တပ်မတော် ဖမ်းသွားသော ရွာသားများ အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်မှ ဖမ်းဆီးသွားသည့် ဒေသခံရွာသား ၄ ဦးကို ယနေ့အချိန်ထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများက ပြောသည်။

မူဆယ်ခရိုင်၊ မန်ဒေါင်ကျေးရွာအနီး မတ်လ ၄ ရက်နေ့ (ယမန်)နေ့ နံနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ တပ်မ တော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲကမနေ့က မနက်ကတည်းကနေဖြစ်တာ။ ကြားရတာကတော့ KIA တပ်မဟာ ၆ က တပ်ရင်းနဲ့ စစ်တပ် တပ်မတော်တပ်ပေါ့ ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ဟုတ်တယ် မန်ဒေါင်ကျေးရွာမှာပါ။ မန်ဒေါင်က ရွာသား အားလုံးက ထွက်ပြေးရတယ်။ မပြန်သေးဘူး။ တိုက်ပွဲဖြစ်တော့ ရွာထဲက လူလေးယောက်ကိုလည်း ဗမာစစ် သားတွေ က ဖမ်းသွားတယ်။ အခုထိ ဘာမှ အဆက်အသွယ်မရဘူး။ ဖမ်းသွားတဲ့အထဲမှာ အသင်းတော်က သင်း ထောက်လည်း တစ်ယောက်ပါတယ်” ဟု ပြောသည်။

မန်ဒေါင်ကျေးရွာမှ သင်းထောက် ဦးလမိုင်တူးဂျိုင်အပါအဝင် ရွာသားလေးဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ဒေသခံများက ပြောသည်။

မန်ဒေါင်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် ဒေသခံရွာသားများသည် နမ့်ခေါင် ကျေးရွာရှိ ဘုရားကျောင်းဝန်းအတွင်းသို့ စစ်ဘေးတိန်းရှောင်နေရ သည်ဟု ဒေသခံများက ပြောသည်။

“ရွာသားတွေကလည်း ရွာထဲကို ပြန်မလာကြသေးနဲ့အုံးလို့ ပြောထားတယ်။ ကျနော်တို့က ကြောက်တယ်လေ နော်။ ရွာသားပဲဖြစ်တာကို ဘာလို့ အခုလိုမျိုးဖမ်းလည်းမသိဘူး။ စစ်သားတွေကလည်း အမြဲသွားနေတယ်၊ ဒီ ကျနော်တို့နေရာ ဒေသမှာဆိုရင် သုံးလေးရက်ရှိပြီ စစ်သားတွေသွားလိုက်လာလိုက် ဖြတ်နေကြတယ်။ အားလုံး ကလည်း ကြောက်နေရတယ်။ ရွာမှာလည်းမနေရဲဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

မန်ဒေါင်ကျေးရွာအနီးတွင် တပ်မတော် ခလရ (၂၈၇) တပ်ရင်းသည် KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း အမှတ် ၃၆ နယ်မြေအတွင်း ဝင်ရောက်လာခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း KIA ဘက် က ပြောသည်။

“နမ့်ခေါင်ခူးဘက်က တက်လာတဲ့ ဗမာစစ်တပ် ခ.လ.ရ (၂၈၇)တပ်က အင်အား တစ်ရာကျောက်ကကျနော်တို့ ကေအိုင်အေရှိတဲ့ နယ်မြေထဲကို တိုးဝင်လာတဲ့အတွက် ကေအိုင်အေ အမှတ် ၃၆ တပ်ရင်းအနေနဲ့ ကာကွယ်တား ဆီးရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အခုတုန်း တိုက်ပွဲက ရပ်နေတယ်။ အခုလက်ရှိမှာတော့ သူတို့က ကျနော်တို့နဲ့ အနီးတဝိုက်မှာဘဲရှိ သေးတယ်ဆိုတော့ တိုက်ပွဲ ဆက်ပြီးမဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ သူတို့ဘက်က ထိ ခိုက်တာတွေတော့ရှိမှာဘဲ အတိအကျတော့ မသိဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ လောလော ဆယ် ဒီမှာ တခြား စစ်အင်အားတိုးချဲ့တာတွေတော့ မရှိသေးဘူး” ဟု ရှေ့တန်းနေရာတွင် ရောက်ရှိနေသည့် KIA ဘက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာလအတန်ကြာ ရပ်တန့်နေသည့် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြားက တိုက်ပွဲများသည် တပ်မတော်မှ အာဏာသိမ်းပြီးနောက်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ (ယမန်နေ့) က တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ဖေဖော်ဝါရီ လ ၂၁ ရက်နေ့ (ယနေ့) တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် KIA တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေအနီးက မူဆယ်ခရိုင် ဒန်နိုင်း ကျေး ရွာဘက်က တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေ သော်လည်း ကချင်ပြည်နယ်တွင် နှစ်ဖက် စစ်ရေးအခြေအနေမှာ ထူးခြားမရှိပဲ ငြိမ်သက်နေသည် ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဖေဖော်ဝါရီလကုန်ပိုင်းက သတင်းနှင့်မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်တွင် တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့များရှိရာ ဒေသသို့ စစ်ဆင်ရေး လုပ်ဆောင်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးကို အလှမ်းဝေးစေ သည် သာမက တိုက်ပွဲများလည်း ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

