မြစ်ကြီးနား ဆန္ဒပြပွဲ ပင်လုံ ကတိကဝတ် အကောင်အထည်ဖော်ရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ တစ်ရက်ထက်တစ်ရက် ပိုမို အားကောင်းလာနေသည်။

ပြည်ထောင်စုနေ့တွင် လုပ်သည့် စစ်ဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် အာဏာရှင်စနစ်အမြစ်ပြတ် ချေ မှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန် တီးခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဖော်ဆောင်ရေး၊ ၁၉၄၇ ပင်လုံ ကတိကဝတ်ကို အကောင်အထည်ဖော်ရေးနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

မြစ်ကြီးနားမြို့ ခံ လီဆူလူငယ် ငွါးကျော်ထင် က “စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့ပါ။ ကျနော်တို့ရဲ့ Generation အတွက်လည်း အများကြီးပါတာပေါ့၊ အဲ့ဒါ ကြောင့်လည်း ဒီလိုပါဝင်ရခြင်းဖြစ်တယ်။ ဒီ CDM က ကျနော်တို့ရဲ့ နိုင်ကွက်က ဒီတစ်ကွက်ပဲ ရှိတာလေ။ ဒီလှုပ်ရှားမှု မှာ အားလုံးပါဝင်စေချင်ပါတယ်” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်မှုကို ယခုလ ၈ ရက်နေ့ကစတင်ပြီး ဒေသခံတိုင်းရင်းသားလူငယ်များ၊ အစိုးရဝန်ထမ်းများ၊ သံဃာတော် အချို့၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ရပ်မိရပ်ဖ သောင်းချီက ဆန္ဒထုတ်ဖော်နေကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ချီဆက်ဆန္ဒထုတ်ဖော်သူများက မိမိတို့၏ တိုင်းရင်းသားဝတ်စုံများနှင့် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (ယနေ့) တွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိန်းအမှတ်အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် မြစ်ကြီးနားမြို့က ရပ်မိရပ်ဖိ အချို့က ဆန္ဒပြပြည်သူများအား ပဲပြုတ်နှင့် နံပြားများ ဝေငှပေးခဲ့သည်။

မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်သူတစ်ဦး “ပြည်သူတွေ မရွေးပဲနဲ့ ဝန်ကြီးဖြစ်ချင်ရင် ဇာတ်ထဲကို ဝင်လိုက်။ ဇာတ်ထဲ မှာပဲရမယ်လို့။ အပြင်မှာတော့ ဝန်ကြီးလုပ် လို့မရဘူးလို့။ အသိအမှတ်ပြုဘူးပေါ့ကွာ၊ ကျနော်တို့ ပြည်သူတွေရဲ့ ဝန် ကြီးက ကျနာ်တို့ ရင်ထဲမှာ ရှိပြီးသားပဲ” ဟု ပြောသည်။

အလားတူ မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်မှုအစီအစဉ်များတွင် အစိုးရဝန်ထမ်းများလည်း တစ်ရက်ထပ်တစ်ရက်ပိုမို ပါဝင်လာနေကြပြီး CDM လှုပ်ရှားမှုတွင်လည်း တစ်ရက်ထပ်တစ်ရက် ပိုပြီးများလာသည်။

ပညာရေးဝန်ထမ်း ဆရာမဒေါ်ယုကျော် က “ရှင်းပါတယ်။ မတရားတာကို ငြိမ်မခံတတ်တဲ့ စိတ်ဓါတ်ကလေးတွေ အား လုံးမှာ ရှိကြလို့ပါ။ လူတွေဟာ မတရားတာကို မခံတတ်တဲ့စိတ်ဓါတ်ကလေးတွေ အများကြီးတွေ့ရတဲ့ အတွက် ကြောင့်မို့လို့ ဒါဟာ နိုင်ငံ့ရဲ့ ကောင်းကျိုးအတွက် ရော လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်ရော အရာအားလုံး အတွက် ကောင်းမွန်တယ်လို့ မြင်ပါတယ်။ မတရားတာ ကို ငြိမ်ခံနေလို့ရှိရင် ဒါက စိုးရိမ်စရာ၊ မတရားတာကို မတရားကြောင်းပြောမှ မတရားတာကို မတရားကြောင်းမပြော မှ စိုးရိမ်စရာပါ။ လိပ်ပြာလည်း လုံရပါတယ်” ဟု ပြောသည်။

