|
၆နှစ်ကြာပိတ်ထားသော
ထိုင်း-
မြန်မာနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်
ခွန်အောင်မြတ်။
ဇန်န၀ါရီလ ၃၁ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ခြောက်နှစ်ကျော်ကြာပိတ်ထားသည့်
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်တခုကို ထိုင်းအာဏာပိုင်ဘက်မှ
ယနေ့စတင်ဖွင့်လှစ်လိုက်သည်။
ယင်းကုန်သွယ်ရေးဂိတ်သည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းတောင်းမြို့နယ်ရှိ
နောက်အုပ်ကျေးရွာနှင့် မြန်မာ
နိုင်ငံဘက်မှ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်
ပုံပါကျင်ကျေးရွာ ကြားရှိ
ဘီပီ ၀မ်း (ခေါ်) နယ်စပ်မှတ်တိုင် အမှတ်(၁) ဂိတ်အနီးတွင်တည်ရှိသည်။
နယ်စပ်ဂိတ်ဖွင့်ပွဲ
အခမ်းအနားသို့
ထိုင်းအာဏာပိုင်များအပါအ၀င်
ဒေသခံ၊
ကုန်သည်နှင့်
ဧည့်သည်များ
တစ်
ထောင်ကျော်
တက်ရောက်ခဲ့သည်။
ယနေ့နယ်စပ်ဂိတ်ဖွင့်ပွဲနှင့်
ပတ်သက်၍
ချင်းတောင်းမြို့နယ်
မိုင်းနကျေးရွာအုပ်စု
အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ
ဖြစ်သူ
နန်းဖီဆွန်ထွမ်စီ ယခုလိုပြောသည်။
“ဒီနေ့ဖွင့်ပွဲပြုလုပ်တာကတော့
ချစ်ကြည်ရေးကအဓိကပါပဲ။
ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့
ထိုင်းလူမျိုး
ပဲဖြစ်ဖြစ်
ညီနောင်ဖြစ်တဲ့ မြန်မာတွေပဲဖြစ်ဖြစ် သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေး
အတွက်၊
လုံခြုံရေးအတွက်
အဓိက လိုအပ်ချက်တွေဖြစ်ပါတယ်။
ဒီနေ့ကတော့
ထိုင်း-မြန်မာ နှစ်ဖက် အပြန်အလှန်ဆက်သွယ်ရေး ကောင်းမွန်ဖို့
အတွက်ဖွင့်တာပါ။”
နယ်စပ်ဂိတ်ဖွင့်ပွဲ အခမ်းအနားသို့
မြန်မာအာဏာပိုင်များ
တက်ရောက်လာခြင်းမရှိဘဲ မြန်မာဘက်မှ နယ်စပ်ဂိတ်
ကို
ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။
မြန်မာအာဏာပိုင်ဘက်မှ
ဂိတ်မဖွင့်သည့်အကြောင်းရင်းကို
မသိရသေးသော်လည်း ထိုင်းဖက်မှ နှစ်နိုင်ငံ ကုန်
သွယ်မှု
စီးပွားရေး
ကူးသန်းရောင်းဝယ်လိုကြောင်း၊
ယခင် ကတည်းက ကုန်သွယ်မှုလမ်းကြောင်း
ကောင်းခဲ့ ကြောင်း
ကျေးရွာအုပ်စုအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ
နန်းဖီဆွန်ထွမ်စီက ဆက်ပြောသည်။
ယင်းနယ်စပ်ဂိတ်ကို မြန်မာဖက်က မဖွင့်လှစ်သော်လည်း ထိုင်းနိုင်ငံဖက်မှ ၂လ
ကြာ
စောင့်ဆိုင်းဖွင့်လှစ် သွား
မည်ဟု
သိရသည်။
ယနေ့စတင်ဖွင့်လှစ်လိုက်သော
နယ်စပ်ဈေးအခြေအနေကို ဒေသခံတဦးက ယခုလို ပြောပြသည်။
“ဆိုင်ဖွင့်တဲ့နေရာကတော့
လူတွေက တအားများသွားတယ်။
လူတအားများသွားတော့ သူတို့က
မဲ
နှိုက်ခိုင်းတယ်။
မဲနှိုက်ပြီးတော့
ဘတ်(လက်မှတ်)ရတဲ့လူ ရမှာပေါ့ဗျာ။
နေရာကလည်း သိပ်မကျယ်ဘူး
ဆိုတော့
သိပ်အများကြီး
မရှိဘူး။
ဆိုင်ခန်းကတော့ နှစ်ရာ၊
သုံးရာလောက်တော့ ရှိမယ်ထင်တယ်။
နေရာတွေက
ချပေးထားတဲ့ နေရာတွေက နှစ်ရာ၊
သုံးရာလောက်ရှိတယ်။
ကားထိုးထားတဲ့နေရာတွေ
လည်း
ချထားပေးတယ်။”
၂၀၀၂ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်းတို့
တိုက်ပွဲဖြစ်ပွားပြီး
နောက်ပိုင်း
နောင်
အုပ်-ပုံပါကျင်
နယ်စပ်ဂိတ်ကို နှစ်နိုင်ငံက ပိတ်ပစ်ခဲ့ပြီး
ယမန်နှစ်က ထိုင်းဖက်မှ ဖွင့်လှစ်ရန်ကြိုးစားခဲ့သော်လည်း
မြန်မာဖက်မှ ပြန်လည်ဖွင့်လှစ်ခြင်းမရှိခဲ့ပေ။
ယခု ပြန်လည်ဖွင့်လှစ်ထားသည့် ဘီပီ ၀မ်းဂိတ်သည် ၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး
ဂိတ်ဖွင့်စဉ်က မြန်မာ
နိုင်ငံမှ
ကျွဲ၊
နွား၊
သစ် နှင့် အခြားစားသောက်ကုန်များကို ထိုင်းဖက်သို့
တင်သွင်းရောင်းချကြကာ
ထိုင်း
နိုင်ငံဖက်မှ
လူသုံးကုန်ပစ္စည်း၊
စားသောက်ကုန်များကို နယ်စပ်ဂိတ်မှတဆင့် ရှမ်းပြည်အတွင်းပိုင်းသို့
တင်ပို့ခဲ့
သည်။
|