လေယာဉ်ဖြင့် တိုက်ခိုက်မှု ၇ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။

ကရင်ဒေသအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ ၏ လက်နက်ကိုင်တပ်များက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် ဒေသခံ ၉ ဦးထိမှန်ကာ ၇ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆောထိ(ရွှေကျင်)မြို့နယ် ကရင်လူမှုရေးရာ အဖွဲ့ တာဝန်ရှိသူ စောအယ်စတား က ပြောသည်။

၎င်းက “ကျနော်တို့ ဆောထိမြို့နယ်ပေါ့နော် ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ကျနော်တို့ နယ်နမချောင်းဖျား ကိုမိုး အောင်ရဲ့ ကုမ္ပဏီပေါ့နော် သတ္တုတွင်းတူးဖော်တဲ့ ကုမ္ပဏီပေါ့ ရွှေသတ္တုပေါ့နော် ရွှေသတ္တုတူးဖော်တဲ့ နေရာမှာ အဲမှာ သူကကြဲချတဲ့အခါကျတော့ အဲဒီမှာ ကျနော်တို့ ၉ ဦးထိတဲ့အနက်မှာ ကျနော်တို့ ၇ ဦး က သေဆုံးသွားပြီ ပေါ့နော။ ကျန်တဲ့ဒဏ်ရာရတဲ့ ၂ ယောက်ကတော့ တစ်ယောက်က တော်တော် အခြေအနေဆိုးတယ်” ဟု ပြော သည်။

စစ်ကောင်စီ တပ် မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် နေရာသည် မဲကဒိဒေသတွင် ဖြစ်ပွားခဲ့ပြီး ဆောထိ (ရွှေကျင်)နှင့် မူတြော်(ဖာပွန်) တို့ နယ်စပ်ချင်းထိစပ်သည့် နေရာတွင်ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြော သည်။

“ကျနော်တို့ မဲကဒိဒေသ မဲကဒိဒေသရဲ့ အပေါ်ဖက်မှာ ကုမ္ပဏီတစ်ခုရှိတယ်။ ဦးမိုးအောင်ကုမ္ပဏီမှာရှိတဲ့ ရွှေစက် လမ်းပေါ့ဗျာ။ အဲဒါကို သူတို့က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ကျနော်တို့ ၇ ယောက်ထိသွားတယ်။ သေသွား တယ်။ ကျသွားတယ်ပေါ့။ ကျနော်တို့ ရွှေကျင်မြို့နယ်နဲ့ ဖာပွန်မြို့နယ်ကြားပေါ့ နယ်စပ်ပေါ့ ရွှေကျင်နဲ့ ဖာပွန် ထိစပ်တဲ့ နယ်မြေပေါ့ဗျာ။”

ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ထီးဖဒိုရွာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ မတ်လ ၃၀ ရက်နေ့ ညနေ ၃း၀၀ နာရီခန့် အချိန်တွင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း၊ လာရောက်ဗုံးကြဲပစ်မှုတွင် ထီးဖဒိုရွာမှ ပြည်သူ ၆ ဦးကိုထိမှန်သေဆုံးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ထို့အပြင် ကေအဲန်ယူ – မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းရှိ မဲဝိုင်ဒေသကိုလည်း ယနေ့မှာပင် လေယာဉ် ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့သည်ဟု KNU က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ တပ်ဖွဲ့ ဝင်များ က စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းယူပြီး နောက်ပိုင်းတွင် နှစ်ဖက် ကြား စစ်ရေးတင်မာမှုများ မြင့်တက်ခဲ့ပြီး တိုက်ပွဲများမှာ နေ့တိုင်းနီးပါး ဖြစ်ပွားနေသည် ဟု ဆိုသည်။

မတ်လ ၂၇ နှင့် ၂၈ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေ ယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ သည့်အပြင် လူနေအိမ်များလည်း မီးလောင်ပျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ အခြေအနေများသည် လက်ရှိတွင် KNU တပ်မဟာ ၃ ဖက်တွင်ပါ ဖြစ်ပွားလာသည့်အတွက် ဒေသခံများ ၏ လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူ မှုရေးရာ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

