ဖမ်းဆီးခံ မွန်ဝန်ကြီးချုပ် အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်။

ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တစ်လကြာလာသည်အထိ အဆက်အသွယ် မရဟု ပြည်နယ် NLD တာဝန်ရှိသူများက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်၏ ဖမ်းဆီး ခေါ် ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်း ခံ ခဲ့ရသည်။ အဲဒီနောက်ပိုင်း လုံးဝ အဆက်အသွယ်မရတော့ကြောင်း NLD ကပြောသည်။

“အဖမ်းခံရပြီးနောက် အဆက်အသွယ် လုံးဝမရဘူး၊ ဘယ်နေရာမှ ထိန်းသိမ်းထားလဲ၊ ဘယ်လိုထိန်းသိမ်းခံနေရ လဲဆိုတာ ဘာမှ မသိရဘူး။ အခုဆို တစ်လလောက်ရှိနေပြီး မိသားစုဝင်တွေကလည်း ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်၊ ဝန်ကြီးချုပ်ကို တရားစွဲထားတယ်လို့ပဲ သိထားတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် Video ဖြင့် ပြောကြားခဲ့မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည်ဟုလည်း ပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါ်သီရိရတနာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို ပုဒ်မ ၅၀၅(က) ဖြင့် လည်းကောင်း၊ သထုံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ၅၀၅(က)၊ ၅၀၅(ခ) ဖြင့် လည်းကောင်း တရားစွဲထားသည်။

ထို့အပြင် ဝန်ထမ်းများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် (ကိုယ်စား) စာထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် တရား စွဲထားသည်။

တရားစွဲဆိုခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအနက်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် ဖမ်း ဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေကြ ရ သည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

*** ZAWGYI ***
ဖမ္းဆီးခံ မြန္ဝန္ႀကီးခ်ဳပ္ အဆက္အသြယ္မရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၁ ရက္။

ဖမ္းဆီးခံထားရသည့္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံႏွင့္ တစ္လၾကာလာသည္အထိ အဆက္အသြယ္ မရဟု ျပည္နယ္ NLD တာဝန္ရွိသူမ်ားက ေျပာသည္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံသည္ အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က တပ္မေတာ္၏ ဖမ္းဆီး ေခၚ ေဆာင္ျခင္းခံခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္လာခဲ့ေသာ္လည္း ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔တြင္ ထပ္မံ ဖမ္းဆီးျခင္း ခံ ခဲ့ရသည္။ အဲဒီေနာက္ပိုင္း လုံးဝ အဆက္အသြယ္မရေတာ့ေၾကာင္း NLD ကေျပာသည္။

“အဖမ္းခံရၿပီးေနာက္ အဆက္အသြယ္ လုံးဝမရဘူး၊ ဘယ္ေနရာမွ ထိန္းသိမ္းထားလဲ၊ ဘယ္လိုထိန္းသိမ္းခံေနရ လဲဆိုတာ ဘာမွ မသိရဘူး။ အခုဆို တစ္လေလာက္ရွိေနၿပီး မိသားစုဝင္ေတြကလည္း ဆက္သြယ္လို႔ မရဘူး ျဖစ္ေနတယ္၊ ဝန္ႀကီးခ်ဳပ္ကို တရားစြဲထားတယ္လို႔ပဲ သိထားတယ္” ဟု NLD ျပည္နယ္တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဝန္ႀကီးခ်ဳပ္အား CDM တြင္ ပါဝင္သည့္ဝန္ထမ္းမ်ားႏွင့္ ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ Video ျဖင့္ ေျပာၾကားခဲ့မႈႏွင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲခံထားရသည္ဟုလည္း ျပည္နယ္ NLD တာဝန္ရွိသူတို႔ထံမွ သိရသည္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့ျခင္းေၾကာင့္ ဘီးလင္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္ စားလွယ္ ေဒၚသီရိရတနာႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းတို႔ကို ပုဒ္မ ၅၀၅(က) ျဖင့္ လည္းေကာင္း၊ သထုံၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမာမာခိုင္ကို ၅၀၅(က)၊ ၅၀၅(ခ) ျဖင့္ လည္းေကာင္း တရားစြဲထားသည္။

ထို႔အျပင္ ဝန္ထမ္းမ်ားႏွင့္ ပတ္သက္၍ ဝန္ႀကီးခ်ဳပ္ (ကိုယ္စား) စာထုတ္ျပန္ခဲ့သည့္ မြန္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္အားအရင္းအျမစ္ဝန္ႀကီး ဦးထြန္းမင္းေအာင္ ကိုလည္း ပုဒ္မ ၅၀၅(ခ) ျဖင့္ တရား စြဲထားသည္။

တရားစြဲဆိုခံထားရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအနက္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမာမာခိုင္ ဖမ္း ဆီးခံထားရၿပီး က်န္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဖမ္းဆီးခံထားရျခင္းမရွိပဲ ထြက္ေျပးတိမ္းေရွာင္ေနၾက ရ သည္။

NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တရားစြဲဆိုခံရၿပီး ဖမ္းဆီးမႈရွိလာျခင္းေၾကာင့္ လက္ရွိတြင္ NLD ပါတီဝင္ႏွင့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။