|
လေဘေးဒုက္ခသည်များအတွက် အဓမ္မအလှူကောက်ယူနေ
နွယ်လေး။
မေလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။
နာဂစ်
ဆိုင်ကလုံး ဒဏ်ခံရသည့် လေဘေးဒုက္ခသည်များအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း
ပုံပါကျင်မြို့နယ်မှ လယ်ထွန်စက် ၅စီး လှူဒါန်းရန် မြန်မာစစ်အစိုးရတပ်ဗျုဟာ
(၅၂၆) ဗျူဟာမှူးက အမိန့်ပေးစေခိုင်းခဲ့သည်ဟု ဒေ သခံများက ပြောသည်။
ဗျူဟာမှူးအမိန့်ဖြင့် မေလ၂၅ ရက်နေ့က ပုံပါကျင်မြို့ရှိ
အထွေထွေအုပ်ချူပ်ရေးမှူးရုံးတွင် အစည်းအဝေး ကျင်းပခဲ့ပြီး ဌာနဆိုင်ရာ
ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု ဥက္ကဌများ ခေါ်ယှူု၍
တစီး လျှင် ကျပ်ငွေ ရှစ်သိန်းခွဲတန်သည့် လယ်ထွန်စက်(၅)လုံးလှူရန် ဗျူဟာမှူး က
စေခိုင်းခဲ့ခြင်းဖြစ်သည်။
လယ်ထွန်စက်
( ၅ )စီးကို ကောက်ခံရာတွင် ပုံပါကျင်မြို့ရှိ တပ်ဗျူဟာ (၅၂၆)မှ ဗျုဟာမူးက (၁)
စီး၊ အမြောက် တပ်မှ (၁)စီး၊ အပစ်ရပ်ထားသည့် ၀ပြည်သွေးစည်းညွှတ်ရေး တပ်မတော်“ ဝ
”အဖွဲ့စည်းမှ (၂) စီး နှင့် ပုံပါကျင် မြို့နယ်မှပြည်သူများက (၁)စီး
လှူဒါန်းရမည်ဟု ၄င်းက အမိန့်ပေးသည်။
ယင်းအတွက်
ပုံပါကျင်မြို့ရှိ ဆိုင်ကယ်လိုင်စင်မရှိသူများထံမှ အလှူငွေကောက်ရန်
ရပ်ကွက်ဥက္ကဌများကို စေခိုင်း နေသဖြင့် အခက်အခဲတွေ့နေရသည်ဟု ဒေသခံတစ်ဦးက
ပြောသည်။
“ဒီပုံပါကျင်မြို့နယ်က
(၁)စီးဝိုင်းပြီး လှူရမယ်၊ဌာနဆိုင်ရာကလူနဲ့လုပ်ငန်းရှင်တွေက ကျပ်တစ်ထောင် ကနေ
ကျပ်(၅၀၀၀)်ထိ အလှူငွေထည့်ရတယ်။ ကျေးရွာရပ်ကွက်က လူတွေက ခဏခဏလုပ်အား ပေးရ၊
ရန်ပုံငွေတွေ ထည့်ရနဲ့ဆိုတော့ ဆိုင်ကယ်လိုင်စင် မရှိတဲ့သူတွေကို တစ်စီး
ကျပ်ငါးထောင်စီ ကောက်ဖို့ စခန်းမှုးတွေက ရပ်ကွက်ဥက္ကဌတွေကို ကောက်ခိုင်းထား တယ်။
ရပ်ကွက်ဥက္ကဌတွေကလဲ ဆိုင်ကယ်အခွန်ကောက်တာ သူတို့နဲ့မသက်ဆိုင်ဘူး မကောက်ရဲ
မကောက်ချင်ကြလို့ဆိုပြီး ခုထိ တော့ မကောက်သေးဘူး ။”
ယခင်က
လေဘေးဒုက္ခသည်များအား ကူညီရန် အလှူငွေ ကောက်ခဲ့ခြင်းများရှိခဲ့သည်။ ယခု အခါ
ပုံပါကျင် မြို့နယ်နှင့် ကျန်ကျေးရွာများအား ရက်အကန့်အသတ်မထားဘဲ ကောက်ခံရန်
စေခိုင်းထားသည်။
|