မြစ်ကြီးနားခရိုင်၊ ကျေးလက်လမ်းဦးစီးဌာန က ဝန်ထမ်းတစ်ဦး ကလည်း “ညီမဘာလို့ ပါဝင်ရတာလဲဆိုရင် ဒီစစ်အာ ဏာရှင်က ညီမတို့ ရွေးချယ်တင်မြှောက်ထားတဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အတွက် မကျေနပ်လို့ CDM မှာလည်း ပါ ဝင်နေပြီးတော့ လမ်းပေါ်မှာလည်း ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ စ ဖြစ် ကတည်းက ညီမတို့ ရုံးမတက်ပါဘူး။ အခုအချိန်ထိ လမ်းပေါ်မှာပဲ ညီမတို့ အဖွဲ့တွေ ရှိနေပါတယ်။ အဆုံးအထိ တွေး ထားပါတယ်။ တစ်ခုခု Action ယူတာ ဘာညာဆိုရင်အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ထားပါတယ်။ စိတ် ကိုပဲ ပြင်ဆင်ထားရတာပေါ့။ ညီမတို့က ဘာမှ မရှိဘူးဆိုတော့လေ။ လက်နက်မဲ့ဝန်ထမ်းတွေဆိုတော့” ဟု ပြောသည်။

ပြည်ထောင်စုနေ့တွင် ဆန္ဒထုတ်ဖော်သည့် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူထားသည့် စစ်သားများကို မတွေ့ရ သော်လည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်သားများ လမ်းကြောင်းပိတ်ဆို့မှုများ ရှိနေသည်။

ထို့အပြင် နိုဝင်ဘာလ ၈ ရက်နေ့ နှင့် ၉ ရက်နေ့တို့တွင် ဆန္ဒထုတ်ဖော်သည့် လမ်းကြောင်းတစ်လျှောက် စစ်သားများ၊ ရဲတပ်ဖွဲ့ ဝင်များက လမ်းကြောင်းများကို ပိတ်ဆို့တာတွေရှိခဲ့သည်။ ထိုသို့ပိတ်ဆို့မှုများ ရှိခဲ့သော်လည်း ညှိနှိုင်းအဆင် ပြေခဲ့သည့်အတွက် လမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ မြစ်ကြီးနားမြို့ က ကိုငယ် က “ပြည်သူတွေညီလို့ပါဗျ။ အခုလိုပြန်ဖွင့်ပေးတာကလေ။ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကျနော်တို့ နဲ့ အတူတူ ပူးပေါင်းပါလို့ CDM တောက်လျှောက် လုပ် ပေးပါလို့ ကျနော်တို့ မဲပေးထားတဲ့ အစိုးရကို ပြန်ပေးပါလို့ အခုလိုအဲ့လိုမဟုတ်လို့ မခံမရပ်နိုင်လို့ ဆန္ဒပြတာပါဗျ” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင်စနစ် မုချ ကျဆုံး ပါ စေ၊ ဖမ်းဆီးခံရထားသည့် ခေါင်းဆောင်များ ချက်ချင်းလွှတ်ပေးရန်၊ အာဏာရှင်စနစ်အလိုမရှိ၊ မတရားအာဏာသိမ်း စစ်အစိုးရ အလိုမရှိ၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေး တို့အရေး၊ ဒီမိုကရေစီ အရေး တော်ပုံအောင်ရမည်၊ CDM လုပ်ခြင်းဖြင့် တိုင်းပြည်ကို ကာကွယ်ပါ၊ ငါတို့ခေတ် သမိုင်းမရိုင်းစေနဲ့၊ ဝန်ထမ်းတွေဟာ ပြည်သူနဲ့ အတူရှိတယ်ဆို သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ချီဆက် ဆန္ဒထုတ်ဖော်ခဲ့နေကြသည်။

