မြစ်ကြီးနားတွင် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘောထား တူညီသော သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်အားစုများအားလုံးနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ က ပြောဆိုလိုက်သည်။

မတ်လ ၂ ရက်နေ့ (ယနေ့)တွင် ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖ များ ပါဝင်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု မြစ်ကြီး နားမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် အဆိုပါ အချက်ကို ထည့် သွင်းပြောဆိုထားသည်ကို တွေ့ရသည်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က “မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) သည် မြစ်ကြီးနားမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်သူများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘုံသဘောတူညီသော သက်ဆိုင်ရာ ပြည်ညသူ့ဘက်တော်သား အင်အားစုများ အားလုံးနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ် တော်ကိုယ်စားလှယ်များ အပါအဝင် အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်း ထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ချက်ထဲတွင် “ဦးအင်ထုန်းခါးနော်ဆမ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် – ၁၁ မဲဆန္ဒနယ်၊ ဒေါ်ကေရွယ်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြစ်ကြီးနားမြို့နယ်၊ ကိုယ်စားလှယ် ၅ ဦး မြို့မိမြို့ဖ ကိုယ် စားလှယ်၊ ကိုယ်စားလှယ် ၅ ဦး CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်၊ ကိုယ်စားလှယ် ၂ ဦး ပရ ဟိတ၊ အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားလှယ်၊ ကိုယ်စားလှယ် ၂ ဦး လူငယ် ကိုယ်စားလှယ်၊ ကိုယ်စား လှယ် ၃ ဦး အခြား ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ်၊ ဥပဒေ ပညာရှင် ၂ ဦး” ပါ ရှိသည်။

ယခုကာလတွင် ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက်လည်းကောင်း၊ အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အား စစ်အုပ်စု၏ အထောက်အပံ့ဖြင့် နှောက်ယှက်ဖျက်စီးလျက်ရှိသည့် မသ မာသူများ၏ ရန်မှ ကာကွယ်ရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ အာဏာဖီ ဆန်ရေး လှုပ်ရှားမျှုများ (CDM) ကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် ၎င်းတို့ကို ကာကွယ်စောင့် ရှောက်ရန်၊ ကူ ညီနိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်နိုင်ပါရန် ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ထုတ်ပြန်ကြေညာထားသည့်အတိုင်း အဖွဲ့အား ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၎င်းတို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်)သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြု ကော်မတီ (CRPH) ၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) တို့ကို တာဝန်ခံကာ CRPH ထုတ်ပြန်သော ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ပါ ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်များနှင့် စည်း ကမ်းများအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ လုံခြုံရေးနှင့်တရား ဥပဒေစိုးမိုးရေး ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့သည့်အတွက် နိုင်ငံသားများ အနေဖြင့် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး ကို အကာအကွယ်ပေးနိုင်သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ် ထွန်းလာသည့် အချိန်အထိ ပြည်ထောင်စု လွှတ် တော်ကိုယ်စားပြုကော်မတီနှင့် ပူးပေါင်း၍ မိမိတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို စုပေါင်းအားဖြင့် ကာ ကွယ်နိုင်ရန် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် CRPH က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်တော်တော်များများတွင် မြို့နယ် အ လိုက် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းလာခဲ့ကြခြင်းဖြစ်သည်။

*** ZAWGYI ***
ျမစ္ၾကီးနားတြင္ ျပည္သူ႔ အုပ္ခ်ဳပ္ေရး အဖြဲ႔ ဖြဲ႔စည္း

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၂ ရက္။

ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ဘံုသေဘာထား တူညီေသာ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ား၊ အင္အားစုမ်ားအားလံုးႏွင့္ ခ်ိတ္ဆက္လုပ္ေဆာင္သြားမည္ဟု ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ နယ္ ျပည္သူအုပ္ခ်ဳပ္ေရးအဖြဲ႔ က ေျပာဆိုလိုက္သည္။

မတ္လ ၂ ရက္ေန႔ (ယေန႔)တြင္ ေရြးေကာက္ပြဲတြင္ အႏိုင္ရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ မ်ား ပါ၀င္သည့္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္ ျပည္သူ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ဖြဲ႔စည္းလိုက္သည္ဟု ျမစ္ႀကီး နားၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔က ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္ထဲတြင္ အဆိုပါ အခ်က္ကို ထည့္ သြင္းေျပာဆိုထားသည္ကို ေတြ႕ရသည္။

ျမစ္ႀကီးနားၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က “ၿမိဳ႕နယ္ ျပည္သူ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ (ျမစ္ႀကီးနားၿမိဳ႕နယ္) သည္ ျမစ္ႀကီးနားၿမိဳ႕ စစ္အာဏာရွင္ ဆန္႔က်င္ေရး လူထုသပိတ္စစ္ေၾကာင္း ဦးေဆာင္သူမ်ား၊ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးတို႔အတြက္ ဘံုသေဘာတူညီေသာ သက္ဆိုင္ရာ ျပည္ညသူ႔ဘက္ေတာ္သား အင္အားစုမ်ား အားလံုးႏွင့္ ခ်ိတ္ဆက္ပူးေပါင္း ေဆာင္ရြက္သြားမည္ျဖစ္သည္” ဟု ေျပာသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနား ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔အား ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲ အႏိုင္ရ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား အပါအ၀င္ အဖြဲ႔၀င္ ၂၁ ဦးျဖင့္ ဖြဲ႔စည္း ထားသည္ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