*** ZAWGYI ***
တပ္မေတာ္ ဖမ္းသြားေသာ ႐ြာသားမ်ား အဆက္အသြယ္မရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္အတြင္း တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲျဖစ္ပြားၿပီးေနာက္ တပ္မေတာ္မွ ဖမ္းဆီးသြားသည့္ ေဒသခံ႐ြာသား ၄ ဦးကို ယေန႔အခ်ိန္ထိ အဆက္အသြယ္ မရေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။

မူဆယ္ခ႐ိုင္၊ မန္ေဒါင္ေက်း႐ြာအနီး မတ္လ ၄ ရက္ေန႔ (ယမန္)ေန႔ နံနက္ပိုင္းကေန ေန႔လည္ပိုင္းအထိ တပ္မ ေတာ္ႏွင့္ KIA တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

“တိုက္ပြဲကမေန႔က မနက္ကတည္းကေနျဖစ္တာ။ ၾကားရတာကေတာ့ KIA တပ္မဟာ ၆ က တပ္ရင္းနဲ႔ စစ္တပ္ တပ္မေတာ္တပ္ေပါ့ ႐ြာနားမွာ တိုက္ပြဲျဖစ္တယ္။ ဟုတ္တယ္ မန္ေဒါင္ေက်း႐ြာမွာပါ။ မန္ေဒါင္က ႐ြာသား အားလုံးက ထြက္ေျပးရတယ္။ မျပန္ေသးဘူး။ တိုက္ပြဲျဖစ္ေတာ့ ႐ြာထဲက လူေလးေယာက္ကိုလည္း ဗမာစစ္ သားေတြ က ဖမ္းသြားတယ္။ အခုထိ ဘာမွ အဆက္အသြယ္မရဘူး။ ဖမ္းသြားတဲ့အထဲမွာ အသင္းေတာ္က သင္း ေထာက္လည္း တစ္ေယာက္ပါတယ္” ဟု ေျပာသည္။

မန္ေဒါင္ေက်း႐ြာမွ သင္းေထာက္ ဦးလမိုင္တူးဂ်ိဳင္အပါအဝင္ ႐ြာသားေလးဦးကို စစ္တပ္က ဖမ္းဆီးေခၚေဆာင္ သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

မန္ေဒါင္ေက်း႐ြာအနီးျဖစ္ပြားခဲ့သည့္ ႏွစ္ဖက္တိုက္ပြဲႏွင့္ ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံ႐ြာသားမ်ားသည္ နမ့္ေခါင္ ေက်း႐ြာရွိ ဘုရားေက်ာင္းဝန္းအတြင္းသို႔ စစ္ေဘးတိန္းေရွာင္ေနရ သည္ဟု ေဒသခံမ်ားက ေျပာသည္။

“႐ြာသားေတြကလည္း ႐ြာထဲကို ျပန္မလာၾကေသးနဲ႔အုံးလို႔ ေျပာထားတယ္။ က်ေနာ္တို႔က ေၾကာက္တယ္ေလ ေနာ္။ ႐ြာသားပဲျဖစ္တာကို ဘာလို႔ အခုလိုမ်ိဳးဖမ္းလည္းမသိဘူး။ စစ္သားေတြကလည္း အၿမဲသြားေနတယ္၊ ဒီ က်ေနာ္တို႔ေနရာ ေဒသမွာဆိုရင္ သုံးေလးရက္ရွိၿပီ စစ္သားေတြသြားလိုက္လာလိုက္ ျဖတ္ေနၾကတယ္။ အားလုံး ကလည္း ေၾကာက္ေနရတယ္။ ႐ြာမွာလည္းမေနရဲဘူး” ဟု ေဒသခံတစ္ဦး က ေျပာသည္။