စောစိပတြော်က “အခုက လူမှုဘဝလုံခြုံမှုဆိုတာ ပြည်မမှာ မကပဲ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာပဲ လူ မှုဘဝလုံခြုံမှုဆိုတာ ဘာမှမရှိတော့ဘူးပေါ့။ ဒီလိုမျိုး ဟိုအပေါ်ကနေပြီးတော့ လေယာဉ်နဲ့ လာပစ်ကြတယ်။ အခုကျနော်တို့ မြေပြန့်က ပြည်သူတွေလည်း အဲလိုပဲ ညဖက်ဆိုကြောက်နေရတယ်။ ဟိုဖက်တောင်ပေါ်ဒေသ လည်း အကုန်လုံးသူတို့ ညဖက်ဆိုကျင်းတွေ တူးပြီးတော့ အဲလိုမျိုး နေနေရတဲ့ အနေအထား ကျနော်တို့ မြေ ပြန့်ဒေသမှာလည်း အဲလိုမျိုးပဲ နားအမြဲတမ်းစွင့်ထားရတယ်။ အခြေအနေ နေ့တိုင်း ၂၇ ရက်နေ့နောက်ပိုင်း မှာ တောက်လျှောက်ဖြစ်နေတာ ကျနော်တို့ ဒီဖက် ကျောက်ကြီးဖက်မှာလည်း ပစ်ခတ်မှုတွေ လက်နက်ကြီးထုတာ တွေ ညတုန်းကလည်း ဖြစ်တယ် နေ့တိုင်းပါပဲ အဲလိုဖြစ်တဲ့အပေါ်မှာ အခုဒီနေ့ကတော့ နည်းနည်းတော့ ပိုပြီး တော့ အခြေအနေ ဆိုးရွားတာပေါ့။ ဒီ ကျနော်တို့ တပ်မဟာ ၃ ဖက်မှာ။”

စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် KNU တပ်မဟာ အသီးသီးမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် ရေနှင့် အစားအသောက်များပါသာမက အဖက်ဖက်မှ လိုအပ်မှု များရှိနေ သည်ဟု ကရင်လူမှုအသင်းအဖွဲ့များက ပြောသည်။

*** ZAWGYI ***
ေလယာဥ္ျဖင့္ တိုက္ခိုက္မႈ ၇ ဦးေသ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။

ကရင္ေဒသအတြင္းသို႔ ေလယာဥ္ျဖင့္ ဗုံးႀကဲ တိုက္ခိုက္သည့္အတြက္ ေဒသခံ ၇ ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၃ ထိန္းခ်ဳပ္သည့္ ဧရိယာအတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီ ၏ လက္နက္ကိုင္တပ္မ်ားက ေလယာဥ္ျဖင့္ လာေရာက္ဗုံးႀကဲသည့္အတြက္ ေဒသခံ ၉ ဦးထိမွန္ကာ ၇ ဦးမွာ ပြဲခ်င္းၿပီးေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

မတ္လ ၃၀ ရက္ေန႔ (ယေန႔) တြင္ KNU တပ္မဟာ ၃ ေညာင္ေလးပင္ခ႐ိုင္ ေဆာထိ(ေ႐ႊက်င္) ၿမိဳ႕နယ္အတြင္း သို႔ စစ္ေကာင္စီတပ္ဖြဲ႕မွ လာေရာက္ ဗုံးႀကဲတိုက္ခိုက္ခဲ့သည္ဟု ေဆာထိ(ေ႐ႊက်င္)ၿမိဳ႕နယ္ ကရင္လူမႈေရးရာ အဖြဲ႕ တာဝန္ရွိသူ ေစာအယ္စတား က ေျပာသည္။

၎က “က်ေနာ္တို႔ ေဆာထိၿမိဳ႕နယ္ေပါ့ေနာ္ ဒီေန႔ ေန႔ခင္း ၁၂ နာရီခြဲမွာ က်ေနာ္တို႔ နယ္နမေခ်ာင္းဖ်ား ကိုမိုး ေအာင္ရဲ႕ ကုမၸဏီေပါ့ေနာ္ သတၱဳတြင္းတူးေဖာ္တဲ့ ကုမၸဏီေပါ့ ေ႐ႊသတၱဳေပါ့ေနာ္ ေ႐ႊသတၱဳတူးေဖာ္တဲ့ ေနရာမွာ အဲမွာ သူကႀကဲခ်တဲ့အခါက်ေတာ့ အဲဒီမွာ က်ေနာ္တို႔ ၉ ဦးထိတဲ့အနက္မွာ က်ေနာ္တို႔ ၇ ဦး က ေသဆုံးသြားၿပီ ေပါ့ေနာ။ က်န္တဲ့ဒဏ္ရာရတဲ့ ၂ ေယာက္ကေတာ့ တစ္ေယာက္က ေတာ္ေတာ္ အေျခအေနဆိုးတယ္” ဟု ေျပာ သည္။

