ရှမ်းမြောက်တိုက်ပွဲ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျ၊ ဆရာတော်ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုအတွင်း တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား မတ်လ ၂၄ ရက်နေ့ က ဖြစ်ပွားခဲ့ သည့် တိုက်ပွဲကြောင့် ပန်ကွတ်ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲသို့ လက်နက်ကြီးကျည် ၂ လုံးကျရောက်ခဲ့ သည့် အတွက် ဆရာတော်တစ်ပါး ကျည်စထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ပန်ကွက်ဘုန်းကြီးကျောင်းထဲကျ၊ လက်နက်ကြီး ၂ လုံးပေါ့၊ အဲ့မှာ ကျောင်းက ဆရာတော်တစ်ပါး ကျည် စထိ တာရှိတယ်။ နမ္မတူမှာက တိုက်ပွဲက ဖြစ်နေတာ နည်းနည်းကြာပြီလေ၊ ဖြစ်လိုက် ရပ်လိုက်ပဲ၊ နမ္မတူမှာ မန်စံ အုပ်စု ဘက်ဆိုလည်း အခုထိ ရွာမပြန်နိုင်ကြသေးဘူးနော်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြော သည်။

ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ စစ်ဘေးလွတ်ရာနေရာများ သို့ ထွက် ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

နမ္မတူက ဒေသခံတစ်ဦးကလည်း “ကျနော်တို့ မန်စံမှာ ရှိနေရွာ နှစ်ရွာက လူတွေဆို အခုထိ လုံးဝမပြန်ရ သေးဘူး။ နားငူးရယ် နားဟန်းရယ်က ရွာသားတွေပေါ့၊ တခြားရွာကလည်း ခနပြန်တာလောက်ပဲ ရှိတာ ပါ။ အိမ်ပြန်ကြည့် ပြီးရင်ပြန်လာ အဲ့လိုပဲ။ စစ်ရှောင်တွေက လုံးဝမပြန်ရသေးဘူး။ စားရေးသောက်ရေး က ကျနော်တို့ သူများလာလှူတဲ့ဟာနဲ့ ကျနော် တို့ စုဆောင်းထားတဲ့ဟာလေးတွေနဲ့ပေါ့ ဒါလေးတွေနဲ့ပဲ ပံ့ပိုး ပေးနေရတာပေါ့။ ကျနော်တို့ ဒေသက တိုက်ပွဲ ကြီးကြီးကျယ်မဟုတ်ရင်တောင် နေ့တိုင်း ပစ်ခတ်မှုက ရှိ နေတာပေါ့။ ရှိနေတော့ ဘယ်သူမှ မပြန်ရဲကြဘူး။ တအန်းနဲ့ SSPP နဲ့ ပူးပေါင်းအဖွဲ့ပေါ့ဗျာ ပူးပေါင်း အဖွဲ့ နဲ့ RCSS နဲ့ ဖြစ်နေတာ” ဟု ပြောသည်။

ထို့အပြင် မတ်လ ၂၃ ရက်နေ့က နမ့်ဆန်မြို့နယ်အတွင်းက မာမို့ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် TNLA နှင့် RCSS တို့အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပျက်စီး သွားသည် ဟု ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းက မတ်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေး လွတ်ရာ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

ကျောက်မဲဒေသခံတစ်ဦးက “TNLA နဲ့ RCSS နဲ့ ဖြစ်တာပါ။ ထွက်ပြေးကြတယ် အကုန်လုံးပဲ။ စျေးသည် တွေ ရော အကုန်လုံးပဲ ပြေးရတာ။ လမ်းမှာ သူများ ထမင်းစားရပ်နားတဲ့နေရာမှာ ပစ်ခတ်နေကြတာပါ။ ကျောက်မဲ နဲ့ မိုင်းငေါ့ကြားမှာ ဖြစ်တာ။ ကျမတို့ဆို ဘယ်သူ့ကို အားကိုးရမှန်းတောင်မသိဘူး။ သူတို့က အချင်းချင်း ဖြစ်နေ ကြတာ။ ပြည်သူတွေက သူတို့ကိုလည်း ကြောက်ရတယ်။ စစ်တပ်ကိုလည်း ကြောက် ရတယ်” ဟု ပြောသည်။

သီပေါမြို့နယ်ရှိ ကုန်းဆာကျေးရွာအုပ်စုအတွင်းက ကျေးရွာများအနီး မတ်လ ၂၂ ရက်နေ့က စတင်ဖြစ်ပွား လာ သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်တော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၃၀၀ ကျော် စစ်ဘေးတိန်းရှောင်နေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ကုန်းဆာကျေးရွာအုပ်စုထဲက တာပုလဲ၊ ပန်ခါး၊ ဆွန်လုံ စသည့် ကျေးရွာမှ ဒေသခံရွာသားများ သီပေါမြို့ရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းနှင့် နမ့်အွန်ကျေးရွာက ဘုန်းကြီးကျောင်မှာ စစ်ဘေးတိန်းရှောင်နေရသည်ဟု ပြောသည်။