ထုတ္ျပန္ခ်က္ထဲတြင္ “ဦးအင္ထုန္းခါးေနာ္ဆမ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ အမွတ္ – ၁၁ မဲဆႏၵနယ္၊ ေဒၚေကရြယ္ေအာင္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ ကိုယ္စားလွယ္ ၅ ဦး ၿမိဳ႕မိၿမိဳ႕ဖ ကိုယ္ စားလွယ္၊ ကိုယ္စားလွယ္ ၅ ဦး CDM တြင္ ပါ၀င္ေသာ ႏိုင္ငံ့၀န္ထမ္း ကိုယ္စားလွယ္၊ ကိုယ္စားလွယ္ ၂ ဦး ပရ ဟိတ၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား ကိုယ္စားလွယ္၊ ကိုယ္စားလွယ္ ၂ ဦး လူငယ္ ကိုယ္စားလွယ္၊ ကိုယ္စား လွယ္ ၃ ဦး အျခား ပါ၀င္သင့္ ပါ၀င္ထိုက္သူမ်ား ကိုယ္စားလွယ္၊ ဥပေဒ ပညာရွင္ ၂ ဦး” ပါ ရွိသည္။

ယခုကာလတြင္ ျပည္သူလူထုအေပၚ ၿခိမ္းေျခာက္မႈမ်ားကို တံု႔ျပန္ရန္အတြက္လည္းေကာင္း၊ အမ်ားျပည္သူတို႔၏ လံုျခံဳေရး၊ တရားဥပေဒစိုးမိုးေရးတို႔အား စစ္အုပ္စု၏ အေထာက္အပံ့ျဖင့္ ေႏွာက္ယွက္ဖ်က္စီးလ်က္ရွိသည့္ မသ မာသူမ်ား၏ ရန္မွ ကာကြယ္ရန္အတြက္လည္းေကာင္း၊ ႏိုင္ငံ့၀န္ထမ္းမ်ားအပါအ၀င္ ျပည္သူမ်ား၏ အာဏာဖီ ဆန္ေရး လႈပ္ရွားမ်ႈမ်ား (CDM) ကို အရွိန္ႁမွင့္ ေဆာင္ရြက္ႏိုင္ရန္ႏွင့္ ၎တို႔ကို ကာကြယ္ေစာင့္ ေရွာက္ရန္၊ ကူ ညီႏိုင္ရန္အတြက္လည္းေကာင္း၊ ျပည္သူ႕အုပ္ခ်ဳပ္ေရး အစီအစဥ္တစ္ရပ္ကို ခ်မွတ္ေဆာင္ရြက္ႏိုင္ပါရန္ ျပည္ ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ (CRPH) က ထုတ္ျပန္ေၾကညာထားသည့္အတိုင္း အဖြဲ႔အား ဖြဲ႔စည္း လိုက္ျခင္းျဖစ္သည္ဟု ၿမိဳ႕နယ္ ျပည္သူ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ (ျမစ္ႀကီးနားၿမိဳ႕နယ္) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔အျပင္ ၎တို႔ ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ (ျမစ္ႀကီးနားၿမိဳ႕နယ္)သည္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စား ျပဳ ေကာ္မတီ (CRPH) ၊ ကခ်င္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRKH) တို႔ကို တာ၀န္ခံကာ CRPH ထုတ္ျပန္ေသာ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရး အစီအစဥ္ပါ ရည္ရြယ္ခ်က္၊ လုပ္ငန္း တာ၀န္မ်ားႏွင့္ စည္း ကမ္းမ်ားအတိုင္း လိုက္နာက်င့္သံုးေဆာင္ရြက္သြားမည္ျဖစ္သည္ဟု ဆိုသည္။

တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသား မ်ား၏ လုံၿခဳံေရးႏွင့္တရား ဥပေဒစိုးမိုးေရး ကို ေဆာင္႐ြက္ေပးႏိုင္ျခင္း မရွိေတာ့သည့္အတြက္ ႏိုင္ငံသားမ်ား အေနျဖင့္ လုံၿခဳံေရးႏွင့္တရားဥပေဒ စိုးမိုးေရး ကို အကာအကြယ္ေပးႏိုင္သည့္ ဒီမိုကေရစီအစိုးရ တစ္ရပ္ေပၚ ထြန္းလာသည့္ အခ်ိန္အထိ ျပည္ေထာင္စု လႊတ္ ေတာ္ကိုယ္စားျပဳေကာ္မတီႏွင့္ ပူးေပါင္း၍ မိမိတို႔၏လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို စုေပါင္းအားျဖင့္ ကာ ကြယ္ႏိုင္ရန္ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔ကို ဖြဲ႔စည္းရန္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ CRPH က ထုတ္ျပန္ခဲ့သည္။

အဆိုပါ ထုတ္ျပန္ခ်က္ေနာက္ပိုင္း ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားတြင္ ၿမိဳ႕နယ္ အ လိုက္ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔ကို ဖြဲ႔စည္းလာခဲ့ၾကျခင္းျဖစ္သည္။