ဖမ်းဆီးခေါင်းဆောင်များ ပြန်လွှတ်ရန် နှင့် မြန်မာပြဿနာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းရန် အပစ်ရပ်အဖွဲ့များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။

တပ်မတော်က အာဏာသိမ်းစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခေါင်းဆောင်များကို ပြန်လွှတ် ပေးရန်နှင့် လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကူညီ ဖြေရှင်းပေးရန် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ တိုက်တွန်း တောင်းဆိုလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ယနေ့ ပြုလုပ်သည့် အစည်းအဝေးမှ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ် သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “အဓိကကတော့ ကျနော်တို့ အနေနဲ့ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို အင်အားသုံးဖြေရှင်းတဲ့ ဟာတော့ လက်မခံဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ မူကိုပဲ ကိုင်ထားတယ်ပေါ့ဗျာ။ ဒါကြောင့်ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ ဒါကတော့ ကျနော်တို့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာရှင်းဖို့ ဒါကတော့ ကျနော်တို့ အဓိက တောင်းဆိုတာ ပေါ့” ဟု ပြောသည်။

ယနေ့ ကျင်းပခဲ့သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် အချက် ၇ ချက်ကို တောင်းဆို ထားပြီး အဆိုပါအချက်များထဲတွင် လက်ရှိနိုင်ငံရေး အကြပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာ သိမ်းယူနေသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုသည်ဟု ထည့်သွင်းထား သည်။

လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းရန်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင် ဖြေရှင်းပေးရန် PPST ၏ ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။

“အဲဒီတစ်ချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီနေ့ပဲ ထိုင်ပြီလေ ဒီနေ့ မနက်ဖြန် ဆုံးဖြတ်ချက် တွေကို ကျနော်တို့က အသိအမှတ်ပြု ဆုံးဖြတ်ချက်တွေကို အတိုင်းလိုက်နာဆောင်ရွက် ဖြစ်အောင် ကျနော် တို့က အားပေးမှာပေါ့ဗျာ။ ကျနော်တို့ကတော့ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသုက္ခ ရောက်နေတဲ့ ပြည်သူ လူထု တွေနဲ့အတူပေါ့ ကျနော်တို့ကလည်း ပူးပေါင်းဖြေရှင်းမယ်။ ကျနော်တို့လည်း ပူးပေါင်းအဖြေရှာမယ်။ အဲဒါ ကြောင့် နိုင်ငံတကာကလည်း ပါလာဖို့လိုပြီလေ ဒီကိစ္စမှာ နိုင်ငံတကာ မပါပဲနဲ့ ကိုယ့်အချင်းချင်းရှင်း လို့က တော့ လိပ်ပတ်လည်မှာ မဟုတ်ဘူးဆိုပြီး ဒါ နိုင်ငံတကာက ထိထိရောက်ရောက် ပါဖို့ပေါ့ Statement (ကြေညာချက်) လေး ဘာလေးနဲ့ မဟုတ်ပဲနဲ့ Resolution (ဆုံးဖြတ်ချက်) တွေ ဘာတွေ ချပြီးတော့ ပါဖို့ ကျနော်တို့က အဲသလိုဖိတ်ခေါ် ရတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ထို့အပြင် နိုင်ငံရေး ပြဿနာများကို အင်အားသုံးဖြေရှင်းခြင်း မပြုပဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA လမ်းကြောင်း အတိုင်း ရပ် တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တစ်ဖက်က NCA ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် NCA လမ်း ကြောင်းအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပေါ့ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်နားထားလို့ မရဘူး။ ဘယ်လို အခြေအနေမျိုးမှာ မဆို ဒီလုပ်ငန်းက ဆက် လုပ်ရမယ်ဆိုတော့ ဘယ်လိုကာလမျိုးမှာ ဖြစ်ဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့က လက်မ လွတ်ပဲနဲ့ ဆက်လက်ဆောင်ရွက်မယ် ဆောင်ရွက်တဲ့နေရာမှာလည်း NCA သတ်မှတ်ပြဌာန်း ချက်အတိုင်း လုပ်မယ်ပေါ့ ရှေ့လုပ်ငန်းစဉ်ကတော့ အဓိက အဲဒါပါပဲ” ဟုပြောသည်။

ကမ္ဘာ့ ကပ်ရောဂါ COVID- 19 ကြောင့် လည်းကောင်း လက်ရှိ နိုင်ငံရေး ပြဿနာအပေါ် အင်အားသုံး ဖြေရှင်းခြင်းကြောင့် လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံရသော အခက်အခဲများကို သဘောပေါက်နားလည်ပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဖြေရှင်းသွားမည်ဟု PPST က ပြောသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်သည် တရားမျှတမှု မရှိဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အချို့ကို ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ရေးပေးရန် NCA အပစ်ရပ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် အဖွဲ့အစည်း အသီးသီးမှ တပ်မတော်အား တောင်းဆိုထားကြသည်။