“၂၂ ရက်နေ့ ညက တိုက်ပွဲဖြစ်လို့ ရွာသားတွေ စပြီးရောက်လာတယ်။ အဲ့ညမှာလည်း ထပ်ရောက်တယ်။ ၂၃ ရက်နေ့ကလည်း ထပ်ရောက်တယ်။ အခု အားလုံးဆို ၃၀၀ လောက်ရှိပြီ။ အစားအသောက်ကတော့ ကျနော် တို့ အဖွဲ့နဲ့ ကျေးရွာရပ်မိရပ်ဖတွေရော ဆီ၊ ဆန်၊ ဆား ကူညီပေးကြပါတယ်။ တခြားတော့ ဘာအကူအညီမှ မရ သေးပါဘူး” ဟု ပရဟိအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်က SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ နှင့် RCSS တပ်တို့အကြား ကျောက်မဲမြို့နယ် တော့ ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် အတွက် ဒေသခံရွာသား တစ်ထောင်ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်မှာ ယနေ့အထိ အချိန်ထိ ဖြစ်သည်။

Photo – Crd

*** ZAWGYI ***
ရွမ္းေျမာက္တိုက္ပြဲ ဘုန္းႀကီးေက်ာင္းထဲ လက္နက္ႀကီးက်၊ ဆရာေတာ္ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက နမၼတူၿမိဳ႕နယ္ ပန္ေဆာ့ေက်း႐ြာအုပ္စုအတြင္း တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/ TNLA ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တို႔အၾကား မတ္လ ၂၄ ရက္ေန႔ က ျဖစ္ပြားခဲ့ သည့္ တိုက္ပြဲေၾကာင့္ ပန္ကြတ္ေက်း႐ြာဘုန္းႀကီးေက်ာင္းဝန္းထဲသို႔ လက္နက္ႀကီးက်ည္ ၂ လုံးက်ေရာက္ခဲ့ သည့္ အတြက္ ဆရာေတာ္တစ္ပါး က်ည္စထိမွန္ခဲ့သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“ပန္ကြက္ဘုန္းႀကီးေက်ာင္းထဲက်၊ လက္နက္ႀကီး ၂ လုံးေပါ့၊ အဲ့မွာ ေက်ာင္းက ဆရာေတာ္တစ္ပါး က်ည္ စထိ တာရွိတယ္။ နမၼတူမွာက တိုက္ပြဲက ျဖစ္ေနတာ နည္းနည္းၾကာၿပီေလ၊ ျဖစ္လိုက္ ရပ္လိုက္ပဲ၊ နမၼတူမွာ မန္စံ အုပ္စု ဘက္ဆိုလည္း အခုထိ ႐ြာမျပန္ႏိုင္ၾကေသးဘူးေနာ္” ဟု အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦးက ေျပာ သည္။

ေက်ာက္မဲ၊ သီေပါ၊ နမၼတူႏွင့္ နမ့္ဆန္ၿမိဳ႕နယ္တို႔တြင္ တိုင္းရင္းသား လက္နက္ကိုင္ အခ်င္းခ်င္းၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ ေဒသခံျပည္သူမ်ား စစ္ေဘးလြတ္ရာေနရာမ်ား သို႔ ထြက္ ေျပးေနရၿပီး ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားလည္း ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

နမၼတူက ေဒသခံတစ္ဦးကလည္း “က်ေနာ္တို႔ မန္စံမွာ ရွိေန႐ြာ ႏွစ္႐ြာက လူေတြဆို အခုထိ လုံးဝမျပန္ရ ေသးဘူး။ နားငူးရယ္ နားဟန္းရယ္က ႐ြာသားေတြေပါ့၊ တျခား႐ြာကလည္း ခနျပန္တာေလာက္ပဲ ရွိတာ ပါ။ အိမ္ျပန္ၾကည့္ ၿပီးရင္ျပန္လာ အဲ့လိုပဲ။ စစ္ေရွာင္ေတြက လုံးဝမျပန္ရေသးဘူး။ စားေရးေသာက္ေရး က က်ေနာ္တို႔ သူမ်ားလာလႉတဲ့ဟာနဲ႔ က်ေနာ္ တို႔ စုေဆာင္းထားတဲ့ဟာေလးေတြနဲ႔ေပါ့ ဒါေလးေတြနဲ႔ပဲ ပံ့ပိုး ေပးေနရတာေပါ့။ က်ေနာ္တို႔ ေဒသက တိုက္ပြဲ ႀကီးႀကီးက်ယ္မဟုတ္ရင္ေတာင္ ေန႔တိုင္း ပစ္ခတ္မႈက ရွိ ေနတာေပါ့။ ရွိေနေတာ့ ဘယ္သူမွ မျပန္ရဲၾကဘူး။ တအန္းနဲ႔ SSPP နဲ႔ ပူးေပါင္းအဖြဲ႕ေပါ့ဗ်ာ ပူးေပါင္း အဖြဲ႕ နဲ႔ RCSS နဲ႔ ျဖစ္ေနတာ” ဟု ေျပာသည္။

