|
ဒီကေဘီအေတပ်ဖွဲ့က ကေအဲန်ယူ စခန်းတခုကို
သိမ်းပိုက်
ခွန်အောင်မြတ်။
ဇွန်လ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။
တိုးတက်သောကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ်တပ်ဖွဲ့(DKBA)တပ်ဖွဲ့က
ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်
ယူ)ဧ၊်
စခန်းတခုကို
ယနေ့နံနက်က
ဝင်ရောက်သိမ်းပိုက်ရာ ကေအဲန်ယူဘက်က အထိအခိုက်အကျအဆုံးရှိပြီး တပ်သား တဦး
ဖမ်းဆီးခံခဲ့ရသည်။
ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူ ထိန်းချုပ်ရာဒေသဖြစ်သည့် တပ်မဟာ(၆)နယ်မြေ
ဝေါ်လေခီးစခန်းကို ယနေ့
နံနက်(၄)နာရီအချိန်တွင် ဒီကေဘီအေက ၀င်ရောက် တိုက်ခိုက် ခြင်းဖြစ်သည်ဟု
ကေအဲန်ယူ၏ ကာကွယ်ရေး
ဌာန အတွင်းရေးမှူး ဗိုလ်မှူး ရှီးလေက ပြောသည်။
"ကျနော်တို့ဘက်က
တစ်ယောက်က ဒဏ်ရာရှိတယ်၊ တစ်ယောက်ကတော့ ကျဆုံးတယ်၊ တစ်ယောက်
ကတော့ ဖမ်းမိတယ်။ ဒဏ်ရာရတာကတော့ တစ်ယောက်ပဲ။ နအဖ ပါတယ်။ ဒီကေဘီအေက နှစ်ဖွဲ့
လာတယ်။ တစ်ဖွဲ့ကတော့ နအဖနဲ့ ပေါင်းပြီးတော့ လာတယ်။ တဖွဲ့ တော့ ဒီကေဘီအေ
သပ်သပ်ပဲ လာတယ်။ ဒီကေဘီအေ တပ်ရင်း ၉၀၇ နှုတ်ခမ်းမွေး တပ်ရင်းပဲ။ နောက်တဖွဲ့တော့
တပ်ခွဲ
တခွဲရှိတယ်။ ကုန်းလာပစ်တဲ့ တဖွဲ့ကတော့ အယောက် ၃၀ ပဲ ရှိတယ်။ နောက်တဖွဲ့ကတော့
အင်အား
သိပ်မရှိဘူး။ ဒါပေမယ့် နအဖနဲ့ပေါင်းပြီး တော့ အယောက် ၈၀ လောက်ရှိတယ်။
ကျနော်တို့ အဖွဲ့
ကတော့ ၅၀ ပဲ ရှိတယ်။”
တပ်ရင်း ၂၀၁ ဌာနသည် ယခင်က ကေအဲန်ယူအဓိက စခန်းချသည့် ဌာနဖြစ်ခဲ့သော်လည်း
အခြားနေရာသို့ ပြောင်းရွေ့ထားသဖြင့် အင်အား သိပ်မရှိတော့ကြောင်း ကေအဲန်ယူ၏
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စောလှငွေက ပြောသည်။
"၂၀၁
ကတော့ ဟိုတုန်းက အဓိက နေတဲ့စခန်းပေါ့၊ နောက်ကျတော့ အဲဒီနေရာက အလား အလာ
သိပ်မကောင်းတဲ့အခါကျတော့ လူလေးငါးခြောက်ယောက်ပဲထားပြီး တခြားတနေရာ ကို
ပြောင်းနေ
တာကတော့ ကြာပြီပေါ့၊ အဲဒါကို မနက်ပိုင်းကပေါ့လေ ဒီကေဘီအေကနေပြီး တော့
အဲဒီစခန်းကို ၀င်ပြီးတော့ပစ်တာပေါ့။ ကျနော်တို့ လေးငါးခြောက်ယောက်လား အဲမှာ
လူရှိတာဆိုတော့ နေရာက
တော့ ရှိတာပေါ့ အဆောက်အဦဟောင်းတွေ ရှိတာပေါ့။ ကျန်တဲ့လူတွေက တခြားနေရာမှာ
ရှောင်နေ
ကြတယ်။ "
ဒီကေဘီအေတပ်ဖွဲ့နှင့် ကေအဲန်ယူတို့ ၂ နာရီကျော်ခန့်
အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး ဒီကေဘီအေဘက်ကမှ ကေအဲန်ယူ၏၂၀၁ တပ်ကုန်းကို
သိမ်းဆည်းခံခဲ့ရသည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝေါ်လေခီး အနီးရှိ ကျေးရွာသား မိသားစု ၃၀ ကျော်
ထိုင်းနယ်မြေ အတွင်း ထွက်ပြေးခို
လှုံသည်ဟု သိရသည်။
ပြီးခဲ့သည့်မေလမှ ဇွန်လ ၄ ရက်နေ့ အထိ ကေအဲန်ယူ တပ်ဖွဲ့နှင့် မြန်မာစစ်တပ်၊
ဒီကေဘီကေ တပ်ဖွဲ့တို့ တိုက် ပွဲပေါင်း ၁၈ ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်ဖက်မှ
အရာရှိ သုံးဦး အပါအ၀င် ၁၇ သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ဒီကေဘီအေတပ်ဖွဲ့မှ
တပ်သား ၃ ဦးသေ၊ ၅ ဦး ဒဏ်ရာရှိသည်ဟု ကေအဲန်ယူ သတင်းနှင့်ပြန်ကြားရေးဌာက
ပြောသည်။
|