မော်လမြိုင်တွင် ပစ်ခတ်ခံရမှုကြောင့် လူငယ်တစ်ဦး ထပ်မံသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက်နေ့ က ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က သေဆုံးသွားခဲ့သည်။

ဘူမိဗေဒ တတိယနှစ် ကျောင်းသား မောင်ထက်ဝေထူးသည် မတ်လ ၃ ရက်နေ့ ညနေပိုင်းခန့်က မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်အတွင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်သွားသည့် မောင်ထက်ဝေထူးကို လူမှုကယ်ဆယ်ရေးကားဖြင့် ငွေမိုး ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက “သူ့အအေးဆိုင်ရှေ့မှာ ရပ်ကြည့်နေတာကို ပစ်ခံထိသွားတာပါ၊ ဦးခေါင်းကို ပစ်ခံ ရတာပါ၊ သူက ဆန္ဒပြတဲ့အထဲမှာ ပါသွားလို့ ပစ်ခံထိတာမဟုတ်ပါဘူး၊ အလွတ်ကြီး ပစ်ခံရတာပါ” ဟု ပြော သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်တွင် ဆန္ဒဖော်ထုတ်သူများကို ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးသွားခဲ့သည်။

ထိုကြောင့် မော်လမြိုင်မြို့တွင် မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းခန့်အထိ လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်မှု ကြောင့် သေဆုံးသူ ၂ ဦးအထိရှိလာခဲ့ပြီဖြစ်သည်။

မော်လမြိုင်တွင် ဆန္ဒကဖော်ထုတ်နေသူတို့ကို လုံခြုံရေး တပ်ဖွဲ့များက ကျည်အစစ် ရာဘာကျည် မျက်ရည်ယို ဗုံး စသဖြင့် အသုံးပြုကာ လိုက်လံဖြိုးခွင်းနေသည့်အတွက် လူသေဆုံးမှုရှိလာသည့်အပြင် ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိနေသည်။

လုံခြုံရေး တပ်ဖွဲ့များက ဆန္ဒပြနေသူတို့ကို သေဆုံး ထိခိုက်ဒဏ်ရာရရှိအောင် ပြုမှုနေသည့်အပြင် ပြည်သူပိုင် ပစ္စည်းများဖြစ်သည့် ကား၊ ဆိုင်ကယ်၊ လူနေအိမ်၊ စျေးဆိုင်ခန်းများလည်း ဖျက်ဆီးနေသည်ဟု ရပ်ကွက်နေသူ များ၏ ပြောပြချက်အရ သိရသည်။

အာဏာသိမ်းမှုကို မော်လမြိုင်မြို့နေပြည်သူ သိန်းနှင့်ချီတို့က ဆန့်ကျင်ဆန္ဒပြမှုရှိခဲ့သော်လည်း စစ်တပ်နှင့် ရဲတပ် ဖွဲ့တို့၏ လိုက်လံ ပစ်ခတ်ဖြိုခွင်းနေမှုကြောင့် လူနည်းနည်းဖြင့် နံနက်ပိုင်းခဏသာ ဆန္ဒပြပြီး လူစုခွဲနေရသည့် အခြေ အနေရှိနေသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ ပစ္ခတ္ခံရမႈေၾကာင့္ လူငယ္တစ္ဦး ထပ္မံေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၄ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ လုံၿခဳံေရး တပ္ဖြဲ႕မ်ား၏ ပစ္ခတ္မႈေၾကာင့္ ဦးေခါင္းက်ည္ထိမွန္သည့္ အသက္ ၂၃ ႏွစ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားတစ္ဦး မတ္လ ၃ ရက္ေန႔ က ည ၉ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္က ေသဆုံးသြားခဲ့သည္။

ဘူမိေဗဒ တတိယႏွစ္ ေက်ာင္းသား ေမာင္ထက္ေဝထူးသည္ မတ္လ ၃ ရက္ေန႔ ညေနပိုင္းခန႔္က ေမာ္လၿမိဳင္ၿမိဳ႕ သီရိၿမိဳင္ရပ္ကြက္အတြင္း အာဏာသိမ္းမႈကို ကန႔္ကြက္ဆႏၵျပေနၾကသည္ကို ထြက္ၾကည့္ရာမွ လုံၿခဳံေရး တပ္ဖြဲ႕မ်ား၏ ပစ္ခတ္ျခင္းခံခဲ့ရသည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာသည္။

