|
မြဝတီ စက်မှုဇုံအနီး
ပေါက်ကွဲမှုထပ်မံဖြစ်
သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
ဇွန်လ ၃၀ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
မြဝတီမြို့တောင်ဘက် စက်မှုဇုံအနီးတွင် ယမန်နေ့ည ၁၁ နာရီက ထိုင်းကုမ္ပဏီပိုင် ကားတ
စီးပေါ်၌ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။
“စီးပွားရေးစက်မှုဇုံအလွန်
ပေ ၅၀ အကွာပေါ့၊ အဲ့ဒီမှာ တည်တဲ့ အေကေကုမ္ပဏီက ကားကိုမိုင်းတပ်ပြီး ခွဲသွားတာ။
ကားကတော့မြေတူးစက်လေ။ တလုံးပဲ ထောင်မိုင်း လိုဖြစ်တယ်။ မနေ့ည ၁၁ နာရီ
လောက်ပေါ့၊ အဲဒီကားကြီး တစင်းလုံးကတော့ ပျက်ဆီးသွားတာပေါ့။” ဟု မြဝတီမြို့
တဦးက ပြောသည်။
ယင်း အေကေကုမ္ပဏီမှာ
ထိုင်းနိုင်ငံမှဖြစ်ပြီး ယခုလက်ရှိမြဝတီမြို့တွင် လမ်းသစ်
ဖောက်လုပ်လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။
“အဲ့ဒီနေရာမှာက ၃၆၅ - ၃၅၆ ကင်းနှစ်ကင်းရှိတယ်။
အဲ့ဒီ ကင်းနှစ်ကင်းရဲ့အောက်မှာ ဒီကုမ္ပဏီက နေပြီး လမ်းသစ်ဖောက်လုပ်ရေး
လုပ်နေတယ်လေ။ အေကေ ကုမ္ပဏီက ၃၆၅-၃၅၆ တပ်ရင်းနှစ်ခု ကြားမှာရှိတာလေ။
အဲဒီတပ်ရင်းနှစ်ခုအောက်မှာ လမ်းသစ်ဖောက် လုပ်ရေးလုပ်နေတယ်။”
မြဝတီမြို့တွင်
ဗုံးပေါက်ကွဲမှုများ မကြာခနဖြစ်ပွားခဲ့ဖူးသော်လည်း ယခုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး
သီးခြား အ တည်ပြုနိုင်ခြင်းမရှိသေးပေ။
ရဲစခန်းနှင့် နီးစပ်သူတဦးက
ယခင်ပေါက်ကွဲမှုများမှာလည်း တရားခံဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခုလိုပြော
သည်။
“အခုကျနော် ရဲတွေဘာတွေကို ဂဃနဏမေးကြည့်တယ်လေ။
သိပ်မသိဘူးဗျ။ သူတို့အဲဒီ ဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာလည်း
အတိအကျပြောလို့မရသေးဘူး။ မြဝတီမှာ ဖြစ်ပျက်နေ တာက တစ်ကြိမ်မဟုတ်ဘူးလေ၊ သုံး
လေးငါးကြိမ်ရှိနေပြီလေ။ အခုချိန်ထိလည်း ဖော်ထုတ်လို့ မရ သေးဘူးလေ။”
ယခုလ ၂၂
ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြဝတီမြို့ရှိ ရွှေဆိုင်ဓါးပြတိုက်မှုအတွက် စစ်ဆေးရန်
နေပြည်တော်မှ အ ထူးရဲတပ်ဖွဲ့များ ရောက်ရှိနေသော်လည်း ယခုပေါက်ကွဲမှုနှင့်
ပတ်သက်မှုမရှိနိုင် ကြောင်းကို ဒေသခံတဦးမှ သုံးသပ်ပြောဆိုသည်။
“အကုန်လုံးက ငြိမ်ကုတ်နေတယ်။
ငြိမ်ကုတ်နေတယ်ဆိုတာ ဒု-ရဲမှူးကြီးမောင်မောင်ခင်နဲ့ အဖွဲ့ရယ်၊ နောက်ပြီး
နေပြည်တော်က အထူးအဖွဲ့တွေရယ် ရောက်နေတယ်။ သူတို့ရောက် နေတာနဲ့တော့ မ
ပက်သတ်နိုင်ဘူး။ သူတို့ရောက်နေတာက ရွှေဆိုင်ဓါးပြတိုက်မှုနဲ့ နောက်
လိုင်စင်မဲ့ကားတွေကိစ္စ။ လာ စုံစမ်းတာ။”
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင်
အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံနှင့် စစ်အစိုးရတပ်တို့ လှုပ်ရှားနေပြီး
ယခုနှစ်အတွင်း ပေါက်ကွဲမှု လေးကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်။
|