ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းရန် KCG တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်။

နေပြည်တော်တွင် တပ်မတော်က အာဏာသိမ်းယူမှု ဖြစ်ပွားချိန်တွင် KNU ထိန်းချုပ်နယ်မြေများကို ကာ ကွယ်ရန်အတွက် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများ တစ်စုတည်းပြန်လည်ပေါင်းစည်းရန် KNU Concerned Group က တိုက်တွန်း တောင်းဆိုလိုက်သည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ကရင်နယ် ခြားစောင့်တပ် BGF တို့ကို KNU/KNLA နှင့် ပြန်လည်ပူးပေါင်းရန် KNU Concerned Group က တိုက်တွန်း တောင်းဆိုထားခြင်း ဖြစ်သည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအ ကျင်း အခြေအနေများကြောင့် တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းရန် လိုအပ်သည့်အတွက် တိုက် တွန်း တောင်းဆိုရခြင်း ဖြစ်သည်ဟု KUN Concerned Group က ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ (ဟောင်း) ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

“အခုအချိန်မှာကတော့ ကျမတို့ အထူးသဖြင့်ပေါ့ ကျမတို့ ကရင်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေရယ်၊ အရင်က ကျမတို့ အုပ်ချုပ်ရေးနယ်မြေကို ကျမတို့ ချထားတဲ့ ကော်သူးလေ နယ်မြေကို ကျမတို့ ကာကွယ်ပြီးဖို့ ကာကွယ်ပြီးတော့ အုပ်ချုပ်ရေးစနစ်ကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ထိန်းသိမ်း ကာ ကွယ်ဖို့ လိုအပ်နေတယ်။ အဲဒါကြောင့် ကျမတို့ ဖော်ပြတာဖြစ်တယ်။ အဲဒါကြောင့် ကျမတို့ ကရင်လက်နက် ကိုင် အဖွဲ့အစည်းအသီးသီးကပေါ့လေ ဒါကို အရေးကြီးတဲ့ အချိန်အခါဖြစ်တယ်။ ပြည်သူလူထုကို ကျမတို့ အုပ်ချုပ်ရေးနယ်မြေကို အုပ်ချုပ်ရေး စနစ်တွေကို ကာကွယ်နိုင်ဖို့အတွက်ပေါ့ အဲဒါ KNLA နဲ့ ပြန်လည် ပူး ပေါင်းဖို့ အဲဒါကလည်း ကျမတို့ တောင်းဆိုတာ ဖြစ်တယ်။”

ရွေးကောက်ပွဲတွင် အနိုင် ရရှိထားသည့် NLD အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက် သည့်အ ပေါ် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့ KNU Concerned Group ၏ ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အတူ တပ်မတော်မှ ယခုကဲ့သို့ စစ်အာဏာ သိမ်း၍ ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေး လုပ်ငန်းများကို မိမိ တို့ KNU Concerned Group မှ လုံးဝလက်မခံကြောင်းနှင့် ကရင့်တော်လှန်ရေး နယ်မြေအတွင်း မိမိတို့ KNU ကရင်အမျိုးသား အစည်းအရုံးမှ ချမှတ်ခဲ့သည့် ကော်သူးလေ အုပ်ချုပ်ရေး စနစ်နှင့်အညီ ကိုယ်ပိုင်ပြ ဌာန်းခွင့်ကို အခြေခံ၍ ဆောင်ရွက်ထိန်းသိမ်း ကာကွယ်သွားမည် ဖြစ်ပါသည်ဟု KNU Concerned Group ထုတ်ပြန်ချက် ဆိုသည်။

