ဝန်ကြီးများ အိမ်ယာမှ ၃ ရက်အတွင်း ပြောင်းရန် တပ်မတော် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ မှ ဝန်ကြီးများအား ဝန်ကြီးများ အိမ်ယာမှ ၃ ရက်အတွင်း အပြီးပြောင်းရွှေ့ရန် တပ်မတော်က ပြောသည် ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဒုတိယနေ့တွင် ဝန်ကြီးအချို့အား ပြန်လည်လွတ်ပေးခဲ့ပြီးနောက် ၃ ရက်အတွင်း ပြောင်းရွှေ့ပေးရန် ပြောဆိုထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ကချင်ပြည် နယ်အလုပ်အမှုဆောင် စိုင်းကျော်သူစိုး က ပြောသည်။

“သုံးရက်အတွင်း ပြောင်းရွှေ့ခိုင်းတယ်လို့ ပြောတယ်။ ဝန်ကြီးနှစ်ပါးတော့ ကျန်သေးတယ်လို့ ပြောတယ်။ ဝန် ကြီးချုပ်တော့ အိမ်ရောက်ပြီလို့ ပြောတယ်။ အိမ်ရောက်ပြီဆိုတာက ဒီသူတို့ ထိန်းသိမ်းထားတဲ့နေရာနေပေါ့။ လွှတ်ပေးတာတော့ မဟုတ်သေးဘူး။ အခု တချို့က ပစ္စည်းတွေရွှေ့နေကြတယ်။ တချို့ကတော့ ဒီနေ့ပဲရွှေ့နေ ကြတယ်။ တချို့ ကတော့ မနက်ဖြန်မှ ရွှေ့ ကြမယ်။ သုံးရက်အတွင်းရွှေ့ခိုင်းထားတယ်။ သူတို့နဲ့ လည်း ကျနော် တို့က မတွေ့ရဘူး။ ကျနော်တို့က ဝင်လို့မရဘူးလေနော်” ဟု စိုင်းကျော်သူစိုး က ပြောသည်။

အစိုးရအဖွဲ့မှာ ဝန်ကြီးများ လွတ်မြောက်လာပြီဖြစ်သော်လည်း ယခုအချိန်ထိ တွေ့ခွင့်မရသေးဘူးဟု စိုင်းကျော် သူစိုး က ဆက်ပြောသည်။

“ပြည်နယ်ရုံးကိုတော့ မြင်တဲ့အတိုင်းပဲ သူတို့ ထိန်းသိမ်းထားတာပေါ့နော်။ ပြည်နယ်ဥက္ကဋ္ဌလည်းပါတယ်။ မြို့ နယ်တိုင်း မြို့နယ်တိုင်းမှာ ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့လည်းပါတယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်က ၁၈ မြို့နယ်လုံး ထိန်း သိမ်းထားတယ်ဗျ။ အဲ့ထဲမှာမှ တချို့ပြန်လွတ်တာရှိတယ်။ မလွှတ်သေးတာရှိတယ်။ နာမည်အတိအကျ တော့ ကျနော်လည်း မသိဘူး။ ရွှေကူ၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း အဲ့ဘက်တွေကဆို အခုထိ မလွတ်လာ သေး ဘူး။ ဦးနော်လီနဲ့ ဦးနေဝင်းလည်း မလွတ်သေးဘူး။”

ကချင်ပြည်နယ်အပါအဝင် အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ နှင့် NLD ပါ တီမှာ ထိပ်ပိုင်းခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ထိပ်ပိုင်းခေါင်းဆောင်များလည်း ယနေ့အချိန်ထိ ထိန်းသိမ်းခံထားရ ဆဲဖြစ်သည်။

မြန်မာနိုင်ငံအား တစ်နှစ်တာကာလ အရေးအပေါ် အခြေအနေ ကြေညာပြီးနောက် နိုင်ငံ့အာဏာကို ထိန်းချုပ် ကြောင်း တပ်မတော်က ကြေညာပြီးနောက် ယာယီ သမ္မတ အဖြစ် ဦးမြင့်ဆွေက နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ် ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ ပေးအပ်ကြောင်း သတင်း ထုတ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စု အစိုးရဝန်ကြီးသစ်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ခန့်အပ် တာဝန်ပေး လိုက်သည်။

*** ZAWGYI ***
ဝန္ႀကီးမ်ား အိမ္ယာမွ ၃ ရက္အတြင္း ေျပာင္းရန္ တပ္မေတာ္ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂ ရက္။

ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ မွ ဝန္ႀကီးမ်ားအား ဝန္ႀကီးမ်ား အိမ္ယာမွ ၃ ရက္အတြင္း အၿပီးေျပာင္းေရႊ႕ရန္ တပ္မေတာ္က ေျပာသည္ ကခ်င္ျပည္နယ္ အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ေျပာသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ဒုတိယေန႔တြင္ ဝန္ႀကီးအခ်ိဳ႕အား ျပန္လည္လြတ္ေပးခဲ့ၿပီးေနာက္ ၃ ရက္အတြင္း ေျပာင္းေရႊ႕ေပးရန္ ေျပာဆိုထားသည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ၏ ကခ်င္ျပည္ နယ္အလုပ္အမႈေဆာင္ စိုင္းေက်ာ္သူစိုး က ေျပာသည္။