*** ZAWGYI ***
ျမစ္ႀကီးနား ဆႏၵျပပြဲ ပင္လုံ ကတိကဝတ္ အေကာင္အထည္ေဖာ္ရန္ ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၃ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈမ်ား တစ္ရက္ထက္တစ္ရက္ ပိုမို အားေကာင္းလာေနသည္။

ျပည္ေထာင္စုေန႔တြင္ လုပ္သည့္ စစ္ဏာရွင္စနစ္ ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္မႈတြင္ အာဏာရွင္စနစ္အျမစ္ျပတ္ ေခ် မႈန္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ေပၚထြန္းေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒဖ်က္သိမ္းေရး၊ ကိုယ့္ၾကမၼာကိုယ္ဖန္ တီးခြင့္အျပည့္အဝရွိသည့္ ဖက္ဒရယ္ ျပည္ေထာင္စု ဖြဲ႕စည္းပုံအေျခခံဥပေဒ အျမန္ေဖာ္ေဆာင္ေရး၊ ၁၉၄၇ ပင္လုံ ကတိကဝတ္ကို အေကာင္အထည္ေဖာ္ေရးႏွင့္ မတရားဖမ္းဆီးခံထားရသည့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ခ်က္ခ်င္း လြတ္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

ျမစ္ႀကီးနားၿမိဳ႕ ခံ လီဆူလူငယ္ ငြါးေက်ာ္ထင္ က “စစ္အာဏာရွင္ရဲ႕ အုပ္ခ်ဳပ္မႈကို မႀကိဳက္လို႔ပါ။ က်ေနာ္တို႔ရဲ႕ Generation အတြက္လည္း အမ်ားႀကီးပါတာေပါ့၊ အဲ့ဒါ ေၾကာင့္လည္း ဒီလိုပါဝင္ရျခင္းျဖစ္တယ္။ ဒီ CDM က က်ေနာ္တို႔ရဲ႕ ႏိုင္ကြက္က ဒီတစ္ကြက္ပဲ ရွိတာေလ။ ဒီလႈပ္ရွားမႈ မွာ အားလုံးပါဝင္ေစခ်င္ပါတယ္” ဟု ေျပာသည္။

ဆႏၵထုတ္ေဖာ္မႈကို ယခုလ ၈ ရက္ေန႔ကစတင္ၿပီး ေဒသခံတိုင္းရင္းသားလူငယ္မ်ား၊ အစိုးရဝန္ထမ္းမ်ား၊ သံဃာေတာ္ အခ်ိဳ႕၊ ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ရပ္မိရပ္ဖ ေသာင္းခ်ီက ဆႏၵထုတ္ေဖာ္ေနၾကသည္။ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ျပည္ေထာင္စုေန႔တြင္ ခ်ီဆက္ဆႏၵထုတ္ေဖာ္သူမ်ားက မိမိတို႔၏ တိုင္းရင္းသားဝတ္စုံမ်ားႏွင့္ ခ်ီတက္ဆႏၵ ထုတ္ေဖာ္ခဲ့ၾကသည္။

အလားတူ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ (ယေန႔) တြင္လည္း ဗိုလ္ခ်ဳပ္ေမြးေန႔ အထိန္းအမွတ္အေနျဖင့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈတြင္ ျမစ္ႀကီးနားၿမိဳ႕က ရပ္မိရပ္ဖိ အခ်ိဳ႕က ဆႏၵျပျပည္သူမ်ားအား ပဲျပဳတ္ႏွင့္ နံျပားမ်ား ေဝငွေပးခဲ့သည္။