“KNU နယ်မြေမှာရှိနေတဲ့ တပ်မဟာ ၇ ခုရှိတာပေါ့ တပ်မဟာ ၇ ခု ခရိုင် ၇ ခုမှာ တစ်ချို့က တပ်မဟာ ၄ မှာ ဆိုရင် တနင်္သာရီတိုင်းမှာ ရှိနေတာပေါ့လေ ဒါပေမယ့် ကရင်အများစု နေထိုင်တဲ့ ဒေသတွေဖြစ်တယ်။ တပ် မဟာ ၃ မှာ ဆိုရင်လည်း တကယ်ကြည့်မယ်ဆိုရင်လည်း အရင်က အစိုးရက လုပ်ခဲ့တာတော့ ဒါက ပဲခူး တိုင်းဒေသဖြစ်တယ်။ ဒါပေမယ့် ကျမတို့ KNU အုပ်ချုပ်ရေးစနစ်ကို ဖော်ပြတာကတော့ ဒါကတော့ ကျမတို့ KNU အုပ်ချုပ်မှုအောက် မှာရှိတယ်။ ကျမတို့ ပြောတာ KNU အုပ်ချုပ်မှုက ကော်သူလေး အုပ်ချုပ်မှု အောက်မှာရှိတယ်။ အဲဒါ တပ်မဟာ အသီးသီးတွေက ကရင်ပြည်နယ် တစ်ခုတည်း မဟုတ်ပေမယ့် ဒါက တော့ ကျမတို့ အုပ်ချုပ်ရေးစနစ်ကို KNLA က ချထားတာ ဖြစ်တယ်။ ကော်သူးလေ အုပ်ချုပ်မှု စနစ်ပေါ့ ဒါကို ကျမတို့ ပြောချင်တာဖြစ်တယ်။ အဲဒါကြောင့် ဒါကိုလည်း အရင်က အုပ်ချုပ်မှုစနစ်ကို ဒါကိုပြန်ပြီးတော့ ကျမတို့ ဒါကိုထိန်းသိမ်း ဖို့ အဲဒါကျမတို့ ပြောတာဖြစ်တယ်” ဟု ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

ထို့အပြင် တပ်မတော်မှ စစ်အာဏာသိမ်းသည့် စစ်အစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းများမှ အသိ အမှတ် မပြုပါရန် KNU Concerned Group အလေးအနက်တိုက်တွန်းထားသည်။

ပဒိုနော်စီဖိုးရာစိန်က “နောက်တစ်ချက်ကတော့ ကျမတို့ လက်ရှိ အာဏာရှင်ပေါ့နော စစ်အာဏာရှင်က စစ် အာဏာသိမ်းပြီးတော့ သူတို့ ဖွဲ့ထားတဲ့ အစိုးရ လုပ်ဆောင်ချက် အားလုံးကတော့ ဒါက ကျမတို့ တရားဝင် မှု မဟုတ်ဘူး။ အဲဒါကတော့ ပြည်သူလူထုတွေ အားလုံး ဒါကို ဆန့်ကျင်ပြီးတော့ ကာကွယ်ဖို့ ဒါကို ကျမတို့ တောင်းဆိုတာ ဖြစ်တယ်။ ကျမတို့လည်း ပြည်သူလူထုနဲ့ ရပ်တည်ပြီးတော့မှ အာဏာရှင်စနစ် တွေကို အဲဒါ အားလုံးဆန့်ကျင်ကန့်ကွက်ဖို့ တစ်ခုပြီးတော့ နောက်တစ်ခုကတော့ နိုင်ငံတကာတွေက လက်ရှိမြန်မာပြည် ရဲ့ အာဏာသိမ်းပြီးတော့ ဖွဲ့ထားတဲ့ အစိုးရတွေကို ဒါကို တရားဝင်မှု မဟုတ်ဘူး။ အဲဒါကြောင့် လက်မခံပြီး တော့ ဒါကို တရားဝင်မှု အနေနဲ့ လက်ခံဖို့ မလုပ်ရန် အဲဒါကျမတို့ ဒါကိုလည်း တောင်းဆိုတာဖြစ်တယ်” ဟု ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသော်လည်း အပြုသဘောဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအား ပြင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်မှ စ၍ ရွေးကောက်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် လည်း အပြတ်အသတ်အနိုင်ရခဲ့ကာ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းတွေ့ရသည် ဟု ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

ထို့နည်းအတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှလည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA အပေါ် အခြေခံ၍ နိုင်ငံရေး ဆွေးနွေးပွဲမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း၌လည်းကောင်း NCA စာချုပ်ကို အခြေခံ၍ သော်လည်း ကောင်း ပြင်ဆင်၍ လုံးဝမရနိုင်ကြောင်းကို သက်သေပြနေပြီဖြစ်သည်ဟု KNU Concerned Group ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် KNU Concerned Group ကို ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒို နော်စီဖိုးရာစိန် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော ၎င်း တို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ သဘောထား ထုတ် ပြန်မှု များပြုလုပ်သည့်အဖွဲ့ဖြစ်သည်။

