အင်တာနက်လိုင်းများ ကန့်သတ်ခြင်းကြောင့် လူငယ်များ ပညာရေး အခွင့်အရေးဆုံးရှုံးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်။

အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် Facebook လူမှုကွန်ရက် စာမျက်နှာများကို ပိတ်ထားခြင်း သည် လူငယ်များအတွက် အခွင့်အလမ်းများကို ဆုံးရှုံးစေသည်သာမက အခွင့်အရေးချိုးဖောက်ခံရသည့် အနေ အထားမျိုးဖြစ်စေသည်ဟု ကချင်ပြည်နယ် လူငယ်များက ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် အင်တာနက်လိုင်းများကို အချိန်ကန့်သတ်ပိတ်ပင်ခြင်း၊ လူမှုကွန်ရက် စာ မျက်နှာကို ပိတ်လိုက်ခြင်း၊ အင်တာနက်လိုင်းမြန်နှုန်းများကို လျော့ချခြင်းများ လုပ်ဆောင်နေသည့်အတွက် အင် တာနက်လိုင်းမှတဆင့် စာသင်ကြားနေသည့် ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားများအတွက် အခက်အခဲဖြစ်စေ သည်ဟု ကျောင်းသားတစ်ဦး က ပြောသည်။

မြစ်ကြီးနားမြို့ ကွန်ပြူတာတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသားတစ်ဦးက “ကျနော်က လူငယ်တစ် ယောက်ဆိုတာထက် ကွန်ပြူတာတက္ကသိုလ်ကျောင်းသား၊ ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားဆိုတော့ အင်တာနက်က ည တစ်နာရီကနေ ၉ နာရီအထိပိတ်လိုက်တယ်။ ကျနော်တို့က နေ့စဉ်နဲ့အမျှ ကွန်ပြူတာကျောင်းကဆိုရင် အခု ဆိုရင်လည်း Activity တွေလုပ်နေတယ်။ သင်တန်းတွေဘာတွေလုပ်တယ်။ အွန်လိုင်းကနေ Zoom နဲ့ လုပ် တယ်။ အဆင်မပြေတော့ဘူး။ Home work(အိမ်စာ)တွေပေးပြီဆိုရင် လုံးဝအဆင်မပြေတော့ဘူး။ သူတို့ လုပ် ရပ်က ကျနော်တို့အတွက် လုံးဝကို အဆင်မပြေစေဘူး” ဟု ပြောသည်။

ယခင် အင်တာနက်အွန်လိုင်းကနေ စာသင်ကြားပို့ချမှုများ၊ လေ့လာမှုကိုလုပ်ကိုင်နေကြသည့် ကွန်ပြူတာတက္က သိုလ်မှ ကျောင်းသားများသည် စစ်အာဏာသိမ်းပြီးနောက် သင်ကြားမှု၊ ပို့ချမှု အားလုံးကို လုံးဝရပ်နားထားရ သည်ဟု ဆက်ပြောသည်။

“အာဏာမသိမ်းခင်အထိက ကျနော်တို့ကို ကျောင်းကနေ training တွေ၊ သင်တန်းတွေလုပ်ပေးနေတယ်။ Zoom နဲ့သင်တယ်။ online ကနေပဲ အဓိကလုပ်နေရတယ်။ အဆင်ပြေပြေနဲ့ သင်တန်းတွေ လုပ်နေတဲ့အချိန် မှာ အခုလို ဖြစ်သွားတော့ ဘာမှကို လုံးဝကို အဆင်မပြေတော့ဘူး။ သင်ခန်းစာတွေ အကုန်လုံး လုံးဝရပ်ထားရ တာပါ။”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်၍ ၂၈ ရက်နေ့အထိ နံနက် ၁ နာရီမှ နံနက် ၉ နာရီအချိန်ထိ အင်တာနက်လိုင်း များကို ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၁ ရက်နေ့အထိ ယခင်အတိုင်း ဖြတ်တောက်ထားခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်နေသည့် ကချင်လူငယ်တစ်ဦးကလည်း “ပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံက အခုမှ ဒီမိုကရေစီလမ်းစဉ်ပေါ် သွားနေတဲ့ နိုင်ငံ၊ ဒီမိုကရေစီရဲ့ feeling ကို စတင်ပြီးမှ ခံစားရချိန် ဒီလိုလုပ်လိုက်တာဆိုတော့ တအားကြီးကို ဆုံးရှုံးနစ်နာသွားတယ်။ ပြီးရင် ကျနော်တို့ လူငယ်တွေဆိုရင် Game တွေဆော့ကြတယ်၊ အခုက အင်တာနက်လိုင်းက မကောင်းတော့ဘူးဆိုတော့ လူငယ် တွေအတွက် relaxing အချိန်တွေ ပျောက်ကုန်တယ်” ဟု ပြောသည်။

