မွန်ညီညွတ်ရေး ပါတီ ဗဟို အလုပ်အမှုဆောင် သုံးပုံတစ်ပုံ နှုတ်ထွက်စာတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် (CEC) သုံးပုံ တစ်ပုံကျော် ပါတီမှ နှုတ်ထွက်စာ တင်ထားသည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ကွယ်လွန်သွားသူ နှင့် တာဝန်ပြောင်းလဲယူထားသူ အချို့တို့ကြောင့် လက်ရှိတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၈ ဦး ရှိ သည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၈ ဦးထဲတွင် စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည်ကို လက်မခံသည့် ပါတီဝင် ၂၀ ဦးတို့က ပါတီဗဟိုကို စာတင်ပြီး နှုတ်ထွက်ကြခြင်းသည်။

“အာဏာသိမ်း စစ်ကောင်စီနဲ့ MUP ပူးပေါင်းလိုက်ကြတယ်၊ ကျနော်တို့က ပူးပေါင်းလို့မရဘူး အဲဒါကြောင့် နှုတ် ထွက်တာ၊ CEC အားလုံး ၂၀ ဦး၊ နှုတ်ထွက်စာ တင်ထားတာနဲ့ ပတ်သက်ပြီးတော့ ပါတီဗဟိုကနေ တစ်စုံ တစ်ရာ အကြောင်းပြန်လာတာတော့ မရှိသေးဘူး” ဟု ပါတီမှ နှုတ်ထွက်ထားသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်စိုးမြင့် က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် စစ်ကောင်စီတွင် ပါဝင်သွားရန် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ပါတီဗဟိုကော်တီဝင်အများစုတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ထားသည်။

စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့်လည်း သွေဖယ်နေသည်ဆိုပြီး ပါတီဗဟိုအလုပ်အမှုဆောင်ပါတီဝင်များအပြင် ဗဟိုကော်မတီဝင်နှင့် ပါတီအများအပြားလည်း နှုတ်ထွက် ကြ သည်။

ပါတီဝင်များ နှုတ်ထွက်စာ တင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးတစ်ရပ်ကျင်းပြီး ဆွေးနွေးမှုပြုလုပ်ထားသော်လည်း လက်ရှိတွင် ထုတ်ဖော် မပြောကြားလိုသေးဘူးဟု ပါတီခေါင်းဆောင်က ပြောသည်။

“ပါတီကနေ နှုတ်ထွက်ကြမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်ကတော့ ဘာမှမပြောလိုသေးဘူး၊ နှုတ် ထွက်စာ တင်ထားတဲ့ CEC ကတော့ ၁၉/၂၀ ဦး ရှိတယ်” ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်တစ်နေရာ ပါဝင် တာဝန်ယူထားသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည် ပြည်သူထု အကြား ဝေဖန်ပြောဆိုခံနေရသလို ပါတီတွင်းမှာလည်း လက်ခံသူနှင့် လက်မခံသူတို့အကြား သဘောထားကွဲလွဲ နေသည်။

ပါတီအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လို သည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ကမ်းလှမ်းချက်ကို လက်ခံရန် ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောဆိုထားသည်။

*** ZAWGYI ***
မြန္ညီၫြတ္ေရး ပါတီ ဗဟို အလုပ္အမႈေဆာင္ သုံးပုံတစ္ပုံ ႏႈတ္ထြက္စာတင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။

စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီပါဝင္သည့္အေပၚ လက္မခံသည့္ ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ ဝင္ (CEC) သုံးပုံ တစ္ပုံေက်ာ္ ပါတီမွ ႏႈတ္ထြက္စာ တင္ထားသည္ဟု ပါတီထိပ္ပိုင္းေခါင္းေဆာင္မ်ားက ေျပာသည္။

မြန္ညီၫြတ္ေရးပါတီသည္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၆၁ ဦးတို႔ျဖင့္ ဖြဲ႕စည္းထားၿပီး ကြယ္လြန္သြားသူ ႏွင့္ တာဝန္ေျပာင္းလဲယူထားသူ အခ်ိဳ႕တို႔ေၾကာင့္ လက္ရွိတြင္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၅၈ ဦး ရွိ သည္။