“သံုးရက္အတြင္း ေျပာင္းေရႊ႕ခိုင္းတယ္လို႔ ေျပာတယ္။ ဝန္ႀကီးႏွစ္ပါးေတာ့ က်န္ေသးတယ္လို႔ ေျပာတယ္။ ဝန္ ႀကီးခ်ဳပ္ေတာ့ အိမ္ေရာက္ၿပီလို႔ ေျပာတယ္။ အိမ္ေရာက္ၿပီဆုိတာက ဒီသူတို႔ ထိ္န္းသိမ္းထားတဲ့ေနရာေနေပါ့။ လႊတ္ေပးတာေတာ့ မဟုတ္ေသးဘူး။ အခု တခ်ိဳ႕က ပစၥည္းေတြေရႊ႕ေနၾကတယ္။ တခ်ိဳ႕ကေတာ့ ဒီေန႔ပဲေရႊ႕ေန ၾကတယ္။ တခ်ိဳ႕ ကေတာ့ မနက္ျဖန္မွ ေရႊ႕ ၾကမယ္။ သံုးရက္အတြင္းေရႊ႕ခိုင္းထားတယ္။ သူတို႔နဲ႔ လည္း က်ေနာ္ တုိ႔က မေတြ႕ရဘူး။ က်ေနာ္တုိ႔က ဝင္လို႔မရဘူးေလေနာ္” ဟု စိုင္းေက်ာ္သူစိုး က ေျပာသည္။

အစိုးရအဖြဲ႕မွာ ဝန္ႀကီးမ်ား လြတ္ေျမာက္လာၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္ထိ ေတြ႕ခြင့္မရေသးဘူးဟု စိုင္းေက်ာ္ သူစိုး က ဆက္ေျပာသည္။

“ျပည္နယ္ရံုးကိုေတာ့ ျမင္တဲ့အတိုင္းပဲ သူတို႔ ထိန္းသိ္မ္းထားတာေပါ့ေနာ္။ ျပည္နယ္ဥကၠ႒လည္းပါတယ္။ ၿမိဳ႕ နယ္တုိင္း ၿမိဳ႕နယ္တိုင္းမွာ ဥကၠ႒တုိ႔၊ အတြင္းေရးမွဴးတို႔လည္းပါတယ္။ တာဝန္ရွိတဲ့ပုဂၢိဳလ္က ၁၈ ၿမိဳ႕နယ္လံုး ထိန္း သိမ္းထားတယ္ဗ်။ အဲ့ထဲမွာမွ တခ်ိဳ႕ျပန္လြတ္တာရွိတယ္။ မလႊတ္ေသးတာရွိတယ္။ နာမည္အတိအက် ေတာ့ က်ေနာ္လည္း မသိဘူး။ ေရႊကူ၊ ပူတာအို၊ မခ်မ္းေဘာ၊ ေနာင္မြန္း အဲ့ဘက္ေတြကဆုိ အခုထိ မလြတ္လာ ေသး ဘူး။ ဦးေနာ္လီနဲ႔ ဦးေနဝင္းလည္း မလြတ္ေသးဘူး။”

ကခ်င္ျပည္နယ္အပါအဝင္ အျခားေသာ တုိင္းႏွင့္ျပည္နယ္အသီးသီးမွ ဝန္ႀကီးခ်ဳပ္မ်ား၊ ဝန္ႀကီးမ်ား ႏွင့္ NLD ပါ တီမွာ ထိပ္ပိုင္းေခါင္းေဆာင္မ်ားအား ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္သည္။ သမၼတဦးဝင္းျမင့္၊ ႏုိင္ငံေတာ္ အတုိင္ ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD ၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ားလည္း ယေန႔အခ်ိန္ထိ ထိန္းသိမ္းခံထားရ ဆဲျဖစ္သည္။

ျမန္မာႏုိင္ငံအား တစ္ႏွစ္တာကာလ အေရးအေပၚ အေျခအေန ေၾကညာၿပီးေနာက္ ႏိုင္ငံ့အာဏာကို ထိန္းခ်ဳပ္ ေၾကာင္း တပ္မေတာ္က ေၾကညာၿပီးေနာက္ ယာယီ သမၼတ အျဖစ္ ဦးျမင့္ေဆြက ႏုိင္ငံ၏ ဥပေဒျပဳေရး၊ အုပ္ ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရး အာဏာမ်ားကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္ လိႈင္ထံ ေပးအပ္ေၾကာင္း သတင္း ထုတ္ခဲ့သည္။

ထို႔ေနာက္ ျပည္ေထာင္စု အစိုးရဝန္ႀကီးသစ္မ်ားကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ က ခန္႔အပ္ တာ၀န္ေပး လိုက္သည္။