အင်တာနက်လိုင်းကန့်သတ်ချက်များကြောင့် လူငယ်များအတွက် စာပေလေ့လာသင်ကြားမှုများကို ထိခိုက်စေ သည်သာမက လွတ်လပ်မှု၊ ပျော်ရွှင်ရသည့် အချိန်များကို ဆုံးရှုံးစေသည်ဟုလည်း လူငယ်များက ပြောသည်။

“ကျမတို့ရဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ခံလိုက်ရသလိုလိုဖြစ်သွားတယ်။ online ကနေ စျေးရောင်းနေတာ တွေ ရပ်သွားရတယ်။ ဘယ်သွားသွားလည်း မလုံခြုံသလိုခံစားရတယ်။ ကျမတို့ရဲ့ လွတ်လပ်စွာ နေထိုင်ခွင့်တွေ က ဆုံးရှုံးသွားသလို ခံစားနေရတယ်” ဟု မြေမြင့်ရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ Gen Z လူငယ် တစ်ဦး က ပြောသည်။

အခြားသော နိုင်ငံများတွင် 4G မြန်နှုန်းမှ 5G မြန်နှုန်းမြင့်သွားနေချိန် ယခုကဲ့သို့ ထိန်းချုပ်ခြင်းသည် လုံးဝမဖြစ် သင့်ဘူးဟု လူငယ်များက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် အများပြည်သူ ၏ အကျိုးကို ထိခိုက်ပျက်ပြားစေရန်သော်၎င်း၊ နိုင်ငံ့ဝန်ထမ်းများကို အထင်အမြင်လွှဲမှားစေရန်သော်၎င်း၊ သွေး ထိုးလှုံ့ဆော်မှုများ၊ မဟုတ်မမှန်သတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာနှင့် ဝက်ဆိုက်များတွင် ရေးသားဖြန့်ဝေနေသည့်အတွက် ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယာယီတားဆီးပိတ်ပင်ရန် အကြောင်းကြား သည်ဆိုသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီးနောက် ယနေ့ အချိန် ထိ ထိုသို့ပိတ်ပင်ထားခြင်းဖြစ်သည်။

*** zawgyi ***
အင္တာနက္လိုင္းမ်ား ကန႔္သတ္ျခင္းေၾကာင့္ လူငယ္မ်ား ပညာေရး အခြင့္အေရးဆုံးရႈံးေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂ ရက္။

အင္တာနက္လိုင္းမ်ား အခ်ိန္ကန႔္သတ္ထားျခင္းႏွင့္ Facebook လူမႈကြန္ရက္ စာမ်က္ႏွာမ်ားကို ပိတ္ထားျခင္း သည္ လူငယ္မ်ားအတြက္ အခြင့္အလမ္းမ်ားကို ဆုံးရႈံးေစသည္သာမက အခြင့္အေရးခ်ိဳးေဖာက္ခံရသည့္ အေန အထားမ်ိဳးျဖစ္ေစသည္ဟု ကခ်င္ျပည္နယ္ လူငယ္မ်ားက ေျပာသည္။

စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ အင္တာနက္လိုင္းမ်ားကို အခ်ိန္ကန႔္သတ္ပိတ္ပင္ျခင္း၊ လူမႈကြန္ရက္ စာ မ်က္ႏွာကို ပိတ္လိုက္ျခင္း၊ အင္တာနက္လိုင္းျမန္ႏႈန္းမ်ားကို ေလ်ာ့ခ်ျခင္းမ်ား လုပ္ေဆာင္ေနသည့္အတြက္ အင္ တာနက္လိုင္းမွတဆင့္ စာသင္ၾကားေနသည့္ ကြန္ျပဴတာ တကၠသိုလ္ေက်ာင္းသားမ်ားအတြက္ အခက္အခဲျဖစ္ေစ သည္ဟု ေက်ာင္းသားတစ္ဦး က ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ ကြန္ျပဴတာတကၠသိုလ္ စတုတၳႏွစ္ ေက်ာင္းသားတစ္ဦးက “က်ေနာ္က လူငယ္တစ္ ေယာက္ဆိုတာထက္ ကြန္ျပဴတာတကၠသိုလ္ေက်ာင္းသား၊ ကြန္ျပဴတာ တကၠသိုလ္ေက်ာင္းသားဆိုေတာ့ အင္တာနက္က ည တစ္နာရီကေန ၉ နာရီအထိပိတ္လိုက္တယ္။ က်ေနာ္တို႔က ေန႔စဥ္နဲ႔အမွ် ကြန္ျပဴတာေက်ာင္းကဆိုရင္ အခု ဆိုရင္လည္း Activity ေတြလုပ္ေနတယ္။ သင္တန္းေတြဘာေတြလုပ္တယ္။ အြန္လိုင္းကေန Zoom နဲ႔ လုပ္ တယ္။ အဆင္မေျပေတာ့ဘူး။ Home work(အိမ္စာ)ေတြေပးၿပီဆိုရင္ လုံးဝအဆင္မေျပေတာ့ဘူး။ သူတို႔ လုပ္ ရပ္က က်ေနာ္တို႔အတြက္ လုံးဝကို အဆင္မေျပေစဘူး” ဟု ေျပာသည္။

ယခင္ အင္တာနက္အြန္လိုင္းကေန စာသင္ၾကားပို႔ခ်မႈမ်ား၊ ေလ့လာမႈကိုလုပ္ကိုင္ေနၾကသည့္ ကြန္ျပဴတာတကၠ သိုလ္မွ ေက်ာင္းသားမ်ားသည္ စစ္အာဏာသိမ္းၿပီးေနာက္ သင္ၾကားမႈ၊ ပို႔ခ်မႈ အားလုံးကို လုံးဝရပ္နားထားရ သည္ဟု ဆက္ေျပာသည္။

“အာဏာမသိမ္းခင္အထိက က်ေနာ္တို႔ကို ေက်ာင္းကေန training ေတြ၊ သင္တန္းေတြလုပ္ေပးေနတယ္။ Zoom နဲ႔သင္တယ္။ online ကေနပဲ အဓိကလုပ္ေနရတယ္။ အဆင္ေျပေျပနဲ႔ သင္တန္းေတြ လုပ္ေနတဲ့အခ်ိန္ မွာ အခုလို ျဖစ္သြားေတာ့ ဘာမွကို လုံးဝကို အဆင္မေျပေတာ့ဘူး။ သင္ခန္းစာေတြ အကုန္လုံး လုံးဝရပ္ထားရ တာပါ။”

ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က စတင္၍ ၂၈ ရက္ေန႔အထိ နံနက္ ၁ နာရီမွ နံနက္ ၉ နာရီအခ်ိန္ထိ အင္တာနက္လိုင္း မ်ားကို ယာယီျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီက ထုတ္ျပန္ခဲ့ေသာ္လည္း မတ္လ ၁ ရက္ေန႔အထိ ယခင္အတိုင္း ျဖတ္ေတာက္ထားျခင္းျဖစ္သည္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ျမစ္ႀကီးနားၿမိဳ႕က ဆႏၵထုတ္ေဖာ္ပြဲတြင္ ပါဝင္ေနသည့္ ကခ်င္လူငယ္တစ္ဦးကလည္း “ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံက အခုမွ ဒီမိုကေရစီလမ္းစဥ္ေပၚ သြားေနတဲ့ ႏိုင္ငံ၊ ဒီမိုကေရစီရဲ႕ feeling ကို စတင္ၿပီးမွ ခံစားရခ်ိန္ ဒီလိုလုပ္လိုက္တာဆိုေတာ့ တအားႀကီးကို ဆုံးရႈံးနစ္နာသြားတယ္။ ၿပီးရင္ က်ေနာ္တို႔ လူငယ္ေတြဆိုရင္ Game ေတြေဆာ့ၾကတယ္၊ အခုက အင္တာနက္လိုင္းက မေကာင္းေတာ့ဘူးဆိုေတာ့ လူငယ္ ေတြအတြက္ relaxing အခ်ိန္ေတြ ေပ်ာက္ကုန္တယ္” ဟု ေျပာသည္။

အင္တာနက္လိုင္းကန႔္သတ္ခ်က္မ်ားေၾကာင့္ လူငယ္မ်ားအတြက္ စာေပေလ့လာသင္ၾကားမႈမ်ားကို ထိခိုက္ေစ သည္သာမက လြတ္လပ္မႈ၊ ေပ်ာ္႐ႊင္ရသည့္ အခ်ိန္မ်ားကို ဆုံးရႈံးေစသည္ဟုလည္း လူငယ္မ်ားက ေျပာသည္။

“က်မတို႔ရဲ႕ လြတ္လပ္မႈေတြကို ထိန္းခ်ဳပ္ခံလိုက္ရသလိုလိုျဖစ္သြားတယ္။ online ကေန ေစ်းေရာင္းေနတာ ေတြ ရပ္သြားရတယ္။ ဘယ္သြားသြားလည္း မလုံၿခဳံသလိုခံစားရတယ္။ က်မတို႔ရဲ႕ လြတ္လပ္စြာ ေနထိုင္ခြင့္ေတြ က ဆုံးရႈံးသြားသလို ခံစားေနရတယ္” ဟု ေျမျမင့္ရပ္ကြက္က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္သူ Gen Z လူငယ္ တစ္ဦး က ေျပာသည္။

အျခားေသာ ႏိုင္ငံမ်ားတြင္ 4G ျမန္ႏႈန္းမွ 5G ျမန္ႏႈန္းျမင့္သြားေနခ်ိန္ ယခုကဲ့သို႔ ထိန္းခ်ဳပ္ျခင္းသည္ လုံးဝမျဖစ္ သင့္ဘူးဟု လူငယ္မ်ားက ဆိုသည္။

အာဏာသိမ္း စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔က ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္ထဲတြင္ အမ်ားျပည္သူ ၏ အက်ိဳးကို ထိခိုက္ပ်က္ျပားေစရန္ေသာ္၎၊ ႏိုင္ငံ့ဝန္ထမ္းမ်ားကို အထင္အျမင္လႊဲမွားေစရန္ေသာ္၎၊ ေသြး ထိုးလႈံ႕ေဆာ္မႈမ်ား၊ မဟုတ္မမွန္သတင္းအခ်က္အလက္မ်ားကို လူမႈကြန္ယက္စာမ်က္ႏွာႏွင့္ ဝက္ဆိုက္မ်ားတြင္ ေရးသားျဖန႔္ေဝေနသည့္အတြက္ ၁၄ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ ယာယီတားဆီးပိတ္ပင္ရန္ အေၾကာင္းၾကား သည္ဆိုသည့္ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ၿပီးေနာက္ ယေန႔ အခ်ိန္ ထိ ထိုသို႔ပိတ္ပင္ထားျခင္းျဖစ္သည္။