|
တရုတ်ကုန်ပစ္စည်းများ ဖမ်းဆီးမှု၊
တားဆီးပိတ်ပင်မှု ပိုမိုလုပ်လာ၊ အတက်အဆင်းကားများလည်း နည်းပါးသွား
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ
၃၁ ရက်၊ ၂ဝဝ၉ ခုနှစ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်အား တရုတ်ဘက်မှ မှောင်ခို
တင်သွင်းနေသည့် ကုန်
ပစ္စည်းအား ဖမ်းဆီးမှုနှင့် တားဆီး ပိတ်ပင်မှုများ ပိုမိုလုပ်လာ နေသည်။
ယခုဇူလိုင်လ(၁၁)ရက်နေ့က ဒု-ဗိုလ်ချုပ်မှူးကြီး
မောင်အေး တရုတ်-မြန်မာနယ်စပ်သို့ လာလည်ပြီးနောက်ပိုင်း
ပိုမိုလုပ်လာခြင်းဖြစ်သည်။
ယခင်က
တပိုင်တနိုင်ကုန်သွယ်မှုအား အထိုက်အလျောက် ခွင့်ပြုထားခဲ့သည့် လွယ်ဂျယ်မှ တဆင့်
ဗန်းမော်သို့ လည်းကောင်း၊ နမ်းခမ်း၊ မန်ဝိန်းကြီးမှတဆင့် ဗန်းမော်သို့
လည်းကောင်း၊ လိုင်ဇာမှ ဗန်းမော်နှင့် မြစ်ကြီးနားသို့ သွားသည့် လမ်းများတွင်
တရုတ်ဘက်မှ ကုန်ပစ္စည်းများတင်သွင်းမှုကို ပိတ်ပင်ထားခြင်း၊ ဖမ်းဆီးခြင်းများ
လုပ်လာ သည်ဟု ကုန်သည်များက ပြောသည်။
လိုင်ဇာဘက်မှ
တရုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားများကို လဂျားယန် ဂိတ်မှ
အဝင်မခံသည့် အပြင် ခရီးသည်တင်ကားများဖြင့် တပိုင်
တနိုင်တင်ဆောင်မှုများကို လည်း ဖမ်းဆီးနေသည်ဟု လိုင်ဇာ
ဒေသခံ တဦးက ပြောသည်။
“အခုလလယ်ပိုင်းလောက်ကတော့
ကားတွေ လဂျားယန်ကို ကျော်လို့မရတော့ဘူး။ အလွတ် ဆိုရင်
တော့ ရတာပေါ့။ ဟိုင်းလတ်တို့၊ ဖိုးဝီးတို့ ခရီးသည်တင်ကားတွေမှာ ဟိုတုန်းကလို
နည်းနည်းပါးပါး သယ်လို့မရတော့ဘူး။ အခုရက်ပိုင်း ပိုကျပ်နေတယ်။ ကားသမားတွေက လည်း
ကုန်ရမှ ကိုက်တာကိုး။ ဒီတော့ ကားတွေလည်း အတက်၊အဆင်း သိသိသာသာ နည်းသွားတယ်။”
လွယ်ဂျယ်မှ
ထွက်လာသည့်ကားများကိုလည်း တရုတ်ကုန်ပစ္စည်းတင်ဆောင်ခွင့် ပိတ်ထား သည့်အတွက်
မှန်လုံ
နှင့်
ဟိုင်းလတ်ကားများ ပြေးဆွဲမှု ထက်ဝက်ကျော်
လျော့နည်းသွား သည်ဟု
လွယ်ဂျယ်တဖက်ကမ်း၊ တရုတ်
ပြည် လားရင်းဒေသခံတဦးက ပြောသည်။
“ကားက
