|
ဒီပဲယင်းအကြမ်းဖက်မှု အမှုမှန် ဖေါ်ထုတ်ပေးရန်
ပြည်ပ ရောက် မြန်မာနိုင်ငံရေးလှုပ်ရှားသူများ တောင်းဆို
ခွန်အောင်မြတ်။
မေလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။
ပြည်ပရောက်အမျိုးသား
ကျောင်းသားများအဖွဲ့(မြန်မာနိုင်ငံ)(ပမကဖ) ဦးဆောင်၍ ဒီပဲယင်းအရေးအခင်း လေး
နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယနေ့နံနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
မြန်မာသံရုံးရှေ့တွင် ဆန္ဒပြပွဲ တခု ပြုလုပ်ပြီး ဒီပဲယင်းအမှုမှန်ပေါ်ပေါက်ရေး၊
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဖျက်သိမ်းပေးရေး တို့ကိုအော် ဟစ်
တောင်းဆို ခဲ့ကြသည်။
ပမကဖ၊
ပြည်ပရောက်နိုင်ငံရေးအကျဉ်းသားအဟောင်းအများအဖွဲ့၊ ရခိုင်အလုပ်သမားသမဂ္ဂ၊
ရခိုင်ဝံသာနု စာပေ အသင်း၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် တသီးပုဂ္ဂလများ
အပါအ၀င် အင်အား ၅၀ ကျော်သည် နံနက် ၁၀ နာရီမှအစပြု၍ တစ်နာရီခန့်အကြာ
ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲတွင်
အဓိကဦးဆောင်သည့် (ပမကခ) အဖွဲ့၏ ဥက္ကဌ ဦးဝီလျှံ ချစ်စိန်က ဆန္ဒပြရခြင်းနှင့်
ပတ်သက်၍ ယခုလို ပြောသည်။
“ကြံ့ခိုင်ရေးနှင့်
ဖွဲ့ဖြိုးရေးအသင်းကို ဖျက်သိမ်းပေးဖို့၊ နောက်ပြီးတော့ ကျောင်းသားတွေ ဆုတောင်း
ပွဲကို လိုက်လံပြီးတော့ နှောက်ယှက်နေတဲ့ ပြည်သူကို အမည်ခံပြီးတော့ ဟုတ်လား
လိုက်နှောက်ယှက် နေတဲ့ အဖွဲ့အစည်း တွေကို ဖျက်သိမ်းပေးဖို့ အဲဒါတွေကို
တောင်းဆိုတယ်။ အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွတ်ပေးဖို၊ ဒီပဲယင်း
လုပ်ကြံမှုကို အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ ဒါတွေကို ကျနော် တို့
တောင်းဆိုပါတယ်။”
အထက်ပါ
အဖွဲ့ငါးဖွဲ့ပေါင်း၍ တောင်းဆိုချက်ကိုးချက်ပါသည့် ကြေညာချက်တစ်စောင်ကို
ထုတ်ပြန်ပြီး မြန်မာ သံရုံးမှ တာဝန်ရှိသူအား ပေးရန်ကြိုးစားခဲ့ သော်လည်း
လက်မခံကြောင်း ဦးဝီလျှံ ချစ်စိန်က ပြောသည်။
၎င်းကဆက်လက်၍
“အဓိကကတော့ နောက်လာနောက်သားတွေ တချို့ဆို အခု ခေတ်လူငယ်တွေက မသိတော့ဘူး။
ဒီပဲယင်းဆိုတာ ဘာမှန်းမသိဘူး၊ ရှစ်လေးလုံးဆိုတာ ဘာမှန်းမသိဘူး။ ဆိုတော့ အဓိက က
ဘာဖြစ်လဲ ကျနော်တို့ ဒါဟာ ဒီနေ့ ဒီရက်တွေဟာ ဗမာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့
နေ့တွေ ရက်တွေပါ ဆိုတဲ့ဥစ္စာရယ်၊ နောက်ပြီးတော့ ပြည်တွင်း ပြည်ပ ကျနော်တို့
နွေးနွေး ထွေးထွေး ရှိပါ တယ်။ ပြည်တွင်းမှာ တိုက်ခိုက်နေတဲ့ ဟုတ်လား အတိုက်အခံ
အင်အားစု မင်းကိုနိုင်တို့ ကျောင်းသား အုပ်စုတွေ ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်
ကျောင်းသားအုပ်စုတွေ၊ ကျနော်တို့ ပြည်ပအုပ်စု တွေ၊ ပြည် တွင်းက ပြည်သူ တွေနဲ့
တသားထဲရှိပါတယ်ဆိုတာကို ကျနော်တို့ အဓိကထားပြီး ပြော တာပါ။” ဟု ပြောသည်။
ယနေ့ဆန္ဒပြပွဲတွင်
ထိုင်းအာဏာပိုင် လုံခြုံရေး တာဝန်ရှိသူများ ၂၀ ကျော် စောင့်ကြည့်ခဲ့ကြသော်လည်း
ဖမ်းဆီး စစ်ဆေးခြင်းတစုံတရာ မပြုလုပ်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။
အလားတူ
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)က ဦးဆောင်၍ လူအင်အား ၅၀ ကျော် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်နှင့် နယ်စပ်ရှိဒုက္ခသည်စခန်းအချို့တွင်လည်း
ဒီပဲယင်းလေးနှစ်ပြည့် အခမ်းအနားများကို အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)နှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့က ဦး
ဆောင်ပြီး ဘုန်းတော်ကြီးကျောင်းများ တွင် ဆွမ်းကျွေးပွဲများ
ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်နှင့် မန္တလေးမြို့တို့တွင် ဒီပဲယင်း
လေးနှစ်မြောက် နှစ် ပတ်လည် ဆွမ်းသွတ်အလှူပွဲများ ကျင်းပပြုလုပ်ကြကြောင်း
သိရှိရသည်။
လွန်ခဲ့သည့် ၂၀၀၃
ခုနှစ် မေ ၃၀ ရက်နေ့ညတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်း
ဆောင်သည့်အဖွဲ့ မြန်မာပြည် အလယ်ပိုင်း စကိုင်းတိုင်းအတွင်း လူထုစည်းရုံးရေးခရီး
လှည့်လည်စဉ် ဒီပဲယင်း မြို့အနီး ကျည်ရွာအရောက်တွင်
စစ်တပ်နှင့်ကြံ့ဖွံ့အဖွဲ့တို့ ပူးပေါင်း၍ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး အကြမ်း
ဖက် တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါတိုက်ခိုက်မှုတွင် လူအမြောက်အများ ရာနှင့်ချီ၍ သေကြေဒဏ်ရာရှိခဲ့သည်ဟု
သတင်းများထွက်ခဲ့သော် လည်း မြန်မာစစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွင် လူလေးဦး
သေဆုံးပြီး ၅၀ ကျော် ဒါဏ်ရာရခဲ့သည်ဟုသာ ပြောဆိုခဲ့ပြီး အမှုမှန်
ပေါ်ပေါက်ရေးအတွက် ဖေါ်ထုတ်အရေးယူပေးခြင်း မရှိသည့်အပြင် အဖွဲ့ချုပ် ခေါင်းဆောင်
များဖြစ်ကြသည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ယနေ့အထိ
နေအိမ်များတွင် အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထားသည်။
|