မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်  ပြုလုပ်မှု စတင်

နွယ်လေး။
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအား မြန်မာအစိုးရမှ ပြုလုပ်ပေးမည့် နိုင်ငံကူးလက်မှတ်များ စတင်ပြု လုပ်ပေးနေပြီး လျှောက်လွှာတင်သူ တစ်ထောင်ခန့်ရှိပြီဟု ထိုင်းနိုင်ငံ ဘန်ကောက်ရှိ လုပ်ငန်းစီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူက ပြောသည်။

"လျှောက်လွှာစာရွက်ကို မြန်မာ အစိုးရဘက်က ပို့လာပေးတာ အင်္ဂလိပ်နဲ့ မြန်မာ နှစ်ဘာသာ။ လျှောက်လွှာတင်ပြီးတဲ့သူ တစ်ထောင်ကျော်ရှိပြီ။ မြန်မာအစိုးရဘက်ကို ကျမတို့ ပို့ပေးပြီးသွားပြီ။ မြန်မာ အစိုးရဘက်ကနေ စိစစ်ပြီး ပြန်ပို့လာလိမ့်မယ်။ ခုချိန်ထိ တော့ စိစစ်ပြီး ပို့လာတာမရှိသေး ဘူး" ဟု လုပ်ငန်းစီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူက ပြောသည်။

မိမိတို့ နေထိုင်ရာ ခရိုင်၊မြို့နယ် ဒေသအလိုက်ရှိ လုပ်ငန်းစီမံခန့်ခွဲရေးရုံးတွင် ၎င်းလျှောက်လွှာများ သွားရောက် ယူနိုင်ကြောင်းနှင့် ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံးမှ စိစစ်ပီးသည့် လျှောက်လွှာများကို မြန်မာအစိုးရထံပို့ပြီး မြန်မာ အစိုးရထံမှ အကြောင်း ပြန်ကြားချက်ကို စောင့်ဆိုင်းရမည်ြဖစ်ကြောင်း ကဆက်လက်ပြောသည်။

ချင်းမိုင်မြို့တွင် လျှောက်လွှာတင်ထားသူ ၂၀ခန့်သာ ရှိသေးသည်ဟု လုပ်ငန်းစီမံခန့်ခွဲရေး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

 "ချင်းမိုင်မှာ လျှောက်လွှာတင်ပြီးတဲ့ အလုပ်သမား ၂၀ယောက် လောက်တော့ ရှိပြီ။ နိုင်ငံသားမှတ် ပုံတင်ကဒ် ရှိမရှိနဲ့  ပတ်သက်ပြီး ဘာမှ တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးဘူး။ ခုချိန်ထိ စိစစ် တဲ့ အဆင့်ပဲရှိသေးတယ်။ လျှောက်လွှာမတင်ရင်လဲ ဘာမှ တော့ မဖြစ်ဘူး။ တင်ချင်တယ်ဆိုရင်လဲ ထိုင်းအလုပ်သမား ကဒ်ရှိတဲ့ သူရော မရှိတဲ့ သူပါ လျှောက်လွှာ လာယူလို့ရပြီ။"

ထိုင်းအစိုးရသည် တို့နိုင်ငံအတွင်းတွင် တရားမ၀င် အလုပ်သမားများ ပပျောက်ရန် ကိုးစားနေပြီး လာမည့် ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင်း၌ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်သည့် အလုပ် သမားကိုသာ ငှါးရမ်းသွားမည်ဟု ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံးများတွင်  ကြေငြာချက် ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့်  ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ရုံးတစ်ခုစီထားပြီး ၂၀၀၈ခုနှစ် စက်တင်ဘာလ မှစတင်ကာ လာမည့် ၂၀၀၉ ခုနှစ်ဖေဖေါ်ဝါရီလထိ လက်ခံပြုလုပ် ပေးမည် ဘန်ကောက်ရှိ လုပ်ငန်း စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူက ပြောဆိုသော်လည်း ယင်းသတင်းကို ဒေသခံ များက မကြားသိရသေးကြောင်း ပြောသည်။

၂၀၀၆ ခုနှစ်အတွင်းက ထိုင်းနှင့် မြန်မာနှစ်ဘက် အစိုးရများပူးပေါင်းအလားတူ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် စီစဉ်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။