|
ဘိန်းရာဇာဟောင်း ခွန်ဆာကွယ်လွန်
သတင်းနှင့်မီဒီယာကွန်ယက်။
အောက်တိုဘာလ
၃၀ရက်၊ ၂၀၀၇ခုနှစ်။
တချိန်က
ဘိန်းရာဇာ ဟုကျော်ကြားခဲ့ပြီး အမေရိကန်အစိုးရက ဆုငွေ ဒေါ်လာ၂သန်း ထုတ်ခံထားရသော
ဦးခွန် ဆာ (၇၃နှစ်)သည် ရန်ကုန်မြို့နေအိမ်တွင် ယခုလ ၂၈ ရက်နေ့က
ကွယ်လွန်သွားခဲ့သည်။
ဦးခွန်ဆာ
သေဆုံးသွားခဲ့ကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာ ဦးခွန်ဆိုင်းက ယခုလို
အတည်ပြု ပြောသည်။
“သူကရောဂါရှိတာကြာပြီ။ သွေးတိုးလည်းရှိတယ်ဗျာ။ ဆီးချိုလည်းရှိတယ်ဗျာ။
ကိုယ်တခြမ်းသေတဲ့ ဟာလည်းရှိတယ်ဗျာ။ အဲဒီတော့ နှစ်ပေါင်း ၁၀ ကျော်ခံလာပြီးပြီဘဲ
ဒါကြောင့်မို့ဖြစ်တာပေါ့။ရန်ကုန် ကအိမ်မှာပဲဆုံးတယ်လို့ပြောတယ်။ဈာပနကို ၂
နာရီမှာမြောက်ဥက္ကလာပ ရေဝေးသုဿန် မှာသဂြိုင်္ဟ် မယ်လို့ ပြောတယ်။”
ဦးခွန်ဆာကို ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဖာဖင့်ရွာတွင် ၁၉၃၄
ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင်မွေးဖွားခဲ့ပြီး ငယ်စဉ်က ကူမင်တပ်ခေါ်
တရုပ်ဖြူတပ်တွင် အမှုထမ်းခဲ့သည်။
၁၉၆၀
ခုနှစ်တွင် ဦးခွန်ဆာသည် လွယ်မော် ကာကွယ်ရေးတပ်ကို တည်ထောင်ခဲ့ကာ မြန်မာအစိုးရ
နှင့် ပူးပေါင်း ခဲ့သည်။ နောက်ပိုင်းတွင် ဘိန်းထုတ်လုပ်မှုကြောင့် မြန်မာစစ်တပ်က
ဖမ်းဆီးခဲ့သည်။ ၁၉၆၉ ခုနှစ်ပြန်လည် လွတ်မြောက်လာပြီးနောက်တွင် ရှမ်းအမျိုးသား
ညီညွတ်ရေးတပ် (အက်စ်ယူအေ) ကို တည်ထောင်ခဲ့သည်၊ ၁၉၈၅ခုတွင်
စပ်မိုးဟိန်း.အဖွဲ့နှင့် ပူးပေါင်းကာ မော်ထိုင်းတပ်မတော်( အမ်တီအေ)ကိုဖွဲ့စည်း၍
ရှမ်းပြည်အရှေ ပိုင်းမှ ရှမ်းကယားနယ်စပ်အထိနယ်မြေများကို ထိန်းချုပ်ခဲ့သည်၊
ထိုအချိန် တွင် ရွှေတြိဂံဒေသတွင် ဘိန်းထုတ် လုပ်မှုကြောင့် ဘိန်းရာဇာအဖြစ်
ကျော်ကြားလာခဲ့သည်။
၁၉၈၉တွင်
အမေရိကန်ကို ဘိန်းတင်ပို့မှုကြောင့် အမေရိကန်အစိုးရက ဖမ်းမိန့်ထုတ်ခဲ့သည်။
အမေရိကန်အစိုး ရမှ ဆုငွေ ဒေါ်လာ ၂သန်းထုတ်ခဲ့သည့်နောက် ၁၉၉၆ခုနှစ်တွင်
ဦးခွန်ဆာနှင့် သူ၏ တပ်ဖွဲ့သည် မြန်မာအစိုး ရထံတွင် လက်နက်ချသွားခဲ့သည်။
ရှမ်းပြည်တပ်မတော်တွင် ဦးခွန်ဆာ ဦးဆောင်ခဲ့စဉ်အချိန်က နာမည်ပျက်ခဲ့သလို
ကောင်းသော စွမ်းဆောင်ချက် များလည်း ရှိခဲ့ကြောင်း
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး
စိုင်းလောင်ဝ်ဆိုင်းက ပြောသည်။
“သူဦးဆောင်ခဲ့တဲ့ခေတ်မှာဆိုရင် တဖက်တလမ်းက နာမည်ဆိုးတွေရခဲ့သလို
တဖက်တလမ်းကလည်း ရှမ်းပြည်တပ်မတော်အတွက် သူ့ရဲ့ကောင်းတဲ့စွမ်းဆောင်ချက်တွေ
ပျိုးထောင်ပေးတဲ့ သာဓက တွေရှိ ပါတယ်။ ဥပမာ ကျနော်တို့ ရှမ်းလူငယ်တွေကို
ပညာသင်ပေးတာတို့ စစ်ပညာသင်ပေးတာတို့ ကိုယ့် အမျိုးကိုချစ်တတ်အောင်
ကိုယ့်တိုင်းပြည်ကို ချစ်တတ်အောင် ရန်သူနဲ့မိတ်ဆွေခွဲခြားတတ်အောင် အဲ ဒါတွေကို
သူကစပြီးတော့ ပျိုးထောင်သင်ကြားပေးတာတွေလည်း ရှိပါတယ်”
ရှမ်းပြည်တပ်မတော်တောင်ပိုင်းသည် ဦးခွန်ဆာနှင့်မော်ထိုင်းတပ်မတော်
လက်နက်ချသွားချိန်တွင်လိုက် ပါမသွား ဘဲ မြန်မာအစိုးရကို လက်နက်ကိုင်၍
ဆက်လက်တော်လှန်ခဲ့သည်။
ဦးခွန်ဆာလက်နက်မချမီက ၄င်းဘိန်းထုတ်လုပ်ရခြင်းသည်
ရှမ်းပြည်တော်လှန်ရေးအတွက်ဖြစ်ကြောင်း နှင့် ယင်း
အတွက်လိုအပ်သောငွေထောက်ပံမည်သူရှိပါက ဘိန်းထုတ်လုပ်မှုကို ရပ်တန့်မည်ဖြစ်ကြောင်း
သြစတြေးလျ သ တင်းဌာနတခုသို့ ပြောကြားခဲ့ဖူးသည်။
ဦးခွန်ဆာ၏
သမိုင်းကို ကမ္ဘာပြည်သူများနှင့် ရှမ်းပြည်သူများက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း
ဗိုလ်မှူးစိုင်း လောင်ဝ်ဆိုင်းက သုံးသပ်သည်။
|