ျမစ္ႀကီးနားၿမိဳ႕က ဆႏၵထုတ္ေဖာ္သူတစ္ဦး “ျပည္သူေတြ မေ႐ြးပဲနဲ႔ ဝန္ႀကီးျဖစ္ခ်င္ရင္ ဇာတ္ထဲကို ဝင္လိုက္။ ဇာတ္ထဲ မွာပဲရမယ္လို႔။ အျပင္မွာေတာ့ ဝန္ႀကီးလုပ္ လို႔မရဘူးလို႔။ အသိအမွတ္ျပဳဘူးေပါ့ကြာ၊ က်ေနာ္တို႔ ျပည္သူေတြရဲ႕ ဝန္ ႀကီးက က်နာ္တို႔ ရင္ထဲမွာ ရွိၿပီးသားပဲ” ဟု ေျပာသည္။

အလားတူ ျမစ္ႀကီးနားၿမိဳ႕က ဆႏၵထုတ္ေဖာ္မႈအစီအစဥ္မ်ားတြင္ အစိုးရဝန္ထမ္းမ်ားလည္း တစ္ရက္ထပ္တစ္ရက္ပိုမို ပါဝင္လာေနၾကၿပီး CDM လႈပ္ရွားမႈတြင္လည္း တစ္ရက္ထပ္တစ္ရက္ ပိုၿပီးမ်ားလာသည္။

ပညာေရးဝန္ထမ္း ဆရာမေဒၚယုေက်ာ္ က “ရွင္းပါတယ္။ မတရားတာကို ၿငိမ္မခံတတ္တဲ့ စိတ္ဓါတ္ကေလးေတြ အား လုံးမွာ ရွိၾကလို႔ပါ။ လူေတြဟာ မတရားတာကို မခံတတ္တဲ့စိတ္ဓါတ္ကေလးေတြ အမ်ားႀကီးေတြ႕ရတဲ့ အတြက္ ေၾကာင့္မို႔လို႔ ဒါဟာ ႏိုင္ငံ့ရဲ႕ ေကာင္းက်ိဳးအတြက္ ေရာ လူတစ္ဦးတစ္ေယာက္ခ်င္းစီ အတြက္ေရာ အရာအားလုံး အတြက္ ေကာင္းမြန္တယ္လို႔ ျမင္ပါတယ္။ မတရားတာ ကို ၿငိမ္ခံေနလို႔ရွိရင္ ဒါက စိုးရိမ္စရာ၊ မတရားတာကို မတရားေၾကာင္းေျပာမွ မတရားတာကို မတရားေၾကာင္းမေျပာ မွ စိုးရိမ္စရာပါ။ လိပ္ျပာလည္း လုံရပါတယ္” ဟု ေျပာသည္။

ျမစ္ႀကီးနားခ႐ိုင္၊ ေက်းလက္လမ္းဦးစီးဌာန က ဝန္ထမ္းတစ္ဦး ကလည္း “ညီမဘာလို႔ ပါဝင္ရတာလဲဆိုရင္ ဒီစစ္အာ ဏာရွင္က ညီမတို႔ ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ဖမ္းဆီးထိန္းသိမ္းထားတဲ့ အတြက္ မေက်နပ္လို႔ CDM မွာလည္း ပါ ဝင္ေနၿပီးေတာ့ လမ္းေပၚမွာလည္း ဆႏၵထုတ္ေဖာ္ေနတာ ျဖစ္ပါတယ္။ စ ျဖစ္ ကတည္းက ညီမတို႔ ႐ုံးမတက္ပါဘူး။ အခုအခ်ိန္ထိ လမ္းေပၚမွာပဲ ညီမတို႔ အဖြဲ႕ေတြ ရွိေနပါတယ္။ အဆုံးအထိ ေတြး ထားပါတယ္။ တစ္ခုခု Action ယူတာ ဘာညာဆိုရင္အေကာင္းဆုံးျဖစ္ေအာင္ေတာ့ စီစဥ္ထားပါတယ္။ စိတ္ ကိုပဲ ျပင္ဆင္ထားရတာေပါ့။ ညီမတို႔က ဘာမွ မရွိဘူးဆိုေတာ့ေလ။ လက္နက္မဲ့ဝန္ထမ္းေတြဆိုေတာ့” ဟု ေျပာသည္။

