|
ရဲနှင့်
ကြံ့ဖွံ့မိသားစုများ
လေဘေး ဒုက္ခသည် အယောင်ဆောင်
ခွန်အောင်မြတ်။
မေလ ၃၀ ရက်၊
၂၀၀၈ ခုနှစ်။
ပြည်ပ အလှူရှင်များ၊
ကယ်ဆယ်ရေး အဖွဲ့များလာရောက်ချိန်တွင် နာဂစ်မုန်တိုင်းကြောင့်
ဘုန်းကြီးကျောင်းများ
တွင် ခိုလှုံနေသည့်
ဒုက္ခသည်များအား
နေရပ်သို့ ပြန်လွှတ်ပြီး
ရဲနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး
အဖွဲ့ဝင် မိသားစုများက ဒုက္ခသည်ယောင်ဆောင်၍
အကူအညီများ လက်ခံရယူနေကြသည်ဟု ကွမ်းခြံကုန်းသို့
ရောက်ခဲ့သော ပုဂ္ဂလိက အလှူရှင်တဦးက ပြောသည်။
“ကယ်ဆယ်ရေးသမားတွေလာရင်
ခဏရပ်ခိုင်းထားပြီး
သူတို့လုပ်စရာရှိတာကို အရင်လုပ်ကြတယ်။
လာမယ်ဆိုမှ အလောတကြီး
စီစဉ်တဲ့သဘောပဲ။
မဟုတ်တာတွေကို လုပ်နေတဲ့ သဘောဗျ။ ဒုက္ခသည်
တွေကို ကိုယ့်အိမ်ကို ပြန်ခိုင်းကြတယ်လေ။
သူတို့ အစားထိုးပြီး ဒုက္ခသည်ယောင်ဆောင်ခိုင်းတာ။
ကွမ်းခြံကုန်းကျောင်း ထဲမှာလည်း အစိုးရဘက်က
ပေးတာတွေကတော့ ဘာတစ်ခုမှ မတွေဘူး။”
ယခုအခါ ရန်ကုန်မှ ကွမ်းခြံကုန်းသို့
သွားရာကားလမ်းဘေးတလျှောက်တွင် အလှူရှင်များ ကို
စောင့်နေသည့် လေဘေးဒုက္ခသည်များ မတွေ့ရပဲ
ရဲနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်
များသာ တွေ့ရှိသည်ဟု ယမန်နေ့က
သွားရောက်ခဲ့သည့် အလှူရှင် တဦးကပြောသည်။
“ကျနော်ကွမ်းခြံကုန်းဘက်ကို
ရောက်သွားတယ်။ အရင်ဒုက္ခသည်တွေ
လမ်းဘေးမှာ မရှိတော့ဘူး။ အဲလူတွေ အစား
ဘယ်သူတွေရောက်လဲဆိုတော့ ရဲတွေကို ထားထားတယ်။ ရဲတွေက
လမ်းမှာ မနေပဲ နဲ့
လာတဲ့သူတွေကို ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုပြီး
ခြိမ်းခြောက်တယ်။ ”
တရုတ်နှင့် အခြားနိုင်ငံခြားသား ကယ်ဆယ်ရေးသမားများ ရောက်လာမည်ဖြစ်သဖြင့်
တောင်းရမ်းနေသော ဒုက္ခ
သည်များကို မမြင်စေချင်သည့် အနေဖြင့် စောင့်ကြပ်ထားခြင်း
ဖြစ်သည်ဟု ၄င်းက ပြောသည်။
“ပြီးတော့
တရုတ်တွေ ရောက်နေတော့ သူတို့တွေက
သူတို့ရဲ့ လုပ်ရပ်တွေကို
မမြင်စေချင်တဲ့အတွက် ဒုက္ခသည် အတုတွေကို
အယောင်ဆောင်ခိုင်းတယ်ဗျာ။ အားလုံး ပြီးသွားလို့
ကျန်တာတွေကို သူတို့ က ဘယ်အတွက် ကျန်သေးတယ်။
ဘယ်သူတွေကို ပေးရအုံးမယ်ဆိုပြီး ပြန်သိမ်းထားတယ်။
တကယ် ဒုက္ခရောက်နေတဲ့သူတွေက
ဘာမှမရကြ ဘူးဗျ။”
မြန်မာစစ်အစိုးရက မည်သူမဆို လွတ်လွတ်လပ်လပ် ဒုက္ခသည်များထံ
ကူညီလှူဒါန်းနိုင် ကြောင်း ကြေညာချက်
ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ဒုက္ခသည်များကို
အလှူရှင်များနှင့် မတွေ့ရန်စီမံထားခြင်းဖြစ်သည်ဟု
ယင်းဒေသရောက်ခဲ့သည့် အလှူရှင် များက ပြောသည်။
|