“၀”ခေါင်းဆောင်အား နိုဝင်ဘာ အစောပိုင်းတွင် သင်္ဂြိုလ်မည်

အောင်မိုးမြင့်။
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၀၇ ခုနှစ်။

မကြာမီ ရက်ပိုင်းအတွင်းက ကွယ်လွန်ခဲ့သော “၀” အမျိုးသားအဖွဲ့ချူပ် ခေါင်းဆောင်ဟောင်း တာ့မဟာဆန်း ၏ ဈာပနကို လာမည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောင်းလဲသဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။

မူလက တရုတ်ထုံးစံအရ နိုဝင်ဘာနှောင်းပိုင်းတွင်မှ သင်္ဂြိုလ်ရန် စီစဉ်ထားသော်လည်း ဆုံးဖြတ်ချက်ကို ပြောင်း လိုက်ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြောသည်။

ဟုတ်ပါတယ်၊ ပထမတော့ တရုတ်ထုံးစံနဲ့ သင်္ဂြိုလ်မယ်လို့ ဆုံးဖြတ်ထားကြတာ။ ဒါပေမဲ့ အခုက ဆွေမျိုးတွေလည်း အများကြီးစုံနေကြပြီ၊ ရက်တွေအကြာကြီးမထားချင်တာနဲ့ ရက်ပြန်ကြည့်တော့ ဒီ ၄ ရက်နေ့ တနင်္ဂနွေနေ့လည်း လုပ်လို့ရတယ်၊ ရက်ကောင်းတယ်။ အဲ့ဒါကြောင့် ၄ ရက်နေ့မှာပဲ သဂြိုလ်မှာပါ။ ဗုဒ္ဓဘာသာလိုပဲ စီစဉ်တော့မှာပါ။

ကွယ်လွန်သူ တာ့မဟာဆန်းမိသားစုမှာ မယ်ဟောင်ဆောင်ခရိုင် တရုတ်ဖြူရွာဖြစ်သည့် မယ်အောတွင် နေထိုင် သည့်အလျောက် တရုတ်ထုံးစံအရ သင်္ဂြိုလ်ရန် ရက်မသင့်မြတ်သဖြင့် မူလက နိုဝင်ဘာနှောင်းပိုင်းတွင်မှ သင်္ဂြိုလ် ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော်လည်း တာ့မဟာဆန်းသည် ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သည့်အတွက် ဗုဒ္ဓဘာသာထုံးစံဖြင့်သာ သင်္ဂြိုလ် သွားတော့မည်ဟု ကျန်ရစ်သူ ဇနီး နန်းကြာနုက ပြောသည်။

တာ့မဟာဆန်းသည် အောက်တိုဘာလ ၂၈ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် ချင်းမိုင်မြို့ ဆေးရုံတခုတွင် ကွယ်လွန်သွားခဲ့သည်။

သူ၏ရုပ်အလောင်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၀ပ်ဒ်ထာ့ကဒါ ဘုန်းကြီးကျောင်းတွင် ထားရှိပြီး လာမည့် တနင်္ဂနွေ နေ့ နိုဝင်ဘာ ၄ ရက်တွင် မီးသင်္ဂြိုလ်မည်ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။