ထောက်ခံမဲပေးရန် အလားအလာများသော်
လည်း ရဲဘော် တပ်သား အများစုသည် ကန့်ကွက်မဲကိုသာ
အများစု ပေးကြမည်ဟု ဒီကေဘီအေတပ်ဖွဲ့နှင့်
နီးစပ်သူက ပြောသည်။
“ထိပ်ပိုင်းက
အရာရှိကြီးတွေကတော့
ထောက်ခံမဲပဲ ပေးမှာပါ။
တကယ့်အောက်ငယ်သား တွေကတော့ ကန့်ကွက်မဲပဲ
ထွက်လာမှာများမယ်လို့ ကျနော် ယုံကြည်တယ်လေ။
ကန့်ကွက်မဲကတော့ တချို့ လည်း
ပါလာမှာပေါ့။ ပါလာမှာက သေချာပါတယ်။
ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ ညွှန်ကြားချက်၊
ညွှန်ကြားချက် ပေါ့လေ။
ဒါကတော့ သူ့တို့ရဲ့
ယုံကြည်ရာ၊ ယုံကြည်ရာကိုတော့
လူတွေကတော့ ထည့်ကြမှာပဲ။
နောက်မှပဲ တချို့ ကတော့ ပြောကြတယ်၊
နောက်မှ ဖြစ်ချင်ရာဖြစ်ပေါ့၊ ဖြစ်လာမယ့်
ဟာကိုပဲ ရင်ဆိုင်ကြ တာပေါ့။
အဲဒီလို ပြောကြတယ်လေ။”
မြ၀တီမြို့တွင်းတွင်
မြို့ခံပြည်သူများ မေလ ဆန္ဒခံယူပွဲအတွက်
ထောက်ခံမဲ ပေးကြရန် သီချင်း၊
လက်ကမ်း စာ စောင်များဖြင့် ဒေသခံ အာဏာပိုင်၊
ကြံ့ခိုင်ဖွံ့ဖြိုးရေး
အသင်းနှင့် စွမ်းအားရှင်များက နည်းအမျိုးမျိုးဖြင့် လိုက်လ
ံစည်းရုံးလျှက်ရှိကာ ပြီးခဲ့သည့်
၂၈ ရက်၊ တနင်္လာနေ့မှစ၍
မြ၀တီမြို့တွင် နေထိုင်ပြီး
မဲဆောက်သို့ အလုပ် လုပ်ကြသူများကို
အာဏာပိုင်များက ယာယီမှတ်ပုံတင်ပြုလုပ်ပေးပြီး
ကြိုတင်ထောက်ခံမဲ
ပေးခိုင်းသည် ဟု မြ၀တီမြို့ခံများက
ပြောသည်။
|