|
ပခုက္ကူသံဃာများ အစိုးရ၏ လူထုထောက်ခံပွဲကို ကန့်ကွက်ဆန္ဒပြ
သတင်းနှင့်မီဒီယာကွန်ယက်။
အောက်တိုဘာ ၃၁ရက်၊ ၂၀၀၇ခုနှစ်။
မြန်မာအစိုးရမှ ကမကထပြုကျင်းပသော ပခုက္ကူမြို့မှ လူထုထောက်ခံပွဲကို
ကန့်ကွက်သည့်အနေဖြင့် သံဃာ တော်များက ယနေ့နံနက်တွင် မြို့အတွင်းသို့
စီတန်းလှည့်လညှ်ု မေတ္တာပို့ဆုတောင်းကာ ဆန္ဒပြခဲ့ကြသည်။
သံဃာတော်များ၏ ဆန္ဒပြပွဲကို နံနက် ၉နာရီခန့်တွင် စတင်ခဲ့ပြီး
ဆန္ဒပြရသည့်အကြောင်းကို ဆန္ဒပြပွဲတွင်ပါဝင် ခဲ့သော ပခုက္ကူမြို့မှ သံဃာတော်တပါးက
ယခုလို မိန့်ကြားသည်။
ဦးဇင်းတို့ဒါ ပခုက္ကူမှာ
လူထုထောက်ခံပွဲ အတင်းအဓမ္မလုပ်ခိုင်းနေတာ။ သူတို့က မလိုက်ချင်ဘဲ လိုက်
ခိုင်းလို့ ဦးဇင်းတို့က ဒါ လက်သင့်မခံဘူး။ လက်သင့်မခံတဲ့အတွက် ဦးဇင်းတို့က
ထွက်တာပဲ။
သံဃာတော်များ၏ ဆန္ဒပြပွဲသည် ပခုက္ကူမြို့ဘော်လုံးကွင်းတွင် ယနေ့
နံနက်လေးနာရီခန့်က စတင်၍ ၇နာရီခွဲ ခန့်တွင် ပြီးဆုံးခဲ့သော အစိုးရမှ
ဦးစီးကျင်းပသည့် လူထုထောက်ခံပွဲများ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်သည်။
ဆန္ဒပြပွဲတွင် ပခုက္ကူမြို့၏ အဓိက စာသင်တိုက်ကြီးများဖြစ်သော မဟာဝိဇယရာမတိုက်
(အရှေ့တိုက်)၊ မန္တလေး တိုက် (အနောက်တိုက်)၊ မဟာဝိသုဒ္ဓါရာမတိုက်(
အလယ်တိုက်)နှင့် ဗောဓိမဏ္ဍိုင်တိုက်မှ သံဃာတော်၃၀၀ရာ ခန့် ပါဝင်မေတ္တာပို့
ဆုတောင်းခဲ့ပြီး သံဃာတော်များနောက်မှ ပြည်သူ ၄၀၀ကျော်လိုက်ပါ အားပေးခဲ့သည်။
သံဃာတော်များသည် ဆန္ဒပြလှည့်လည်စဉ် မင်းကွန်းဆရာတော်၏ မေတ္တာပို့နှင့်
မေတ္တာသုတ်များကို ရွတ်ဆိုခဲ့ ကြသည်။
နံနက် ၁၀နာရီခွဲခန့်တွင် သံဃာတော်များသည် ပေါက်လမ်းမှတဆင့် မြို့တွင်းသို့
ကြွချီကာ ဘူတာရုံတွင် လူစုခွဲ ခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်ခဲ့သော
ကိုယ်တော်တပါးက ပြောသည်။
အာဏာပိုင်များက သံဃာတော်များ၏ ဆုတောင်းဆန္ဒပြပွဲကို
တစုံတရာနှောက်ယှက်ဟန့်တားခြင်းမရှိခဲ့ပေ။
အစိုးရမှ ဦးစီးကျင်းပသော လူထုထောက်ခံပွဲအတွက် အတင်းအကျပ်ခေါ်ယူခဲ့သော
ပြည်သူများသည် ပွဲကျင်းပ ရာ ဘော်လုံးကွင်းအထိလိုက်ပါခြင်းမရှိဘဲ လမ်းတ၀က်
အများအပြား လှည့်ပြန်လာခဲ့ကြသည်ဟု သိရသည်။
စက်တင်ဘာလ ၅ရက်နေ့က ပခုက္ကူမြို့မှသံဃာတော်များသည်
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒုက္ခရောက်ရ သော ပြည်သူများအတွက်
မြို့တွင်းသို့ လှည့်လည်၍ ဆုတောင်းမေတ္တာပို့ခဲ့ရာ အာဏာပိုင်များက သေနတ်ပစ်
ဖောက်ဖြိုခွင်းပြီး သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခဲ့သည်။ သံဃာတော်များက
ယင်းကျူးလွန်မှုများအတွက် ၀န်ချတောင်းပန်ရန် အစိုးရကို တောင်းဆိုခဲ့သော်လည်း
အစိုးရက လက်မခံ၍ နိုင်ငံနှင့်အ၀ှမ်းရှိ သံဃာများက အာဏာပိုင်များကို
ပတ္တနိက္ကုဇ္ဖနကံပြု၍ သပိတ်မှောက်ခဲ့သည်။
|