မြစ်ကြီးနား ဆန္ဒပြပွဲ ဖြိုခွင်းခံရ၊ သံဃာတစ်ပါးနှင့် လူနှစ်ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြထုတ်ဖော်သည့် ပြည်သူများ ဖြိုခွင်းခံရပြီး၊ သံဃာတော်တစ်ပါးနှင့် ဆန္ဒပြပြည်သူထဲမှ နှစ်ဦး အဖမ်းခံခဲ့ရသည်။

စစ်သားများနှင့် ရဲတပ်ဖွဲ့များက ထိုင်သပိတ်တွင်ပါဝင်နေသူများအားလည်း သေနတ်များဖြင့် ချိန်ပြီးကာ ခြိမ်းခြောက် မောင်းထုတ်ခြင်းများ၊ ဆန္ဒပြပွဲတွင် ပါဝင်သူ လူငယ်နှစ်ဦး၊ မန္တလေးကျောင်းတိုက်မှ သံဃာတော်တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး သပိတ်စစ်ကြောင်း၏ ကားတစ်စင်း၊ ဆန္ဒပြလူငယ်များ၏ Song Box များလည်း ယနေ့ တွင် သိမ်းသွားသည်ဟု သိရသည်။

“စစ်တပ်ကလူတွေက တဖြည်းဖြည်းရှေ့ကိုပိုပိုတိုးလာတယ်၊ နောက်ကားတွေထဲက ရဲတွေကလည်း အကာတွေ ဘာတွေနဲ့ နေရာချလာတယ်။ တောင့်ခံပြီးဆက်နေဖို့ လုပ်နေကြသေးတယ်၊ အဲ့မှာ ဆန္ဒပြပြည်သူအချင်းချင်း သူတို့နဲ့ ထိပ်တိုက် မရင်ဆိုင်နဲ့ ငါတို့ တခြားသွားရအောင်ဆိုပြီး ရှောင်ကြတယ်။ ဆိုင်ကယ်နဲ့ပြန်တဲ့ လူတွေ ရှိ တယ်။ အဲ့မှာ ကျန်ခဲ့တဲ့ ပြည်သူတွေကို ရဲတွေက လေးခွနဲ့စပစ်တာ။ ပြီးတော့ လမ်းကိုလည်း လုံးဝပိတ်လိုက် တယ်။ တချို့ကိုလည်း ဖမ်းသွားတယ်” ဟု ပြောသည်။

“ဒီနေ့လည်း ကျနော်တို့က ဘာမှမလုပ်ဘူး။ အေးအေးဆေးဆေးပဲ ထိုင်ပြီး ဆန္ဒပြတာဟုတ်တယ်။ ကျနော်တို့ အား လုံး က အဲ့မှာရှိနေတာ။ သေနတ်ကိုလည်း ပြည်သူဘက်ကိုချိန်တာ၊ မိုးပေါ်ချိန်တာလည်း မဟုတ်ဘူးဗျ။ အဲ့ တော့ ပြည်သူတွေက လန့်ကုန်တာပေါ့။ အဲ့နားမှာ အေးဆေးသီချင်းဆိုတဲ့ လူငယ်တွေရှိတယ် သူတို့ရဲ့ Song Box တွေ လည်း အကုန်သိမ်းသွားတယ်။ တချို့လည်း ပြေးကုန်တယ်။ မပြေးပဲ ကျန်ခဲ့တဲ့လူတွေကိုလည်း လေးခွနဲ့ပစ် တယ်။ အဲ့မှာ ဆန္ဒပြပြည်သူတွေ ဖြိုခွင်းခံလိုက်ရတာပဲ။”

မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်ရှိ မန္တလေးကျောင်းတိုက်က သံဃာတော် ဦးပညာဝံသ ကိုလည်း စစ်သား များ က ၎င်း၏ ကျောင်းတိုက်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု “ဘုန်းဘုန်းကိုတော့ သူ့ရဲ့ကျောင်း တိုက်ကနေလာခေါ်သွားတယ်။ ကားလည်း သိမ်းသွားတယ်။ စစ်သားတွေက ဒီ မန္တလေး ကျောင်းတိုက်ထဲဝင်ပြီး လာဖမ်းသွားတာလို့ ကျနော်တို့ သိထားတယ်။” မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် မြစ်ကြီးနားမြို့ ရှိ အထက (၁) စာသင်ကျောင်းရှေ့ ရှိ ထိုင်သပိတ်ဆန္ဒထုတ်ဖော် နေကြသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက အင်အားသုံးကာ ဖြိုခွင်းခံခဲ့ရသည်ဟု ဆန္ဒပြလူငယ် တစ်ဦးကလည်း ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေကို ရှင်းပြသည်။

“ကျမတို့က ဆန္ဒပြဖို့အတွက် ကျောက်စိမ်းအဝိုင်းပတ်မှာ လူစုနေတုန်း ဒရုန်းက အရင်လာခဲ့တယ်။ အဲ့ဒီမှာ Generation Y တွေ We Want Democracy ဆိုတဲ့စာသားကို ရေးနေကြတာ။ အဲ့အချိန်မှာ စစ်တပ်ကားတွေ အ များကြီးလာခဲ့တယ်။ ရဲကားနှစ်စီး၊ အဲ့နောက်မှာက စစ်တပ်က ကားတွေ ရောက်လာတယ်။ ထ ၁ ရှေ့မှာရပ် နေတော့ ပြည်သူတွေက ဝိုင်းအော်ကြတယ်၊ အဲ့မှာ ဒရုန်းနဲ့ ဓါတ်ပုံတွေဘာတွေလည်း ရိုက်တယ်။ အဲ့ဒါရိုက်ပြီး တာနဲ့ မီးပွိုင့်ဘက်ကို ပြန်သွားလိုက်တယ်။ အဲ့မှာ ဆန္ဒပြတဲ့အထဲကပဲ သူတို့က ဘဏ်အခြေအနေကို လာကြည့် တာတဲ့ ဆိုပြီးပြောတယ်။ အဲ့မှာ အားလုံးကလည်း ဆက်ပြီး လုပ်စရာရှိတာလုပ်ကြတယ် ဆန္ဒထုတ်ဖော်ဖို့ အတွက်။ နောက်ထပ် ၁၅ မိနစ်လောက်ကြတာတော့ ဒရုန်းပြန်လာတယ်၊ ပြီးတာနဲ့ စစ်တပ်ကားတွေထပ် ရောက်လာတယ်။ နောက်တော့ စစ်သားတွေပြေးဆင်းလာတယ်၊ ဒီမှာမနေကြနဲ့ဆိုပြီး အကုန်လုံးကို လိုက် မောင်းထုတ်တယ်။”

မြစ်ကြီးနားမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုလ ၈ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ စစ် အာ ဏာရှင်ဆန့်ကျင်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်များ လွှတ်ပေးရေး၊ ဝန်ထမ်းများ CDM တွင် ပါဝင်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရေး လူငယ်များ၊ ဝန်ထမ်းများ နှင့် ဒေသခံ ပြည်သူ သောင်းနှင့်ချီက ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်။

*** ZAWGYI ***
ျမစ္ႀကီးနား ဆႏၵျပပြဲ ၿဖိဳခြင္းခံရ၊ သံဃာတစ္ပါးႏွင့္ လူႏွစ္ဦး ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၈ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵျပထုတ္ေဖာ္သည့္ ျပည္သူမ်ား ၿဖိဳခြင္းခံရၿပီး၊ သံဃာေတာ္တစ္ပါးႏွင့္ ဆႏၵျပျပည္သူထဲမွ ႏွစ္ဦး အဖမ္းခံခဲ့ရသည္။

စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕မ်ားက ထိုင္သပိတ္တြင္ပါဝင္ေနသူမ်ားအားလည္း ေသနတ္မ်ားျဖင့္ ခ်ိန္ၿပီးကာ ၿခိမ္းေျခာက္ ေမာင္းထုတ္ျခင္းမ်ား၊ ဆႏၵျပပြဲတြင္ ပါဝင္သူ လူငယ္ႏွစ္ဦး၊ မႏၲေလးေက်ာင္းတိုက္မွ သံဃာေတာ္တစ္ဦးတို႔ ဖမ္းဆီးခံခဲ့ရၿပီး သပိတ္စစ္ေၾကာင္း၏ ကားတစ္စင္း၊ ဆႏၵျပလူငယ္မ်ား၏ Song Box မ်ားလည္း ယေန႔ တြင္ သိမ္းသြားသည္ဟု သိရသည္။

“စစ္တပ္ကလူေတြက တျဖည္းျဖည္းေရွ႕ကိုပိုပိုတိုးလာတယ္၊ ေနာက္ကားေတြထဲက ရဲေတြကလည္း အကာေတြ ဘာေတြနဲ႔ ေနရာခ်လာတယ္။ ေတာင့္ခံၿပီးဆက္ေနဖို႔ လုပ္ေနၾကေသးတယ္၊ အဲ့မွာ ဆႏၵျပျပည္သူအခ်င္းခ်င္း သူတို႔နဲ႔ ထိပ္တိုက္ မရင္ဆိုင္နဲ႔ ငါတို႔ တျခားသြားရေအာင္ဆိုၿပီး ေရွာင္ၾကတယ္။ ဆိုင္ကယ္နဲ႔ျပန္တဲ့ လူေတြ ရွိ တယ္။ အဲ့မွာ က်န္ခဲ့တဲ့ ျပည္သူေတြကို ရဲေတြက ေလးခြနဲ႔စပစ္တာ။ ၿပီးေတာ့ လမ္းကိုလည္း လုံးဝပိတ္လိုက္ တယ္။ တခ်ိဳ႕ကိုလည္း ဖမ္းသြားတယ္” ဟု ေျပာသည္။

“ဒီေန႔လည္း က်ေနာ္တို႔က ဘာမွမလုပ္ဘူး။ ေအးေအးေဆးေဆးပဲ ထိုင္ၿပီး ဆႏၵျပတာဟုတ္တယ္။ က်ေနာ္တို႔ အား လုံး က အဲ့မွာရွိေနတာ။ ေသနတ္ကိုလည္း ျပည္သူဘက္ကိုခ်ိန္တာ၊ မိုးေပၚခ်ိန္တာလည္း မဟုတ္ဘူးဗ်။ အဲ့ ေတာ့ ျပည္သူေတြက လန႔္ကုန္တာေပါ့။ အဲ့နားမွာ ေအးေဆးသီခ်င္းဆိုတဲ့ လူငယ္ေတြရွိတယ္ သူတို႔ရဲ႕ Song Box ေတြ လည္း အကုန္သိမ္းသြားတယ္။ တခ်ိဳ႕လည္း ေျပးကုန္တယ္။ မေျပးပဲ က်န္ခဲ့တဲ့လူေတြကိုလည္း ေလးခြနဲ႔ပစ္ တယ္။ အဲ့မွာ ဆႏၵျပျပည္သူေတြ ၿဖိဳခြင္းခံလိုက္ရတာပဲ။”

