|
စင်္ကာပူ အတိုက်အခံများ မြန်မာပြည်အရေး ဆန္ဒပြ
ခွန်အောင်မြတ်။
စက်ဘာလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာပြည်တွင်
လူထုဆန္ဒပြပွဲကို စစ်အစိုးရက အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီးနေမှုကိုရပ်တန့်ရန်၊
မြန်မာသံရုံး ရှေ့တွင်ယနေ့ ၁၂ နာရီမှစတင်၍ စင်္ကာပူနိုင်ငံရှိ
အတိုက်အခံဒီမိုကရက်တစ်ပါတီမှ ပါတီဝင် ၁၁ ဦးက ဦးဆောင် ဆန္ဒပြခဲ့ရာ
မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ကြသည်။
ဆန္ဒပြရခြင်း
ရည်ရွယ်ချက်ကို စင်္ကာပူနိုင်ငံ၏ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်း
ရေးမှူး Mr.
Chee Soonjuan
က ယခုလိုပြောသည်။
“မြန်မာပြည်မှာ
ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ကလည်း မြန်မာပြည်သူတွေအ တွက်
သွေးစည်းညီညွှတ်မှုကို ပြသဖို့လိုတဲ့အတွက်၊ ဒုတိယ အချက်က စင်္ကာပူ အစိုးရက မြန်မာအ
စိုးရကို လက်နက်တွေရောင်း ချနေတာကို ရပ်တန့်ပေးဖို့။ အလားတူပဲ စင်္ကာပူအစိုးရဟာ
မြန်မာပြည် က မူးယစ်ရာဇာနဲ့ လော်စစ်ဟန်လိုလူနဲ့ မြန်မာနိုင်ငံမှာ
ရင်းနှီးမြုပ်နှံတွေ ပူးပေါင်းလုပ်ဆောင် နေတာ ကို ရပ်တန့်ပေးဖို့၊
စင်္ကာပူအစိုးရအနေနဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမှုတွေ အများကြီး လုပ်ထား
တာတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတယ်။”
စင်္ကာပူရှိ
ဆန္ဒပြသူများသည် အနီရောင် အင်္ကျီ၊ အနီရောင်ပါသည့် အမှတ်တံဆိပ်များဝတ်ထားသလို
တချို့ လက် မောင်းတွင် အနီရောင်များ ပတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ပုံပါ
ပို့စ်စတာများ၊ မြန်မာပြည် လွတ်မြောက် ရေး၊ ပြည်သူ့ဘ၀လုံခြုံရေး၊ သတ်ဖြတ်မှုတွေ
ချက်ချင်းရပ် စသည့် အင်္ဂလိပ် စာသားများပါသည့် ဆိုင်းဘုတ်များ ကို
ကိုင်ဆောင်ထားကြပြီး မည်သည့် ကြွေးကြော်သံမှ ဟစ်အော်ခြင်းမပြုပဲ မတ်တပ်ရပ်
ဆန္ဒပြကြသည်။
သံရုံးရှေ့တွင်
ရှိသည့် အုတ်ခုံပေါ်တွင် ၀မ်းနည်းခြင်းအထိန်းအမှတ်အနေဖြင့် ပန်းခွေပုံစံချထားကာ
စာရွတ်ချထား ကာ လာရောက်ကြည့်ရှုသူများ၏ ဆန္ဒကို ကောက်ခံကြောင်း စင်္ကာပူရောက်
မြန်မာကျောင်းသူတဦးဖြစ်သူ မမေ က ပြောသည်။
“ဒီညအထိ
သူတို့မတ်တပ်ရပ်နေမယ်။ လူတွေ သူတို့ကို လက်ခံတယ်၊ သူတို့လိုပဲ ပါဝင်ချင်တယ်၊ သူ
တို့လိုပဲ တကယ်ကို မြန်မာနိုင်ငံကိစ္စကို လက်ခံတယ်ဆိုတဲ့ လူတွေ အားလုံး
သူတို့ရဲ့ စာရွက်ထဲမှာ လက်မှတ် လာထိုးပါ။ မနက်ဖြန်မနက် သံရုံးဖွင့်တဲ့အချိန်မှာ
သံအမတ်ကို သူတို့ဝင်တွေ့မယ်။”
ဒီမိုကရက်တစ်
ပါတီဝင်များ ဦးဆောင်ဆန္ဒပြပွဲကို စင်္ကာပူရောက် မြန်မာနိုင်ငံသားများ လည်း
ပူးပေါင်းပါဝင်ကြ သည်ဟု မမေက ပြောသည်။
“ဟုတ်ပါတယ် ကျနော်တို့
အခု အဲဒီနေရာမှာ ရပ်နေပါတယ်။ သံရုံးရှေ့မှာ ကျနော်တို့ အခု အဲဒီ ရောက်ပြီ။
ကျနော်တို့ မြန်မာတွေပါ ပူးပေါင်းလိုက်တယ်အခု။ ကျနော်တို့မြန်မာတွေ ကားတစီး လာ
တာ အခုဆို အားလုံးပေါင်း အယောက် နှစ်ဆယ်ကျော် သုံးဆယ်လောက်ရှိပြီ။
နောက်ထပ်ကားတွေ ထပ်လာစရာရှိတယ်။ ဒီည တညလုံးပြမယ်လို့ ပြောတယ်။ ညမိုးချုပ်ရင်
ဖယောင်းတိုင်တွေနဲ့ ထွန်းပြီး တော့မှ ဆုတောင်းမယ်လို့ ပြောတယ်။”
ယခုဆန္ဒပြပွဲ
ပြုလုပ်ရာတွင် စင်္ကာပူ အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ပြသခြင်း မဟုတ်သလို
ဆန္ဒပြချိန်တွင် ရဲ တပ်ဖွဲ့က တားမြစ်သည့်ကြားမှ ဆက်လက်ဆန္ဒပြခြင်းဖြစ်သည်။
သတင်းရေးသားချိန်ထိ ဖမ်းဆီးမှု တစုံတရာ မရှိသေးပေ။
ဆန္ဒပြ လူထုများကို
စစ်တပ်က လက်နက်အားကိုး၍ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးနေခြင်းကို ချက်ချင်းရပ်
တန့်ပေးရန်၊ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အဖြေရှာရန် ထိုင်း၊ မလေးရှား၊
အမေရိက၊ အိန္ဒိယ စသည့် နိုင်ငံများ တွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများက
တောင်းဆိုဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်နေသည်။
|