ကရင်နီဒုက္ခသည်စခန်းတွင် ကြက်ဘဲများရာနှင့်ချီသေဆုံး၊
 ငှက်တုပ်ကွေး ဖြစ် မဖြစ်စစ်ဆေးနေ။

ခွန်အောင်မြတ်။
သြဂုတ်လ ၃၁ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် ၂ တွင် နှစ်ပတ်အတွင်း ကြက်နှင့်ဘဲ အ ကောင် တစ်ရာကျော်သေဆုံးသဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိ၊ မရှိကို တိရိစ္ဆာန် ဆရာဝန်များနှင့် အာဏာပိုင်များက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ကရင်နီဒုက္ခသည်စခန်းကော်မတီ အတွင်းရေးမှူးက ပြောသည်။

ကြက်များသေဆုံးပုံနှင့် ပတ်သက်၍ ကရင်နီဒုက္ခသည်စခန်းကော်မတီ အတွင်းရေးမှူး ကလိုထူးဒိုက ယခုလို ပြောသည်။

“(ဒီလ) ၁၅ ရက်နေ့က စသေတာလေ။ သေတာက ဒီ ၂၃ ရက်နေ့အထိပေါ့။ ဒါပေမယ့် တစ်ကောင် ပြီး တစ်ကောင်ပါ တရက်ထဲနဲ့ အများကြီး သေသွားတာတို့ မဟုတ်ပါဘူး။”

ယမန်နေ့တွင် ထိုင်းအာဏာပိုင်များ၊ မယ်ဟောင်ဆောင်ရှိ တိရိစ္ဆာန်ဆရာဝန်များနှင့် ကရင်နီဒုက္ခသည်စခန်းကို ကျန်းမာရေးနှင့် တခြားလူမှုရေးလုပ်ငန်းများကူညီပေးနေသည့် အဲန်ဂျီအို အဖွဲ့အစည်းများ လာရောက် စစ်ဆေးခဲ့ သည်။

ဒုက္ခသည်စခန်းအတွင်း စစ်ဆေးမှုများပြုလုပ်ပြီး လောလောဆည်တွင် အခြေအနေ စောင့်ကြည့်နေဆဲဖြစ်သည် ဟု ကလိုထူးဒိုကဆက်လက်ပြောသည်။

“တခြားကြက်တွေတော့ သတ်တာမရှိသေးဘူး။ မနေ့ညကပဲ အဲဒီသတင်းတွေရတော့ သူတို့ အဲဒီ ဒီ ကြက်တွေ လာသတ်ဖို့ အစီအစဉ်တွေ လာလုပ်တယ်။ သို့သော်လည်းပဲ တကယ်တမ်း သူတို့ စစ် ဆေးကြည့်တဲ့အခါကျတော့ ဒီကြက်က တခြားရောဂါနဲ့ပဲ သေတဲ့အတွက်ကြောင့်မို့လို့ အဲဒါနဲ့ သူ တို့ မသတ်တော့ဘူး။ သူတို့ လောလောဆယ်ကျတော့ စောင့်ကြည့် နေသေးတာပေါ့ အခြေအနေ ကို။”

မယ်ဟောင်ဆောင်မြို့မှ ကြက်ငှက်တုပ်ကွေးရောဂါကျွမ်းကျင်သူ တိရိစ္ဆာန် ဆရာဝန်က ယနေ့မနက်တွင် သေ သည့်ကြက်များမှာ ကြက်ငှတ်တုတ်ကွေး ဖြစ်၊ မဖြစ် စစ်ဆေးရန် ယူဆောင်သွားခဲ့သည်။

ဒေသခံအာဏာပိုင်နှင့် တိရိစ္ဆာန် ဆရာဝန်ကြီးများက ကြက်ဘဲများကို စစ်ဆေးပြီး စခန်းတခုလုံးကို  ယမန်နေ့ ညတွင် စတင် ပိုးသတ်ဆေးများဖျန်းခဲ့ကာ စခန်းအတွင်း ကြက်၊ ဘဲအသေများတွေ့ရှိပါက စခန်းကော်မတီသို့ ချက်ချင်း အကြောင်းကြားရန်၊ ကြက်များကို တရပ်ကွက်မှ တရပ်ကွက်သို့ ယူဆောင်သွားလာခွင့်မပြုကြောင်း စည်းကမ်းချက် ထုတ်ပြန်ခဲ့သည်။

၂၀၀၃ခုနှင့်၂၀၀၄ ခုနှစ်က ကရင်နီဒုက္ခသည်စခန်းတွင် ကြက်နာကျ၍  ကြက်ကောင်ရေ ထောင်နှင့်ချှီု သေဆုံးခဲ့ ဖူးသည်ဟု စခန်းကော်မတီက ပြောသည်။

အထူးသဖြင့် မိုးရာသီနှင့် ဆောင်းရာသီတွင် ကြက်နာကျ၍ ကြက်ဘဲများ  ရာနှင့်ချီ၍ နှစ်စဉ်သေဆုံးလေ့ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။