ျမစ္ႀကီးနားၿမိဳ႕ ရွမ္းစုေတာင္ ရပ္ကြက္ရွိ မႏၲေလးေက်ာင္းတိုက္က သံဃာေတာ္ ဦးပညာဝံသ ကိုလည္း စစ္သား မ်ား က ၎၏ ေက်ာင္းတိုက္တြင္ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားသည္ဟု “ဘုန္းဘုန္းကိုေတာ့ သူ႔ရဲ႕ေက်ာင္း တိုက္ကေနလာေခၚသြားတယ္။ ကားလည္း သိမ္းသြားတယ္။ စစ္သားေတြက ဒီ မႏၲေလး ေက်ာင္းတိုက္ထဲဝင္ၿပီး လာဖမ္းသြားတာလို႔ က်ေနာ္တို႔ သိထားတယ္။” ျမစ္ႀကီးနားၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ တြင္ ျမစ္ႀကီးနားၿမိဳ႕ ရွိ အထက (၁) စာသင္ေက်ာင္းေရွ႕ ရွိ ထိုင္သပိတ္ဆႏၵထုတ္ေဖာ္ ေနၾကသည့္ ျပည္သူမ်ားကို ရဲတပ္ဖြဲ႕ဝင္မ်ား၊ စစ္သားမ်ားက အင္အားသုံးကာ ၿဖိဳခြင္းခံခဲ့ရသည္ဟု ဆႏၵျပလူငယ္ တစ္ဦးကလည္း ၎ႀကဳံေတြ႕ခဲ့ရသည့္ အေျခအေနကို ရွင္းျပသည္။

“က်မတို႔က ဆႏၵျပဖို႔အတြက္ ေက်ာက္စိမ္းအဝိုင္းပတ္မွာ လူစုေနတုန္း ဒ႐ုန္းက အရင္လာခဲ့တယ္။ အဲ့ဒီမွာ Generation Y ေတြ We Want Democracy ဆိုတဲ့စာသားကို ေရးေနၾကတာ။ အဲ့အခ်ိန္မွာ စစ္တပ္ကားေတြ အ မ်ားႀကီးလာခဲ့တယ္။ ရဲကားႏွစ္စီး၊ အဲ့ေနာက္မွာက စစ္တပ္က ကားေတြ ေရာက္လာတယ္။ ထ ၁ ေရွ႕မွာရပ္ ေနေတာ့ ျပည္သူေတြက ဝိုင္းေအာ္ၾကတယ္၊ အဲ့မွာ ဒ႐ုန္းနဲ႔ ဓါတ္ပုံေတြဘာေတြလည္း ႐ိုက္တယ္။ အဲ့ဒါ႐ိုက္ၿပီး တာနဲ႔ မီးပြိဳင့္ဘက္ကို ျပန္သြားလိုက္တယ္။ အဲ့မွာ ဆႏၵျပတဲ့အထဲကပဲ သူတို႔က ဘဏ္အေျခအေနကို လာၾကည့္ တာတဲ့ ဆိုၿပီးေျပာတယ္။ အဲ့မွာ အားလုံးကလည္း ဆက္ၿပီး လုပ္စရာရွိတာလုပ္ၾကတယ္ ဆႏၵထုတ္ေဖာ္ဖို႔ အတြက္။ ေနာက္ထပ္ ၁၅ မိနစ္ေလာက္ၾကတာေတာ့ ဒ႐ုန္းျပန္လာတယ္၊ ၿပီးတာနဲ႔ စစ္တပ္ကားေတြထပ္ ေရာက္လာတယ္။ ေနာက္ေတာ့ စစ္သားေတြေျပးဆင္းလာတယ္၊ ဒီမွာမေနၾကနဲ႔ဆိုၿပီး အကုန္လုံးကို လိုက္ ေမာင္းထုတ္တယ္။”

ျမစ္ႀကီးနားၿမိဳ႕တြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ယခုလ ၈ ရက္ေန႔မွ စတင္ကာ ၁၈ ရက္ေန႔အထိ စစ္ အာ ဏာရွင္ဆန႔္က်င္ေၾကာင္း၊ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ေခါင္းေဆာင္မ်ား လႊတ္ေပးေရး၊ ဝန္ထမ္းမ်ား CDM တြင္ ပါဝင္ေပးေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းေပးေရး လူငယ္မ်ား၊ ဝန္ထမ္းမ်ား ႏွင့္ ေဒသခံ ျပည္သူ ေသာင္းႏွင့္ခ်ီက ဆႏၵထုတ္ေဖာ္ ေတာင္းဆိုေနၾကသည္။