*** ZAWGYI ***
ကရင္လက္နက္ကိုင္အဖြဲ႔အစည္းမ်ား ျပန္လည္ ေပါင္းစည္းရန္ KCG ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၃ ရက္။

ေနျပည္ေတာ္တြင္ တပ္မေတာ္က အာဏာသိမ္းယူမႈ ျဖစ္ပြားခ်ိန္တြင္ KNU ထိန္းခ်ဳပ္နယ္ေျမမ်ားကို ကာ ကြယ္ရန္အတြက္ ကရင့္လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား တစ္စုတည္းျပန္လည္ေပါင္းစည္းရန္ KNU Concerned Group က တိုက္တြန္း ေတာင္းဆိုလိုက္သည္။

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ကရင္နယ္ ျခားေစာင့္တပ္ BGF တို႔ကို KNU/KNLA ႏွင့္ ျပန္လည္ပူးေပါင္းရန္ KNU Concerned Group က တိုက္တြန္း ေတာင္းဆိုထားျခင္း ျဖစ္သည္။

တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာမည့္ ႏိုင္ငံေရး အခင္းအ က်င္း အေျခအေနမ်ားေၾကာင့္ တစ္စုတစ္စည္းတည္း ျပန္လည္ေပါင္းစည္းရန္ လိုအပ္သည့္အတြက္ တိုက္ တြန္း ေတာင္းဆိုရျခင္း ျဖစ္သည္ဟု KUN Concerned Group က ေျပာေရးဆိုခြင့္ရွိသူ ကရင္အမ်ိဳးသား အစည္းအရံုး KNU ဒု-ဥကၠ႒ (ေဟာင္း) ပဒိုေနာ္စီဖိုးရာစိန္ က ေျပာသည္။

“အခုအခ်ိန္မွာကေတာ့ က်မတို႔ အထူးသျဖင့္ေပါ့ က်မတို႔ ကရင္တိုင္းရင္းသား ေတာ္လွန္ေရး အဖြဲ႔အစည္း ေတြရယ္၊ အရင္က က်မတို႔ အုပ္ခ်ဳပ္ေရးနယ္ေျမကို က်မတို႔ ခ်ထားတဲ့ ေကာ္သူးေလ နယ္ေျမကို က်မတို႔ ကာကြယ္ၿပီးဖို႔ ကာကြယ္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးစနစ္ကိုလည္း က်မတို႔ ဆက္လက္ၿပီးေတာ့ ထိန္းသိမ္း ကာ ကြယ္ဖို႔ လိုအပ္ေနတယ္။ အဲဒါေၾကာင့္ က်မတို႔ ေဖာ္ျပတာျဖစ္တယ္။ အဲဒါေၾကာင့္ က်မတို႔ ကရင္လက္နက္ ကိုင္ အဖြဲ႔အစည္းအသီးသီးကေပါ့ေလ ဒါကို အေရးႀကီးတဲ့ အခ်ိန္အခါျဖစ္တယ္။ ျပည္သူလူထုကို က်မတို႔ အုပ္ခ်ဳပ္ေရးနယ္ေျမကို အုပ္ခ်ဳပ္ေရး စနစ္ေတြကို ကာကြယ္ႏိုင္ဖို႔အတြက္ေပါ့ အဲဒါ KNLA နဲ႔ ျပန္လည္ ပူး ေပါင္းဖို႔ အဲဒါကလည္း က်မတို႔ ေတာင္းဆိုတာ ျဖစ္တယ္။”