*** ZAWGYI ***
ဖမ္းဆီးေခါင္းေဆာင္မ်ား ျပန္လႊတ္ရန္ နွင့္ ျမန္မာျပႆနာကို နိုင္ငံတကာ အသိုင္းအဝိုင္းက ကူညီေျဖရွင္းရန္ အပစ္ရပ္အဖြဲ႔မ်ား ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂ ရက္။

တပ္မေတာ္က အာဏာသိမ္းစဥ္အတြင္း ဖမ္းဆီးထိန္းသိမ္းထားသည့္ ႏိုင္ငံေခါင္းေဆာင္မ်ားကို ျပန္လႊတ္ ေပးရန္ႏွင့္ လက္ရွိ ျမန္မာႏိုင္ငံ၏ ျပႆနာမ်ားကို ႏိုင္ငံတကာ အသိုင္းအ၀ိုင္းမွ ကူညီ ေျဖရွင္းေပးရန္ NCA အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST မွ တိုက္တြန္း ေတာင္းဆိုလိုက္သည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ား ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ၏ ယေန႔ ျပဳလုပ္သည့္ အစည္းအေ၀းမွ တိုက္တြန္းေတာင္းဆိုလိုက္ျခင္းျဖစ္ သည္။

PPST ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ခြန္ဥကၠာ က “အဓိကကေတာ့ က်ေနာ္တို႔ အေနနဲ႔ လက္ရွိ ႏိုင္ငံေရး အၾကပ္အတည္းကို အင္အားသံုးေျဖရွင္းတဲ့ ဟာေတာ့ လက္မခံဘူး။ ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ရွင္းဖို႔ မူကိုပဲ ကိုင္ထားတယ္ေပါ့ဗ်ာ။ ဒါေၾကာင့္ဖမ္းဆီးထားတဲ့ ေခါင္းေဆာင္ေတြကို ႁခြင္းခ်က္မရွိ ျပန္လႊတ္ဖို႔ ဒါကေတာ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းတဲ့ နည္းနဲ႔ ျပႆနာရွင္းဖို႔ ဒါကေတာ့ က်ေနာ္တို႔ အဓိက ေတာင္းဆိုတာ ေပါ့” ဟု ေျပာသည္။

ယေန႕ က်င္းပခဲ့သည့္ PPST ၏ အစည္းအေ၀းအၿပီး ထုတ္ျပန္ခ်က္ထဲတြင္ အခ်က္ ၇ ခ်က္ကို ေတာင္းဆို ထားၿပီး အဆိုပါအခ်က္မ်ားထဲတြင္ လက္ရွိႏိုင္ငံေရး အၾကပ္အတည္းအေပၚ ျမန္မာ့တပ္မေတာ္မွ အာဏာ သိမ္းယူေနသည့္ နည္းလမ္းျဖင့္ ေျဖရွင္းျခင္းကို ဆန္႔က်င္ကန္႔ကြက္ေၾကာင္း ဖမ္းဆီးထိန္းသိမ္းထားေသာ ေခါင္းေဆာင္မ်ား အားလံုးကို ႁခြင္းခ်က္မရွိ အျမန္ဆံုး လႊတ္ေပးရန္ ေတာင္းဆိုသည္ဟု ထည့္သြင္းထား သည္။

လက္ရွိ ျဖစ္ေပၚေနေသာ ျပႆနာမ်ား ေျဖရွင္းရန္အတြက္ ကမၻာ့ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ပါ၀င္ ေျဖရွင္းေပးရန္ PPST ၏ ထုတ္ျပန္ခ်က္ထဲတြင္ တိုက္တြန္းထားသည္။