အဆိုပါ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၅၈ ဦးထဲတြင္ စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီပါဝင္သည္ကို လက္မခံသည့္ ပါတီဝင္ ၂၀ ဦးတို႔က ပါတီဗဟိုကို စာတင္ၿပီး ႏႈတ္ထြက္ၾကျခင္းသည္။

“အာဏာသိမ္း စစ္ေကာင္စီနဲ႔ MUP ပူးေပါင္းလိုက္ၾကတယ္၊ က်ေနာ္တို႔က ပူးေပါင္းလို႔မရဘူး အဲဒါေၾကာင့္ ႏႈတ္ ထြက္တာ၊ CEC အားလုံး ၂၀ ဦး၊ ႏႈတ္ထြက္စာ တင္ထားတာနဲ႔ ပတ္သက္ၿပီးေတာ့ ပါတီဗဟိုကေန တစ္စုံ တစ္ရာ အေၾကာင္းျပန္လာတာေတာ့ မရွိေသးဘူး” ဟု ပါတီမွ ႏႈတ္ထြက္ထားသည့္ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ႏိုင္စိုးျမင့္ က ေျပာသည္။

မြန္ညီၫြတ္ေရးပါတီအေနျဖင့္ စစ္ေကာင္စီတြင္ ပါဝင္သြားရန္ ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ႏွင့္ ပါတီဗဟိုေကာ္တီဝင္အမ်ားစုတို႔၏ သေဘာတူညီမႈျဖင့္ ဆုံးျဖတ္ထားသည္။

စစ္ေကာင္စီတြင္ မြန္ညီၫြတ္ေရးပါတီ ပါဝင္ျခင္းသည္ ပါတီအေျခခံစည္းမ်ဥ္းႏွင့္လည္း ေသြဖယ္ေနသည္ဆိုၿပီး ပါတီဗဟိုအလုပ္အမႈေဆာင္ပါတီဝင္မ်ားအျပင္ ဗဟိုေကာ္မတီဝင္ႏွင့္ ပါတီအမ်ားအျပားလည္း ႏႈတ္ထြက္ ၾက သည္။

ပါတီဝင္မ်ား ႏႈတ္ထြက္စာ တင္ထားသည့္ကိစၥႏွင့္ ပတ္သက္ၿပီး မတ္လ ၂၉ ရက္ေန႔က ပါတီဗဟိုအလုပ္အမႈ ေဆာင္ေကာ္မတီ အစည္းအေဝးတစ္ရပ္က်င္းၿပီး ေဆြးေႏြးမႈျပဳလုပ္ထားေသာ္လည္း လက္ရွိတြင္ ထုတ္ေဖာ္ မေျပာၾကားလိုေသးဘူးဟု ပါတီေခါင္းေဆာင္က ေျပာသည္။

“ပါတီကေန ႏႈတ္ထြက္ၾကမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ေလာေလာဆယ္ကေတာ့ ဘာမွမေျပာလိုေသးဘူး၊ ႏႈတ္ ထြက္စာ တင္ထားတဲ့ CEC ကေတာ့ ၁၉/၂၀ ဦး ရွိတယ္” ဟု ပါတီတြဲဖက္အတြင္းေရးမႉး (၂) ႏိုင္စံတင္က ေျပာသည္။

လက္ရွိတြင္ မြန္ညီၫြတ္ေရးပါတီအေနႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ အဖြဲ႕ဝင္တစ္ေနရာႏွင့္ မြန္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ အဖြဲ႕ဝင္တစ္ေနရာ ပါဝင္ တာဝန္ယူထားသည္။

မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သြားရန္ ဆုံးျဖတ္ခ်က္သည္ ျပည္သူထု အၾကား ေဝဖန္ေျပာဆိုခံေနရသလို ပါတီတြင္းမွာလည္း လက္ခံသူႏွင့္ လက္မခံသူတို႔အၾကား သေဘာထားကြဲလြဲ ေနသည္။

ပါတီအေနႏွင့္ ထိပ္တိုက္ရင္ဆိုင္ရမည့္ လမ္းေၾကာင္းထက္ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းေပၚေရာက္လို သည့္ ရည္႐ြယ္ခ်က္ႏွင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သည့္ ကမ္းလွမ္းခ်က္ကို လက္ခံရန္ ဆုံး ျဖတ္လိုက္ျခင္းျဖစ္သည္ဟု ပါတီတြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာဆိုထားသည္။