ေရြးေကာက္ပြဲတြင္ အႏိုင္ ရရွိထားသည့္ NLD အစိုးရထံမွ တပ္မေတာ္က အာဏာသိမ္းယူလိုက္ သည့္အ ေပၚ ျပင္းထန္စြာ ရႈံ႕ခ်ကန္႔ကြက္သည္ဟု ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ KNU Concerned Group ၏ ထုတ္ျပန္ ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ထို႔အတူ တပ္မေတာ္မွ ယခုကဲ့သို႔ စစ္အာဏာ သိမ္း၍ ဖြဲ႔စည္းလိုက္သည့္ အုပ္ခ်ဳပ္ေရး လုပ္ငန္းမ်ားကို မိမိ တို႔ KNU Concerned Group မွ လံုး၀လက္မခံေၾကာင္းႏွင့္ ကရင့္ေတာ္လွန္ေရး နယ္ေျမအတြင္း မိမိတို႔ KNU ကရင္အမ်ိဳးသား အစည္းအရံုးမွ ခ်မွတ္ခဲ့သည့္ ေကာ္သူးေလ အုပ္ခ်ဳပ္ေရး စနစ္ႏွင့္အညီ ကိုယ္ပိုင္ျပ ဌာန္းခြင့္ကို အေျခခံ၍ ေဆာင္ရြက္ထိန္းသိမ္း ကာကြယ္သြားမည္ ျဖစ္ပါသည္ဟု KNU Concerned Group ထုတ္ျပန္ခ်က္ ဆိုသည္။

“KNU နယ္ေျမမွာရွိေနတဲ့ တပ္မဟာ ၇ ခုရွိတာေပါ့ တပ္မဟာ ၇ ခု ခ႐ိုင္ ၇ ခုမွာ တစ္ခ်ိဳ႕က တပ္မဟာ ၄ မွာ ဆိုရင္ တနသၤာရီတိုင္းမွာ ရွိေနတာေပါ့ေလ ဒါေပမယ့္ ကရင္အမ်ားစု ေနထိုင္တဲ့ ေဒသေတြျဖစ္တယ္။ တပ္ မဟာ ၃ မွာ ဆိုရင္လည္း တကယ္ၾကည့္မယ္ဆိုရင္လည္း အရင္က အစိုးရက လုပ္ခဲ့တာေတာ့ ဒါက ပဲခူး တိုင္းေဒသျဖစ္တယ္။ ဒါေပမယ့္ က်မတို႔ KNU အုပ္ခ်ဳပ္ေရးစနစ္ကို ေဖာ္ျပတာကေတာ့ ဒါကေတာ့ က်မတို႔ KNU အုပ္ခ်ဳပ္မႈေအာက္ မွာရွိတယ္။ က်မတို႔ ေျပာတာ KNU အုပ္ခ်ဳပ္မႈက ေကာ္သူေလး အုပ္ခ်ဳပ္မႈ ေအာက္မွာရွိတယ္။ အဲဒါ တပ္မဟာ အသီးသီးေတြက ကရင္ျပည္နယ္ တစ္ခုတည္း မဟုတ္ေပမယ့္ ဒါက ေတာ့ က်မတို႔ အုပ္ခ်ဳပ္ေရးစနစ္ကို KNLA က ခ်ထားတာ ျဖစ္တယ္။ ေကာ္သူးေလ အုပ္ခ်ဳပ္မႈ စနစ္ေပါ့ ဒါကို က်မတို႔ ေျပာခ်င္တာျဖစ္တယ္။ အဲဒါေၾကာင့္ ဒါကိုလည္း အရင္က အုပ္ခ်ဳပ္မႈစနစ္ကို ဒါကိုျပန္ၿပီးေတာ့ က်မတို႔ ဒါကိုထိန္းသိမ္း ဖို႔ အဲဒါက်မတို႔ ေျပာတာျဖစ္တယ္” ဟု ပဒိုေနာ္စီဖိုးရာစိန္ က ေျပာသည္။

ထို႔အျပင္ တပ္မေတာ္မွ စစ္အာဏာသိမ္းသည့္ စစ္အစိုးရအား ႏိုင္ငံတကာ အသိုင္းအဝိုင္းမ်ားမွ အသိ အမွတ္ မျပဳပါရန္ KNU Concerned Group အေလးအနက္တိုက္တြန္းထားသည္။

