|
ချင်းနှင့်နအဖ
ငြိမ်းချမ်းရေး
ဆွေးနွေးမှု ရက်ရွှေ့ဆိုင်း
အောင်မိုးမြင့်။
သြဂုတ်လ
၃၁ ရက်၊
၂၀၀၇ ခုနှစ်။
ချင်းအမျိုးသား တပ်ဦး (CNF)
နှင့် မြန်မာစစ်အစိုးရတို့အကြား
ယခုလအကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် နှစ်
ဘက်သဘောတူထားသော်လည်း
အစိုးရဘက်မှ မအားလပ်သဖြင့်
ရက်ရွှေ့ဆိုင်းလိုက်ကြောင်း
CNF မှ ပြောရေး
ဆိုခွင့်ရှိသူက
ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲ
ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကို
CNF မှ
ကိုယ်စားလှယ်အဖွဲ့
ခေါင်းဆောင်
ဒေါက်တာရွှေခါးရ်
မှ ယခုလို
အတည်ပြုပြောသည်။
“ပထမ
ကျနော်တို့
ဆွေးနွေးတုန်းကပေါ့နော်၊
သူတို့ဖက်ကတော့
ကျနော်တို့ကို
ကြိုက်တဲ့အချိန်မှာ
ဆွေးနွေးမယ်။
ကျနော်တို့
အဆင်သင့်ဖြစ်ရင် ဆွေးနွေးမယ်ဆိုပြီးတော့
ပြောထားတယ်။
ဆိုတော့ ကျ
နော်တို့က
အဲ့ဒါကို ပြန်ပြီး
ပြီးခဲ့တဲ့
ဒီဇူလိုင်လ လောက်တုန်းကပေါ့နော့်၊
ဆွေးနွေးဖို့ဆိုပြီးတော့
ကမ်း
လှမ်းခဲ့တယ်။
ဒါပေမဲ့ ဖြစ်သွားတာက သူတို့ဖက်က
အခုတလောကတော့ အလုပ်များနေတဲ့
အတွက်
ကြောင့်
မအားသေးဘူးပေါ့။ တဖက်ကနေ တစ်လ လောက်အတွင်းမှာ သူတို့ဖက်ကနေ
ဘယ်အချိန်
အားမယ် ဆိုတဲ့ဟာကို အကြောင်းပြန်ကြားမယ်ဆိုပြီးတော့
ကျနော်တို့ကို
အဲ့ဒီလို ပြောလိုက်တယ်။”
CNF
နှင့် မြန်မာစစ်အစိုးရအကြား
ဆက်သွယ်ဆောင်ရွက်ပေးနေသော ငြိမ်းချမ်းရေး
အကျိုးဆောင်များက အ
နောက်မြောက်တိုင်းမှူးကို
ဆက်သွယ်ရာတွင် နေပြည်တော်ကတဆင့် ယခုလို အကြောင်းပြန်ကြားလာသည်
ဟု ဒေါက်တာရွှေခါးရ်က
ပြောသည်။
မြန်မာစစ်အစိုးရသည် ယခုလလယ်မှ စတင်၍
လောင်စာဆီဈေးနှုန်းများကို
မြှင့်တင်လိုက်သဖြင့် မြန်မာပြည်
အနှံအပြားရှိ
မြို့ကြီးများတွင်
ကန့်ကွက်ဆန္ဒပြမှုများနှင့်
ရင်ဆိုင်နေရပြီး
ဖွဲ့စည်းပုံအခြေခံ
ဥပဒေရေးဆွဲ
ရေးအတွက် အခြေခံမူချမှတ်ရန်
အမျိုးသားညီလာခံကို နောက်ဆုံးအကြိမ်အဖြစ်
ညောင်နှစ်ပင်စခန်းတွင် ကျင်းပ
နေသည်။
နောက်တကြိမ်ထပ်မံတွေ့ဆုံမည့်
ဆွေးနွေးပွဲတွင် CNF
အဖွဲ့အနေဖြင့်
မြန်မာအစိုးရဘက်မှ အမျိုးသားညီလာခံ
နောက်ပိုင်း
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
ပတ်သက်၍
ပြောင်းလဲလာ
မည့် မူဝါဒသစ်ပေါ် မူတည်၍
ဆွေးနွေးမည်ဖြစ်ကြောင်း
CNF ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်က
ပြောသည်။
“အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့အစည်းတွေကို
သူတို့က
လက်နက်အပ်ဖို့အတွက်
တောင်းဆို
တယ်။
ဒါပေမဲ့ ဘယ်အဖွဲ့ကမှ
အဲ့ဒါကို လက်မခံဘူး။
ဆိုတော့ ကျနော်တို့
အထင်ကတော့ ဒီအမျိုး
သားညီလာခံ
ပြီးလို့ရှိရင်
အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အပေါ်ကို
ပေါ်လစီအသစ်တွေ
ချမှတ်
မယ်လို့
ယူဆတယ်။
ဆိုတော့ အဲ့ဒီ ပေါ်လစီက ဘယ်လိုဖြစ်သွားမလဲတော့ မသိဘူးပေါ့နော်။
အဲ့ဒီပေါ်
လစီ
အပေါ်မှာဘဲ ကျနော်တို့က
ကြည့်ပြီးတော့
ဆွေးနွေးရမှာဖြစ်တယ်။”
ယခုနှစ်
မတ်လ ၁၂ ရက်နေ့က
ထုတ်ပြန်သည့် CNF ကြေညာချက်တွင်
၎င်းတို့နှင့်
လက်တွဲလျှက်ရှိသည့်
ချင်း
အမျိုးသားနိုင်ငံရေးပါတီများ၊
လူငယ်၊
အမျိုးသမီး အပါအ၀င် လူထုအဖွဲ့အစည်းများနှင့်
ချင်းပြည်သူတို့၏
ဆန္ဒ သဘောထားများကို
အလေးထား ဆွေးနွေးသွားမည်ဟု ဖေါ်ပြခဲ့သည်။
မတ်လ ၁၅
ရက်နေ့ကအိန္ဒိယမြန်မာ
နယ်စပ်ဒေသအနီးမှာရှိတဲ့ ရိဒ်ခေါ်ဒါးမြို့သစ်တွင်
ပထမဆုံးအကြိမ်
တွေ့ ဆုံခဲ့ကြကာ
ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များက CNF
နှင့် မြန်မာစစ်အစိုးရ အကြား
တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက်
လွန်ခဲ့သည့် ၁၀နှစ်ကျော်မှစ၍
ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ချင်းအမျိုးသားတပ်ဦးသည် အိန္ဒိယနှင့်
ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသတွင် အခြေပြုပြီး
ချင်းအမျိုးသားတို့၏
ကိုယ် ပိုင်အုပ်ချုပ်ရေးနှင့်
ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၈၈ခုနှစ်မှ စတင်၍
မြန်မာစစ်အစိုးရကို လက်နက်ကိုင်
တိုက်ခိုက်ခဲ့သည်။
|