|
ကန့်သတ်ချုပ်ချယ်သည့်ဥပဒေများ
ရုတ်သိမ်းရန် ဆန္ဒပြတောင်းဆို
အောင်မိုးမြင့်။
သြဂုတ်လ
၃၀ ရက်၊
၂၀၀၇ ခုနှစ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက်
ထုတ်ပြန်ခဲ့သော ဥပဒေများသည် လူမျိုးခွဲခြား ဆက်ဆံ ခြင်းနှင့် လူ့အခွင့်အရေး
ချိုးဖေါက်ခြင်းဖြစ်သည့်အတွက် ပြန်လည်ရုတ်သိမ်းပေးရန် ဘန်ကောက်မြို့တွင်
ယနေ့
ဆန္ဒပြတောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၅ ခုတွင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို
လက်ကိုင်တယ်လီဖုန်း အ
သုံးပြုခွင့်၊
မော်တော်ဆိုင်ကယ်စီးခွင့်၊
ညရှစ်နာရီမှ မနက်ငါးနာရီအထိ အပြင်ထွက်ခွင့်တို့ပိတ်ပင်ကာ
လူငါးဦး
ထက်ပိုမစုရန် တားမြစ်သည့်
ဥပဒေကို ဒေသခံ ထိုင်းအာဏာပိုင်များက
လွန်ခဲ့သည်နှစ်ကုန်တွင် ထုတ်ပြန်ခဲ့
သည်။
ဆန္ဒပြသူများက
ယင်းဥပဒေများကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း
ဆန္ဒပြပွဲတွင်ပါဝင်သည့်
မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ
မှ
အလုပ်အမှုဆောင် ကိုထွေးက ပြောသည်။
“ဒီမှာ
ထုတ်တဲ့ဥပဒေတွေက လူ့အခွင့်အရေးကို
ချိုးဖောက်တယ်။
အလုပ်သမားအခွင့်အရေးကို ချိုး
ဖေါက်တယ်
ပေါ့နော်။
အဲ့ဒီအတွက်ကြောင့်
ဒီဟာတွေကို ပြန်ရုတ်သိမ်းပေးဖို့၊
ဒီမှာ တောင်းဆို
ချက်ကတော့ လေးချက်ရှိတယ် ဗျ။
တစ်အချက်က အခုထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ပြန်လည်ရုတ်
သိမ်းဖို့။
နောက်ပြီးတော့
Migrant ( ရွှေ့ပြောင်း)
အလုပ်သမားတွေက ဒီထိုင်းရဲ့
စီးပွားရေးပေါ့နော်။
အဲ့ဒါတွေကို သူတို့က
အထောက်အကူပြုနေတယ်ဆိုတဲ့အကြောင်း
အဲ့ဒါကို အသိအမှတ်ပြုဖို့။
နောက်
တစ်ခုက ဒီအစိုးရအနေနဲ့
ထိုင်းလူမျိုးတွေနဲ့
Migrant အလုပ်သမားတွေကြားထဲမှာ
သဟဇာတဖြစ်
အောင် နားလည်မှုတွေ ရလာအောင်
အလုပ်သမားတွေရဲ့
ဒီဆိုရှယ်(လူမှုရေး)
ကိစ္စတွေကိုလည်း
မြင့်
တင်ပေးဖို့ပေါ့နော်
။
အဲ့ဒါတွေလုပ်ပေးဖို့
နောက် လူမျိုးခွဲခြားတာတွေ မရှိအောင် လုပ်ပေးဖို့ပေါ့။
နောက်တချက်က Migrant
အလုပ်သမားတွေနဲ့
ပတ်သက်တဲ့ ဥပဒေတွေကို အစိုးရက ထုတ်ပြန်မယ်
ဆိုရင်
အလုပ်သမားခေါင်ဆောင်တွေ အလုပ်သမား ကိုယ်စားလှယ်တွေကို ထည့်သွင်းပြီးတော့
ဆွေး
နွေးပြီးတော့မှ
ဒီဥပဒေကို ပြဌာန်းဖို့ပေါ့နော်
။
အဲ့ဒီအချက်လေးချက်ကို တောင်းဆိုတယ်။”
ထိုင်းနိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့များအပါအ၀င်
