|
ကေအဲန်ယူ
တပ်စခန်းကို ဒီကေဘီအေ သိမ်းပိုက်၊ ဒီကေဘီအေ ၇ ဦး ဒဏ်ရာရ
နွယ်လေး။
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူပေါင်းတပ်ဖွဲ့များက
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ (၆) တပ်ရင်း ၂၀၁
စခန်းတခုအား ယနေ့ နံနက်တွင် ထပ်မံဝင်ရောက် ထိုးစစ်ဆင် တိုက် ခိုက်ရာ
တပ်စခန်းကို လက်လွတ်လိုက်ရ သည်ဟု ကေအဲန်ယူက ပြောသည်။
ကေအဲန်ယူ လက်အောက်ခံ
တပ်ရင်း ၂၀၁၊ တပ်ခွဲ ၃ စခန်းကို ဒီကေဘီအေက ယနေ့ နံနက် ၁၁ နာရီတွင် စခန်းသိမ်း
တိုက်ပွဲအဖြစ် ၀င်ရောက် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက် အထွေထွေ
အတွင်းရေး မှူး (၁) ပဒို စောလှငွေက ပြောသည်။
“အခြေအနေကတော့
ပြီးသွားပြီ။ ပွဲကတော့ ပြီးသွားပြီပေါ့။ ပြီးသွားပြီဆိုတာကတော့ ကျနော်တို့ဆီ
မှာ သူတို့က ၀င်လာပြီလေ။ လက်နက်ကြီးနဲ့ ဖိပြီးတော့ နှစ်ဖက်ကနေ
ညှပ်ပြီးဝင်လာတော့ ကျနော် တို့ဆီကလူ ထွက်ပေးလိုက်ရတယ်။ ပြောက်ကြားဆိုတော့
ဒီနေရာက ထွက်ရင် ဒီနေရာပတ်ဝန်းကျင် မှာပဲ ရှိနေကြတော့ ဆက်လှုပ်ရှားရင်
ဆက်ဖြစ်ရင် လည်းဖြစ်မှာပဲ။ လောလောဆယ်ကတော့ စခန်း သိမ်းတိုက်ပွဲပုံစံအနေနဲ့
စခန်းကို ကာကွယ် တာကတော့ ဒီလောက်ပဲ ကာကွယ်နိုင်တယ်။ အဲဒီအတွက် တော့
အရင်းအနှီးနဲ့ မမျှဘူး၊ အင်အား မမျှတော့ ကျနော်တို့ဆီက ထွက်ပေးလိုက်ရတာပေါ့။”
ကေအဲန်ယူ၏ တပ်ရင်း
၂၀၁၊ တပ်ခွဲ ၃ စခန်း ဖလယ်လော်ဆယ်သည် မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၁၄၀
အကွာတွင် တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ် အုန်းဖန်မြို့ နယ်
မယ်ပလောခီးကျေးရွာအနီးတွင် ရှိသည်။
ရေရှည်
ထိုးစစ်ဆင်မှုဖြစ်ပွားပါက ကျေးရွာလူထုများ ကူးသန်းသွားလာမှု၊ စိုက်ပျိုးလုပ်ကိုင်
စားသောက်မှုနှင့် နေ့စဉ်ဘ၀ကို ထိခိုက်လာနိုင်သည်ဟု ပဒို စောလှငွေ ကပြောသည်။
“ပြည်သူလူထုကို
ကျနော်တို့ အများကြီးအားနာတယ်။ စစ်ကို ကျနော်တို့က လိုလားတာ မဟုတ်ဘူး။ စစ်ကို
ရှောင်လို့မရပဲ တစ်ဘက်သတ် ထိုးစစ်ဆင်တာကြောင့် မမျှတတဲ့ အင်အားစုနဲ့
ခုခံစစ်ဆင်ရတဲ့ အတွက်ကြောင့် ကြားထဲက မြေစာပင်ဖြစ်တဲ့ ပြည်သူလူထုကို ကျနော်တို့
အများကြီးစာနာတယ်။”
ဒီကေဘီကေ အင်အား ၁၅၀
ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြန်မာအစိုးရပ်တပ်က လက်နက်ကြီးဖြင့်
နောက်တန်းမှ ကူပစ်ပေးသည်ဟု ဆိုသည်။
တပ်စခန်းတခု
ဆုံးရှုံးခံလိုက်ရခြင်းနှင့် ပတ်သက်၍ ပဒိုစောလှငွေက ယခုလို ပြောသည်။
“စခန်းကို
ကိုယ်လုံခြုံရေးယူတဲ့အခါမှာ ဘက်စုံအောင် မယူပဲနဲ့ နောက်ကျောကလည်းပဲ
ထိုင်းဘက်မှာ ဟာနေရင် အချိန်မရွေးဒီဟာကို ထိုင်းကလည်းပဲ လုံခြုံရေးကို
အချိန်ပြည့် တာဝန်မယူထားနိုင်ရင် ကိုယ့်နောက်ကျောက ပေါက်လာနိုင်တယ်။
ထိုနည်းလည်းကောင်းပဲ ကိုယ်က တပ်အင်အား နည်း နည်းနဲ့ ခံစစ်တွေ နည်းနည်း
ခံသွားရလို့ရှိရင် သူများအချိန်မရွေး ၀င်လာလို့ရှိရင် ကိုယ်က ကာကွယ်
ရတဲ့နေရာမှာ ကိုယ်က အဲဒါနဲ့ တန်အောင် ကာကွယ်မှု မလုပ်ထားဘူးဆိုရင်
သူများလွယ်လွယ်နဲ့ ရသွားတယ်ဆိုတဲ့ သင်္ခန်းစာတော့ ရသွားတာပေါ့။”
ဒီကေဘီအေ တပ်ဖွဲ့က
ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကေအဲန်ယူက တပ်စခန်းတခု လက်လွတ်
ဆုံးရှုံးခဲ့ရပြီး ဒီကေဘီအေ တပ်ဖွဲ့မှ ၇ ဦး ဒဏ်ရာရှိသည်ဟု ကေအဲန်ယူက ပြောသည်။
|