|
SSA
တောင်ပိုင်းတပ်ဖွဲ့နှင့်
PNLO
အောက်ခြေတပ်ဖွဲ့များကြားပစ်ခတ်မှုဖြစ်ပွား
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်တပ်မတော်
SSA
တောင်ပိုင်းတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်
PNLO
တပ်ဖွဲ့
နှစ်ခု၏
အောက်ခြေတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းရှိ နှစ်ဖက်တပ်များလှုပ်ရှားရာ
နမ့်ပွန်ချောင်းအရှေ့ဖက်၊ တောရှ
ဒေါရွာအနောက်ဖက်ရှိ
တောင်ယာအတွင်း PNLO
တပ်ဖွဲ့များ ထမင်းချက်စားနေစဉ်
SSAတောင်ပိုင်း
အမှတ် ၃၆၁ တပ်ရင်းမှ လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု
PNLO
ကပြောသည်။
အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ ဒေသခံရွာသားများ၏ပြောပြချက်အား
PNLO
အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး
ကြီး ခွန်သူရိန်က ယခုလိုပြောသည်။
“ပထမပိုင်းမှာ
ဘယ်သူဘယ်ဝါက သူတို့ကိုလာပစ်လဲဆိုတာ မသိပါဘူး။ သူတို့အဲဒီကနေ ဆုတ်သွားပြီး
နောက်နေ့ခပ်စောစောမှာမှ ရွာသားတွေဆီကနေတဆင့်သူတို့ပြန်ကြားရတယ်။ အဲဒီအချိန်မှ
SSA
က
မှန်းသူတို့သိတယ်။ အဲဒီ ၃၆၁ တပ်ရင်းမှန်းပေါ့နော်။”
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာ
PNLO
ဖက်မှ
ဆေးမှူးခွန်ဇော်ဦး ပွဲချင်း
ပြီး
ကျဆုံးခဲ့သည်။
ယခုလိုဖြစ်ပွားရခြင်း၏ အခြေခံကျသည့် အချက်ကို ကောင်းစွာမသိရသေးသော်လည်း
နှစ်ဖက်တပ်များ လှုပ်ရှား
သည့်နယ်မြေဖြစ်သည့်အတွက် ပြဿနာအား ငြိမ်းချမ်းစွာ အဖြေရှာသည့်နည်း
ဖြင့်ဖြေရှင်းလိုသည်ဟု ၎င်းက
ဆက်ပြောသည်။
“မလိုလားအပ်တဲ့
သွေးထွက်သံယိုမှုဖြစ်တဲ့ ပြဿနာတွေ၊ ပအိုဝ်းနဲ့ရှမ်းနဲ့ ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ ဒါ
ကိုလည်းကျနော်တို့မလိုလားပါဘူး။ ဒီပြဿနာနဲ့ပတ်သက်လို့ကတော့
ငြိမ်းချမ်းသောနည်းနဲ့ တွေ့ဆုံ
ဆွေးနွေးပြီး အဖြေရှာသွားမှာပဲဖြစ်တယ်။”
ယင်းကိစ္စဖြစ်ပွားမှုအပေါ် ရှမ်းပြည်တပ်မတော်
SSA
တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူတဦးက ယခုလိုပြောသည်။
“ကျနော်ကြားသိရသလောက်ကတော့
သူတို့အောက်ခြေအချင်းချင်းပေါ့နော့ အထင်မှား အမြင်မှားဖြစ်
ပြီးတော့ သွားပစ်တယ်လို့ပဲကြားရပါတယ်။”
ယခုလိုဖြစ်ပွားသည့်အပေါ် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍
ညှိနှိုင်း
အဖြေရှာရန်လိုအပ်ပြီး
“ကျနော်
တို့အချင်းချင်း ဘာတွေကို ပူးပေါင်းဆောင်ရွက်မလဲ။ အကယ်၍
ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် ပြ
ဿနာကို
ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။”
ဟု
၎င်းကဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တစ်ဖက်နှင့်တစ်ဖက် အသိပေး
အကြောင်းကြားပြီးသော်
လည်း ညှိနိုင်းဆွေးနွေးမှု မပြုလုပ်ရသေးဟု နှစ်ဖက် ခေါင်းဆောင် များက ပြောသည်။
ယင်းနယ်မြေတွင်
SSA
တောင်ပိုင်းနှင့်
PNLO
တပ်ဖွဲ့တို့
လှုပ်းရှားနေသည့်အပြင် မြန်မာစစ်အစိုးရက မကြာ
ခဏ
ထိုးစစ်ဆင်လေ့ရှိသည့် ဒေသဖြစ်သည်။
|