ျပည္ေထာင္စုေန႔တြင္ ဆႏၵထုတ္ေဖာ္သည့္ လမ္းေၾကာင္းတစ္ေလွ်ာက္ လုံၿခဳံေရးယူထားသည့္ စစ္သားမ်ားကို မေတြ႕ရ ေသာ္လည္း ေဖေဖာ္ဝါရီလ ၁၃ ရက္တြင္ စစ္သားမ်ား လမ္းေၾကာင္းပိတ္ဆို႔မႈမ်ား ရွိေနသည္။

ထို႔အျပင္ ႏိုဝင္ဘာလ ၈ ရက္ေန႔ ႏွင့္ ၉ ရက္ေန႔တို႔တြင္ ဆႏၵထုတ္ေဖာ္သည့္ လမ္းေၾကာင္းတစ္ေလွ်ာက္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ ဝင္မ်ားက လမ္းေၾကာင္းမ်ားကို ပိတ္ဆို႔တာေတြရွိခဲ့သည္။ ထိုသို႔ပိတ္ဆို႔မႈမ်ား ရွိခဲ့ေသာ္လည္း ညႇိႏႈိင္းအဆင္ ေျပခဲ့သည့္အတြက္ လမ္းအခ်ိဳ႕ကို ျပန္ဖြင့္ေပးခဲ့သည္။

ဆႏၵထုတ္ေဖာ္ရာတြင္ ပါဝင္သူ ျမစ္ႀကီးနားၿမိဳ႕ က ကိုငယ္ က “ျပည္သူေတြညီလို႔ပါဗ်။ အခုလိုျပန္ဖြင့္ေပးတာကေလ။ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြကိုလည္း က်ေနာ္တို႔ နဲ႔ အတူတူ ပူးေပါင္းပါလို႔ CDM ေတာက္ေလွ်ာက္ လုပ္ ေပးပါလို႔ က်ေနာ္တို႔ မဲေပးထားတဲ့ အစိုးရကို ျပန္ေပးပါလို႔ အခုလိုအဲ့လိုမဟုတ္လို႔ မခံမရပ္ႏိုင္လို႔ ဆႏၵျပတာပါဗ်” ဟု ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ ျပဳလုပ္သည့္ စစ္အာဏာရွင္ ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္မႈတြင္ စစ္အာဏာရွင္စနစ္ မုခ် က်ဆုံး ပါ ေစ၊ ဖမ္းဆီးခံရထားသည့္ ေခါင္းေဆာင္မ်ား ခ်က္ခ်င္းလႊတ္ေပးရန္၊ အာဏာရွင္စနစ္အလိုမရွိ၊ မတရားအာဏာသိမ္း စစ္အစိုးရ အလိုမရွိ၊ ဒီမိုကေရစီ စနစ္ ရွင္သန္ခိုင္မာေရး တို႔အေရး၊ ဒီမိုကေရစီ အေရး ေတာ္ပုံေအာင္ရမည္၊ CDM လုပ္ျခင္းျဖင့္ တိုင္းျပည္ကို ကာကြယ္ပါ၊ ငါတို႔ေခတ္ သမိုင္းမ႐ိုင္းေစနဲ႔၊ ဝန္ထမ္းေတြဟာ ျပည္သူနဲ႔ အတူရွိတယ္ဆို သည့္ ဆိုင္းဘုတ္မ်ားကို ကိုင္ေဆာင္ၿပီး ေႂကြးေၾကာ္ကာ ခ်ီဆက္ ဆႏၵထုတ္ေဖာ္ခဲ့ေနၾကသည္။