မန္ေဒါင္ေက်း႐ြာအနီးတြင္ တပ္မေတာ္ ခလရ (၂၈၇) တပ္ရင္းသည္ KIA တပ္မဟာ ၆ လက္ေအာက္ခံ တပ္ရင္း အမွတ္ ၃၆ နယ္ေျမအတြင္း ဝင္ေရာက္လာခဲ့သည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္း ျဖစ္သည္ဟုလည္း KIA ဘက္ က ေျပာသည္။

“နမ့္ေခါင္ခူးဘက္က တက္လာတဲ့ ဗမာစစ္တပ္ ခ.လ.ရ (၂၈၇)တပ္က အင္အား တစ္ရာေက်ာက္ကက်ေနာ္တို႔ ေကအိုင္ေအရွိတဲ့ နယ္ေျမထဲကို တိုးဝင္လာတဲ့အတြက္ ေကအိုင္ေအ အမွတ္ ၃၆ တပ္ရင္းအေနနဲ႔ ကာကြယ္တား ဆီးရင္းနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ အခုတုန္း တိုက္ပြဲက ရပ္ေနတယ္။ အခုလက္ရွိမွာေတာ့ သူတို႔က က်ေနာ္တို႔နဲ႔ အနီးတဝိုက္မွာဘဲရွိ ေသးတယ္ဆိုေတာ့ တိုက္ပြဲ ဆက္ၿပီးမျဖစ္လာႏိုင္ဘူးလို႔ မေျပာႏိုင္ဘူး။ သူတို႔ဘက္က ထိ ခိုက္တာေတြေတာ့ရွိမွာဘဲ အတိအက်ေတာ့ မသိဘူး။ က်ေနာ္တို႔ဘက္ကေတာ့ အထိအခိုက္မရွိဘူး။ ေလာေလာ ဆယ္ ဒီမွာ တျခား စစ္အင္အားတိုးခ်ဲ႕တာေတြေတာ့ မရွိေသးဘူး” ဟု ေရွ႕တန္းေနရာတြင္ ေရာက္ရွိေနသည့္ KIA ဘက္က တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ကာလအတန္ၾကာ ရပ္တန႔္ေနသည့္ တပ္မေတာ္ႏွင့္ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA တို႔အၾကားက တိုက္ပြဲမ်ားသည္ တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္မွစ၍ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲမ်ား ျပန္ လည္ျဖစ္ပြားလာခဲ့သည္မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ (ယမန္ေန႔) က တိုက္ပြဲျဖစ္ပြားခဲ့သကဲ့သို႔ ေဖေဖာ္ဝါရီ လ ၂၁ ရက္ေန႔ (ယေန႔) တြင္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္ဟု ကခ်င္လြတ္လပ္ေရး အဖြဲ႕ KIO သတင္း ႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ KIA တပ္မဟာ ၆ တပ္ရင္း ၉ နယ္ေျမအနီးက မူဆယ္ခ႐ိုင္ ဒန္ႏိုင္း ေက်း ႐ြာဘက္က တိုက္ပြဲအတြင္း လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ေဒသခံ ႐ြာသားတစ္ဦး လက္နက္ႀကီး ထိမွန္ေသဆုံး ခဲ့ သည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲ ျဖစ္ပြားေန ေသာ္လည္း ကခ်င္ျပည္နယ္တြင္ ႏွစ္ဖက္ စစ္ေရးအေျခအေနမွာ ထူးျခားမရွိပဲ ၿငိမ္သက္ေနသည္ ဟု KIO/KIA သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေဖေဖာ္ဝါရီလကုန္ပိုင္းက သတင္းႏွင့္မီဒီယာကြန္ရက္က ဆက္သြယ္ေမးျမန္းရာတြင္ ေျပာဆိုထားသည္။

စစ္အာဏာသိမ္းၿပီးေနာက္ တိုင္းျပည္ မၿငိမ္မသက္ျဖစ္ေနခ်ိန္တြင္ တပ္မေတာ္မွ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႕မ်ားရွိရာ ေဒသသို႔ စစ္ဆင္ေရး လုပ္ေဆာင္မႈမ်ားသည္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အလွမ္းေဝးေစ သည္ သာမက တိုက္ပြဲမ်ားလည္း ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားလာမည္ကို စိုးရိမ္ေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူ က ဆိုသည္။