ပဒိုေနာ္စီဖိုးရာစိန္က “ေနာက္တစ္ခ်က္ကေတာ့ က်မတို႔ လက္ရွိ အာဏာရွင္ေပါ့ေနာ စစ္အာဏာရွင္က စစ္ အာဏာသိမ္းၿပီးေတာ့ သူတို႔ ဖြဲ႔ထားတဲ့ အစိုးရ လုပ္ေဆာင္ခ်က္ အားလံုးကေတာ့ ဒါက က်မတို႔ တရား၀င္ မႈ မဟုတ္ဘူး။ အဲဒါကေတာ့ ျပည္သူလူထုေတြ အားလံုး ဒါကို ဆန္႔က်င္ၿပီးေတာ့ ကာကြယ္ဖို႔ ဒါကို က်မတို႔ ေတာင္းဆိုတာ ျဖစ္တယ္။ က်မတို႔လည္း ျပည္သူလူထုနဲ႔ ရပ္တည္ၿပီးေတာ့မွ အာဏာရွင္စနစ္ ေတြကို အဲဒါ အားလံုးဆန္႔က်င္ကန္႔ကြက္ဖို႔ တစ္ခုၿပီးေတာ့ ေနာက္တစ္ခုကေတာ့ ႏိုင္ငံတကာေတြက လက္ရွိျမန္မာျပည္ ရဲ႕ အာဏာသိမ္းၿပီးေတာ့ ဖြဲ႔ထားတဲ့ အစိုးရေတြကို ဒါကို တရား၀င္မႈ မဟုတ္ဘူး။ အဲဒါေၾကာင့္ လက္မခံၿပီး ေတာ့ ဒါကို တရား၀င္မႈ အေနနဲ႔ လက္ခံဖို႔ မလုပ္ရန္ အဲဒါက်မတို႔ ဒါကိုလည္း ေတာင္းဆိုတာျဖစ္တယ္” ဟု ေျပာသည္။

NLD ပါတီအေနျဖင့္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို လက္မခံေသာ္လည္း အျပဳသေဘာျဖင့္ ၂၀၀၈ ဖြဲ႔ စည္းပံု အေျခခံ ဥပေဒအား ျပင္ႏိုင္ေရးအတြက္ ၂၀၁၂ ခုႏွစ္မွ စ၍ ေရြးေကာက္ပြဲ၀င္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ တြင္ လည္း အျပတ္အသတ္အႏိုင္ရခဲ့ကာ လႊတ္ေတာ္အတြင္း ဖြဲ႔စည္းပံုျပင္ဆင္ေရးကို ႀကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေၾကာင္းေတြ႕ရသည္ ဟု ပဒိုေနာ္စီဖိုးရာစိန္ က ေျပာသည္။

ထို႔နည္းအတူ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားမွလည္း တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA အေပၚ အေျခခံ၍ ႏိုင္ငံေရး ေဆြးေႏြးပြဲမွတစ္ဆင့္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခ ခံဥပေဒကို ျပင္ဆင္ရန္အတြက္ လႊတ္ေတာ္အတြင္း၌လည္းေကာင္း NCA စာခ်ဳပ္ကို အေျခခံ၍ ေသာ္လည္း ေကာင္း ျပင္ဆင္၍ လံုး၀မရႏိုင္ေၾကာင္းကို သက္ေသျပေနၿပီျဖစ္သည္ဟု KNU Concerned Group ေျပာ ေရးဆိုခြင့္ရွိသူက ေျပာသည္။

ၿပီးခ့ဲသည့္ ၂၀၁၇ ခုႏွစ္၊ ဇြန္လပိုင္းတြင္ KNU Concerned Group ကို ေကအဲန္ယူ ဒု-ဥကၠ႒ ေဟာင္း ပဒို ေနာ္စီဖိုးရာစိန္ ဦးေဆာင္ဖြဲ႕စည္းခဲ့ၿပီး ၎အဖြဲ႔အစည္းအေနျဖင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္ေသာ ၎ တို႔၏ စိုးရိမ္ခ်က္မ်ား၊ ရပ္တည္ခ်က္မ်ားကို ႏိုင္ငံေရး အေျခအေနအေပၚမူတည္၍ သေဘာထား ထုတ္ ျပန္မႈ မ်ားျပဳလုပ္သည့္အဖြဲ႕ျဖစ္သည္။