“အဲဒီတစ္ခ်က္ကေတာ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ဒီေန႔ပဲ ထိုင္ၿပီေလ ဒီေန႔ မနက္ျဖန္ ဆံုးျဖတ္ခ်က္ ေတြကို က်ေနာ္တို႔က အသိအမွတ္ျပဳ ဆံုးျဖတ္ေတြကို အတိုင္းလိုက္နာေဆာင္ရြက္ ျဖစ္ေအာင္ က်ေနာ္ တို႔က အားေပးမွာေပါ့ဗ်ာ။ က်ေနာ္တို႔ကေတာ့ ျပည္တြင္းမွာရွိတဲ့ ဒုကၡသုကၡ ေရာက္ေနတဲ့ ျပည္သူ လူထု ေတြနဲ႔အတူေပါ့ က်ေနာ္တို႔ကလည္း ပူးေပါင္းေျဖရွင္းမယ္။ က်ေနာ္တို႔လည္း ပူးေပါင္းအေျဖရွာမယ္။ အဲဒါ ေၾကာင့္ ႏိုင္ငံတကာကလည္း ပါလာဖို႔လိုၿပီေလ ဒီကိစၥမွာ ႏိုင္ငံတကာ မပါပဲနဲ႔ ကိုယ့္အခ်င္းခ်င္းရွင္း လို႔က ေတာ့ လိပ္ပတ္လည္မွာ မဟုတ္ဘူးဆိုၿပီး ဒါ ႏိုင္ငံတကာက ထိထိေရာက္ေရာက္ ပါဖို႔ေပါ့ Statement (ေၾကညာခ်က္) ေလး ဘာေလးနဲ႔ မဟုတ္ပဲနဲ႔ Resolution (ဆံုးျဖတ္ခ်က္) ေတြ ဘာေတြ ခ်ၿပီးေတာ့ ပါဖို႔ က်ေနာ္တို႔က အဲသလိုဖိတ္ေခၚ ရတာ ျဖစ္ပါတယ္” ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာ က ေျပာသည္။

ထို႔အျပင္ ႏိုင္ငံေရး ျပႆနာမ်ားကို အင္အားသံုးေျဖရွင္းျခင္း မျပဳပဲ ၿငိမ္းခ်မ္းေသာနည္းလမ္းျဖင့္ ေတြ႕ဆံု ေဆြးေႏြးအေျဖရွာရန္ တိုက္တြန္းေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို NCA လမ္းေၾကာင္း အတိုင္း ရပ္ တည္ၿပီး NCA-S EAO မွ ေဆာင္ရြက္သြားမည္ဟု PPST ေျပာေရးဆိုခြင့္ရွိသူ က ဆိုသည္။

ဗိုလ္မႉးႀကီး ခြန္ဥကၠာ က “တစ္ဖက္က NCA ထိုးထားတဲ့ အဖြဲ႔ျဖစ္တဲ့အတြက္ NCA လမ္းေၾကာင္းအတိုင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို က်ေနာ္တို႔ ဆက္လက္ ေဆာင္ရြက္သြားမွာေပါ့ဗ်ား။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္က ရပ္နားထားလို႔ မရဘူး။ ဘယ္လို အေျခအေနမ်ိဳးမွာ မဆို ဒီလုပ္ငန္းက ဆက္ လုပ္ရမယ္ဆိုေတာ့ ဘယ္လိုကာလမ်ိဳးမွာ ျဖစ္ျဖစ္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကိုေတာ့ က်ေနာ္တို႔က လက္မ လြတ္ပဲနဲ႔ ဆက္လက္ေဆာင္ရြက္မယ္ ေဆာင္ရြက္တဲ့ေနရာမွာလည္း NCA သတ္မွတ္ျပဌာန္း ခ်က္အတိုင္း လုပ္မယ္ေပါ့ ေရွ႕လုပ္ငန္းစဥ္ကေတာ့ အဓိက အဲဒါပါပဲ” ဟုေျပာသည္။

ကမၻာ့ ကပ္ေရာဂါ COVID- 19 ေၾကာင့္ လည္းေကာင္း လက္ရွိ ႏိုင္ငံေရး ျပႆနာအေပၚ အင္အားသံုး ေျဖရွင္းျခင္းေၾကာင့္ လည္းေကာင္း၊ ျပည္သူလူထုတစ္ရပ္လံုး ေတြ႕ၾကံဳရေသာ အခက္အခဲမ်ားကို သေဘာေပါက္နားလည္ၿပီး ျပည္သူလူထုႏွင့္အတူ ပူးေပါင္းေျဖရွင္းသြားမည္ဟု PPST က ေျပာသည္။

NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွာ ျမန္မာ ႏိုင္ငံ လုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ခ်င္း အမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္ တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲရလဒ္သည္ တရားမွ်တမႈ မရွိဟုဆိုကာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ တပ္မေတာ္က အာဏာသိမ္းယူခဲ့ၿပီး အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ တက္ႂကြလႈပ္ရွားသူ အခ်ိဳ႕ကို ဖမ္းဆီးထိမ္းသိမ္းထားခဲ့ၾကသည့္အတြက္ အျမန္ဆံုး ျပန္လႊတ္ေရးေပးရန္ NCA အပစ္ရပ္ ထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ားအျပင္ အဖြဲ႔အစည္း အသီးသီးမွ တပ္မေတာ္အား ေတာင္းဆိုထားၾကသည္။