ဦးေခါင္းတြင္ ေသနတ္က်ည္ထိမွန္သြားသည့္ ေမာင္ထက္ေဝထူးကို လူမႈကယ္ဆယ္ေရးကားျဖင့္ ေငြမိုး ပုဂၢလိက ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသေနစဥ္ ေသဆုံးသြားျခင္းျဖစ္သည္။

မ်က္ျမင္ေတြ႕ရွိခဲ့သူတစ္ဦးက “သူ႔အေအးဆိုင္ေရွ႕မွာ ရပ္ၾကည့္ေနတာကို ပစ္ခံထိသြားတာပါ၊ ဦးေခါင္းကို ပစ္ခံ ရတာပါ၊ သူက ဆႏၵျပတဲ့အထဲမွာ ပါသြားလို႔ ပစ္ခံထိတာမဟုတ္ပါဘူး၊ အလြတ္ႀကီး ပစ္ခံရတာပါ” ဟု ေျပာ သည္။

ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ကလည္း ေမာ္လၿမိဳင္ၿမိဳ႕ ေစ်းႀကိဳရပ္ကြက္တြင္ ဆႏၵေဖာ္ထုတ္သူမ်ားကို က်ည္အစစ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းရာ အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္တစ္ဦး ဦးေခါင္းက်ည္ထိမွန္ ေသဆုံးသြားခဲ့သည္။

ထိုေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ မတ္လ ၄ ရက္ေန႔ ေန႔လည္ပိုင္းခန႔္အထိ လုံၿခဳံေရး တပ္ဖြဲ႕မ်ား၏ ပစ္ခတ္မႈ ေၾကာင့္ ေသဆုံးသူ ၂ ဦးအထိရွိလာခဲ့ၿပီျဖစ္သည္။

ေမာ္လၿမိဳင္တြင္ ဆႏၵကေဖာ္ထုတ္ေနသူတို႔ကို လုံၿခဳံေရး တပ္ဖြဲ႕မ်ားက က်ည္အစစ္ ရာဘာက်ည္ မ်က္ရည္ယို ဗုံး စသျဖင့္ အသုံးျပဳကာ လိုက္လံၿဖိဳးခြင္းေနသည့္အတြက္ လူေသဆုံးမႈရွိလာသည့္အျပင္ ထိခိုက္ဒဏ္ရာ ရရွိသူ ႏွင့္ ဖမ္းဆီးခံရသူလည္း အမ်ားအျပားရွိေနသည္။

လုံၿခဳံေရး တပ္ဖြဲ႕မ်ားက ဆႏၵျပေနသူတို႔ကို ေသဆုံး ထိခိုက္ဒဏ္ရာရရွိေအာင္ ျပဳမႈေနသည့္အျပင္ ျပည္သူပိုင္ ပစၥည္းမ်ားျဖစ္သည့္ ကား၊ ဆိုင္ကယ္၊ လူေနအိမ္၊ ေစ်းဆိုင္ခန္းမ်ားလည္း ဖ်က္ဆီးေနသည္ဟု ရပ္ကြက္ေနသူ မ်ား၏ ေျပာျပခ်က္အရ သိရသည္။

အာဏာသိမ္းမႈကို ေမာ္လၿမိဳင္ၿမိဳ႕ေနျပည္သူ သိန္းႏွင့္ခ်ီတို႔က ဆန႔္က်င္ဆႏၵျပမႈရွိခဲ့ေသာ္လည္း စစ္တပ္ႏွင့္ ရဲတပ္ ဖြဲ႕တို႔၏ လိုက္လံ ပစ္ခတ္ၿဖိဳခြင္းေနမႈေၾကာင့္ လူနည္းနည္းျဖင့္ နံနက္ပိုင္းခဏသာ ဆႏၵျပၿပီး လူစုခြဲေနရသည့္ အေျခ အေနရွိေနသည္။