အရမ်းနည်းသွားတာ။ ကျန်းဖုန်းဘက်ကနေ သွင်းနေတဲ့ တရုတ်ပိတ်အုပ်တို့၊ အဝတ်အထည်
တို့၊ ဆေးဝါးတို့ လူသုံးကုန်တွေ ဘာဆိုဘာမှ သယ်လို့မရဘူး။
ခရီးသည် တွေချည်းဆို ကားသမား လည်း မကိုက်ဘူး။
ခရီးသည်ဆို တာကလည်း ကုန်သည်တွေ ဘဲရှိတာ။ အဆင်းကုန် မသယ်ရတော့ ကုန်သည်တွေလည်း
နည်းသွားတယ်။ အတက်ကုန် ဆိုရင် ဆန်တို့၊ ဆန်ကွဲတို့၊ စားသောက်ကုန်တို့ကို
လွယ်ဂျယ်၊ လားရင်းတို့ဘက် လာရောင်း၊ အပြန်မှာ တရုတ်ပစ္စည်း ပြန်သယ်။ အဲဒါ
မရဘူးဆိုတော့ ကားကော၊ ကုန်သည်ကော အရမ်းနည်းသွားတယ်။”
တရုတ်-မြန်မာ နယ်စပ် နမ်းခမ်းနှင့် မန်ဝိန်းကြီးမှတဆင့် ဗန်းမော်သို့
သွားရာလမ်းတွင် ဗန်းမော်ခရိုင် အာဏာ
ပိုင်များက ကိုက်ထိပ်ကျေးရွာအထိ တက်ရောက်ကာ ဖမ်းဆီးနေ၍ အဆိုပါ လမ်းကြောင်းတွင်
လုပ်ကိုင်စား နေသည့် ဒေသခံကုန်သည်များ အခက်တွေ့
နေကြရသည်ဟု ကုန်သည်များက ပြောသည်။
တရုတ်ပြည်၊
ကျယ်ဂေါင်တဆင့် မြန်မာပြည်အလယ်ပိုင်းသို့ ဆိုင်ကယ်မှောင်ခို တင်သွင်းမှု များကို
ဖမ်းဆီး၊ ငွေ
တောင်းမှုများရှိရာ ယခုလ(၂၇)ရက်နေ့တွင် (၁ဝ၅)မိုင်အနီး၌ ဒေသခံရဲ နှစ်ဦးက
ဆိုင်ကယ်ကယ်ရီသမား ဆယ်
ဦး
ခန့်အား တားဆီးပြီး ငွေတောင်းရာမှ ပြဿနာ ဖြစ်ခဲ့သည်ဟု မူဆယ်ဒေသခံတဦးက
ပြောသည်။
“တောင်းတာများလာလို့
ဆိုင်ကယ်သမားတွေလည်း အခုက သိပ်မကိုက်တော့ဘူ။ ကျောက်ဆည်၊ မုံရွာအထိ သွားနိုင်မှ
နှစ်သောင်း လောက်ကျန်တယ်။ လားရှိုး တင် လောက်ဆို
ထောင်ပိုင်းဘဲ ကျန် တာတဲ့။ အဲလိုအချိန်မှာ ရဲနှစ်ယောက်က
သွားပြီး ဖမ်းမယ် ဆီးမယ်လုပ်ရာက ဟိုက ပြန်ချမယ်လုပ်
တော့ ရဲနှစ်ယောက် ထွက်ပြေးလာခဲ့တာတဲ့။”
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက မူဆယ်(၁ဝ၅)မိုင်ဇုန်သို့ အခုလ(၁၁)ရက်နေ့က
ရောက်ရှိ လာစဉ် တရားဝင် ကုန်သွယ်ခွင့်ပြုထားပြီဖြစ်၍
မှောင်ခိုကုန်သွယ်မှုမရှိသင့်တော့ကြောင်း၊ အခွန်ဆောင်ပြီးရောင်းဝယ်တတ် လာ
အောင် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဝန်ထမ်းများ က
ဝိုင်းဝန်းထိန်းသိမ်းပညာပေးကြရန် မှာကြားသွားသည်။
|