ထိုင်းအလုပ်သမားအဖွဲ့များနှင့်
မြန်မာအလုပ်သမား အဖွဲ့
များပါဝင်သည့်
အဖွဲ့
၁၃ ဖွဲ့က
ယနေ့
နံနက် ၉ နာရီတွင် ဘန်ကောက်မြို့ရှိ
ထိုင်းအစိုးရအိမ်တော်ရှေ့တွင်
ဖူး
ကတ်၊
ဆူရထာနီ၊
ရနောင်း၊
လရောင်း ၊
ဖန်င စသည့်ခရိုင်များတွင် ထုတ်ပြန်ထားသော ဥပဒေများကို ပြန်လည်
ရုတ်သိမ်းပေးရန် ဆန္ဒပြ
တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး
တောင်းဆိုချက်များကို သက်ဆိုင်ရာ အာဏာပိုင်များ
လက် သို့
ပေးအပ်ခဲ့သည်။
တောင်းဆိုချက်များကို ပြန်ကြားခြင်းမရှိပါက
နိုင်ငံတကာနှင့် ပူးပေါင်း၍တောင်းဆိုမှုများ
ထပ်မံ ပြုလုပ်သွားမည်
ဟု ကိုထွေးက ဆက်လက်ပြောသည်။
နေ့လည်
၁၁ နာရီခန့်တွင်
ထိုင်းအစိုးရအိမ်တော်ရှေ့မှ
အိုင်အယ်လ်အို(နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်)
ရုံး သို့
ချီတတ်ဆန္ဒပြသွားကြပြီး
၎င်း တောင်းဆိုချက်များကို အိုင်အယ်လ်အိုရုံးတွင်လည်း ပေးအပ်ခဲ့ကာ ဆန္ဒပြမှုကို
ရုတ်သိမ်းခဲ့သည်။
ဟောင်ကောင်၊
အင်ဒိုနီးရှား၊
နီပေါလ် စသည့်နိုင်ငံများတွင်လည်း ထိုင်းရွှေ့ပြောင်းအလုပ်သမားများက
ထိုင်းသံ
ရုံးများသို့
သွားရောက်၍
အလားတူ စာများ ပေးပို့ကြမည်ဟု
ကိုထွေးက ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် ဒေသခံအာဏာပိုင်များကို
အလားတူ စာပေးပို့ခဲ့သော်လည်း
တုံ့ပြန်
ခြင်းမရှိကြောင်းနှင့်
အလုပ်သမားများကို ဆက်လက် ဖမ်းဆီးနေကြောင်း
မြန်မာရွှေ့ပြောင်း
အလုပ်သမား များကို ကူညီနေသည့်အခြေခံလူထုလူအခွင့်အရေးပညာပေးဌာန
(Grassroots HRE)
မှ ဒါရိုက်တာ ဦးထူးချစ်က ပြော
သည်။
“အဲ့ဒီဥပဒေကြောင့်မို့လို့ဗျ။
အလုပ်သမားတွေကတော့ အမြဲတမ်း
စိုးရိမ်ကြောက်လန့်မှုရှိတယ်။
ဒါ
ပေမဲ့
ပြဿနာကတော့
အဲ့ဒီ ဒေသခံအာဏာပိုင်တွေမှာပဲမူတည်ပြီးတော့
ဒီဒေသခံ ကျနော်တို့
ဒီရွာ
သားတွေ
ပေါ်မှာလည်း မူတည်သလိုဖြစ်နေတယ်။
ဘာဖြစ်လို့လည်းဆိုတော့
တချို့ရွာတွေမှာတော့
တော်တော်ပြင်းပြင်း ထန်ထန် ပြဿနာတွေဖြစ်တုန်းပဲ၊
ဆိုင်ကယ်အသိမ်းခံရတာ ဖုန်းသိမ်းခံရတာ အဖမ်းဆီးခံရတာ ရှိသေး တယ်လေ။
ဒါပေမယ့် တချို့ရွာတွေမှာတာ့
နည်းနည်းပြန်အေးသွားတဲ့ဟာ
မျိုးရှိတယ်။”
ယနေ့ဆန္ဒပြပွဲတွင်
ထိုင်း၊ မြန်မာ၊
ကမ္ဘောဒီးယား၊
လောစသည်နိုင်ငံသား ၃၅၀ခန့်
ပါဝင်ဆန္ဒပြခဲ့ပြီး
အလားတူ တောင်းဆိုမှုကို
လွန်ခဲ့သော မေလ၁ရက်နေ့
ကမ္ဘာ့အလုပ်သမားနေ့တွင်လည်း
တောင်းဆိုခဲ့ဘူးသည်။
|