ထို႔အျပင္ မတ္လ ၂၃ ရက္ေန႔က နမ့္ဆန္ၿမိဳ႕နယ္အတြင္းက မာမို႔ေက်း႐ြာအနီး ျဖစ္ပြားခဲ့သည့္ TNLA ႏွင့္ RCSS တို႔အၾကား တိုက္ပြဲေၾကာင့္ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္း လက္နက္ႀကီး ထိမွန္ၿပီး မီးေလာင္ပ်က္စီး သြားသည္ ဟု ေဒသခံမ်ားက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းက မတ္လ ၂၃ ရက္ေန႔က ျဖစ္ပြားခဲ့သည့္တိုက္ပြဲေၾကာင့္ ေဒသခံမ်ား စစ္ေဘး လြတ္ရာ ထြက္ေျပးခဲ့ရသည္ဟု သိရသည္။

ေက်ာက္မဲေဒသခံတစ္ဦးက “TNLA နဲ႔ RCSS နဲ႔ ျဖစ္တာပါ။ ထြက္ေျပးၾကတယ္ အကုန္လုံးပဲ။ ေစ်းသည္ ေတြ ေရာ အကုန္လုံးပဲ ေျပးရတာ။ လမ္းမွာ သူမ်ား ထမင္းစားရပ္နားတဲ့ေနရာမွာ ပစ္ခတ္ေနၾကတာပါ။ ေက်ာက္မဲ နဲ႔ မိုင္းေငါ့ၾကားမွာ ျဖစ္တာ။ က်မတို႔ဆို ဘယ္သူ႔ကို အားကိုးရမွန္းေတာင္မသိဘူး။ သူတို႔က အခ်င္းခ်င္း ျဖစ္ေန ၾကတာ။ ျပည္သူေတြက သူတို႔ကိုလည္း ေၾကာက္ရတယ္။ စစ္တပ္ကိုလည္း ေၾကာက္ ရတယ္” ဟု ေျပာသည္။

သီေပါၿမိဳ႕နယ္ရွိ ကုန္းဆာေက်း႐ြာအုပ္စုအတြင္းက ေက်း႐ြာမ်ားအနီး မတ္လ ၂၂ ရက္ေန႔က စတင္ျဖစ္ပြား လာ သည့္ ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္ေတာ္ ေျမာက္ပိုင္း (SSPP/SSA) ႏွင့္ ရွမ္းျပည္ျပန္လည္ထူ ေထာင္ေရး ေကာင္စီ/ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္း RCSS/SSA တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ျပည္သူ ၃၀၀ ေက်ာ္ စစ္ေဘးတိန္းေရွာင္ေနရသည္ဟု အကူအညီေပးေနသူမ်ားက ေျပာသည္။

ကုန္းဆာေက်း႐ြာအုပ္စုထဲက တာပုလဲ၊ ပန္ခါး၊ ဆြန္လုံ စသည့္ ေက်း႐ြာမွ ေဒသခံ႐ြာသားမ်ား သီေပါၿမိဳ႕ရွိ ေအာင္မဂၤလာဘုန္းႀကီးေက်ာင္းႏွင့္ နမ့္အြန္ေက်း႐ြာက ဘုန္းႀကီးေက်ာင္မွာ စစ္ေဘးတိန္းေရွာင္ေနရသည္ဟု ေျပာသည္။

“၂၂ ရက္ေန႔ ညက တိုက္ပြဲျဖစ္လို႔ ႐ြာသားေတြ စၿပီးေရာက္လာတယ္။ အဲ့ညမွာလည္း ထပ္ေရာက္တယ္။ ၂၃ ရက္ေန႔ကလည္း ထပ္ေရာက္တယ္။ အခု အားလုံးဆို ၃၀၀ ေလာက္ရွိၿပီ။ အစားအေသာက္ကေတာ့ က်ေနာ္ တို႔ အဖြဲ႕နဲ႔ ေက်း႐ြာရပ္မိရပ္ဖေတြေရာ ဆီ၊ ဆန္၊ ဆား ကူညီေပးၾကပါတယ္။ တျခားေတာ့ ဘာအကူအညီမွ မရ ေသးပါဘူး” ဟု ပရဟိအသင္းတစ္ခုက တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ေဖေဖာ္ဝါရီလ ဒုတိယအပတ္က SSPP၊ TNLA ပူးေပါင္းတပ္ဖြဲ႕ ႏွင့္ RCSS တပ္တို႔အၾကား ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ ဆန္၊ လြယ္အံေက်း႐ြာအုပ္စုႏွင့္ နမၼတူၿမိဳ႕နယ္ မန္ဝါေက်း႐ြာအနီး တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည့္ အတြက္ ေဒသခံ႐ြာသား တစ္ေထာင္ေက်ာ္ ထြက္ေျပးတိမ္ေရွာင္ခဲ့ၾကရသည္မွာ ယေန႔အထိ အခ်ိန္ထိ ျဖစ္သည္။

Photo – Crd