|
နအဖတပ် စစ်ပြေးဆယ်ဦးခန့်ကို တရုတ်ဘက်က ဖမ်းပြီး လွှဲပေး
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၃၁ ရက်၊ ၂ဝဝ၉ ခုနှစ်။
မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်လက်အောက်ခံ ဗန်းမော်ခရိုင်အတွင်းရှိ စစ်တပ်များမှ ထွက်ပြေး လာသည့်
စစ်သား ဆယ်ဦးခန့်ကို ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တဖက်ကမ်း တရုတ်ပြည်
ကျန်းဖုန်းဒေသအတွင်း ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်သို့ အခုလ(၂၉)ရက်နေ့တွင်
ပြန်လည် လွှဲပြောင်းပေးလိုက်သည်။
ဗန်းမော်နှင့်
မံစီအခြေစိုက် တပ်ရင်းများမှ မကြာသေးမီက ထွက်ပြေးလာပြီး ကျန်းဖုန်းဒေသ အတွင်း
လာရောက် အခြေချရန် ပြင်ဆင်နေစဉ် တရုတ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း
ခံခဲ့ရပြီးနောက် ပြန်ပို့ခံရခြင်း ဖြစ်သည်ဟု ကျန်းဖုန်းမြို့မှ မြန်မာတဦးက
ပြောသည်။
“အဲဒီနေ့က
ကားစုစုပေါင်း ခုနှစ်စီးရှိတယ်။ မနက်(၁ဝ)နာရီလောက်မှာ လွယ်ဂျယ်ဘက်ကို နယ်စပ် က
လားရင်း ရွာကနေလွှဲလိုက်တယ်။စစ်ပြေး ဆယ်ယောက်လောက်ရှိတယ်လို့ပြောတယ်။သူတို့က
ဗန်း မော်၊ မံစီဘက်က ပြေးလာတာတဲ့။ ကျန်းဖုန်းမှာ အလုပ်လုပ်မယ်ပေါ့၊ ကြုံရာ
အလုပ်ပေါ့။ တရုတ် စ ကား ကမတတ်၊ နေထိုင်ခွင့်လက်မှတ်တွေ၊ နယ်စပ်ဖြတ်ကျော်
လက်မှတ်တွေလည်းမပါဘူးတဲ့။ ယောင် လည်လည်ဖြစ်နေတုန်းမှာ အားလုံး အဖမ်းခံရပြီး
ပြန်လွှဲပေးတာ။”
မြန်မာစစ်တပ်မှ
ထွက်ပြေးပြီး တရုတ်-မြန်မာနယ်စပ်တွင် လာရောက်အခြေချနေသူများ ရှိနေသော်လည်း ယခု
ကဲ့သို့ တရုတ်နယ်စပ်အာဏာပိုင်များက ဖမ်းဆီးပြီး ပြန်ပို့ခြင်းမှာ
ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
|