စစ္ေကာင္စီ တပ္ မွ ေလယာဥ္ျဖင့္ ဗုံးႀကဲခဲ့သည့္ ေနရာသည္ မဲကဒိေဒသတြင္ ျဖစ္ပြားခဲ့ၿပီး ေဆာထိ (ေ႐ႊက်င္)ႏွင့္ မူေၾတာ္(ဖာပြန္) တို႔ နယ္စပ္ခ်င္းထိစပ္သည့္ ေနရာတြင္ျဖစ္သည္ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာ သည္။

“က်ေနာ္တို႔ မဲကဒိေဒသ မဲကဒိေဒသရဲ႕ အေပၚဖက္မွာ ကုမၸဏီတစ္ခုရွိတယ္။ ဦးမိုးေအာင္ကုမၸဏီမွာရွိတဲ့ ေ႐ႊစက္ လမ္းေပါ့ဗ်ာ။ အဲဒါကို သူတို႔က ေလယာဥ္နဲ႔ ဗုံးလာႀကဲသြားတာ က်ေနာ္တို႔ ၇ ေယာက္ထိသြားတယ္။ ေသသြား တယ္။ က်သြားတယ္ေပါ့။ က်ေနာ္တို႔ ေ႐ႊက်င္ၿမိဳ႕နယ္နဲ႔ ဖာပြန္ၿမိဳ႕နယ္ၾကားေပါ့ နယ္စပ္ေပါ့ ေ႐ႊက်င္နဲ႔ ဖာပြန္ ထိစပ္တဲ့ နယ္ေျမေပါ့ဗ်ာ။”

ေညာင္ေလးပင္ခ႐ိုင္ ေဆာထိၿမိဳ႕နယ္ အတြင္းရွိ ထီးဖဒို႐ြာကို အာဏာသိမ္းအၾကမ္းဖက္စစ္အုပ္စုမွ မတ္လ ၃၀ ရက္ေန႔ ညေန ၃း၀၀ နာရီခန္႔ အခ်ိန္တြင္ ေလယာဥ္ျဖင့္ လာေရာက္ဗုံးႀကဲပစ္ခတ္ခဲ့ေၾကာင္း၊ လာေရာက္ဗုံးႀကဲပစ္မႈတြင္ ထီးဖဒို႐ြာမွ ျပည္သူ ၆ ဦးကိုထိမွန္ေသဆုံးခဲ့သည္ဟု KNU က ထုတ္ျပန္ထားသည္။

ထို႔အျပင္ ေကအဲန္ယူ – မူေၾတာ္ခ႐ိုင္ တပ္မဟာ ၅ အတြင္းရွိ မဲဝိုင္ေဒသကိုလည္း ယေန႔မွာပင္ ေလယာဥ္ ျဖင့္ ႏွစ္ႀကိမ္လာေရာက္ ဗုံးႀကဲ ပစ္ခတ္ခဲ့သည္ဟု KNU က ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၂၇ ရက္ေန႔ ေနာက္ပိုင္းတြင္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ တပ္ဖြဲ႕ ဝင္မ်ား က စစ္ေကာင္စီ၏ အေရးပါသည့္ တပ္စခန္းတစ္ခုကို ဝင္ေရာက္တိုက္ခိုက္ သိမ္းယူၿပီး ေနာက္ပိုင္းတြင္ ႏွစ္ဖက္ ၾကား စစ္ေရးတင္မာမႈမ်ား ျမင့္တက္ခဲ့ၿပီး တိုက္ပြဲမ်ားမွာ ေန႔တိုင္းနီးပါး ျဖစ္ပြားေနသည္ ဟု ဆိုသည္။

မတ္လ ၂၇ ႏွင့္ ၂၈ ရက္ေန႔ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက တပ္မဟာ ၅ ဧရိယာအတြင္းသို႔ ေလ ယာဥ္ျဖင့္ လာေရာက္ ဗုံးႀကဲတိုက္ခိုက္သည့္အတြက္ ေဒသခံျပည္သူ ၃ ဦးေသဆုံးခဲ့ၿပီး ၉ ဦး ထိခိုက္ဒဏ္ရာရွိခဲ့ သည့္အျပင္ လူေနအိမ္မ်ားလည္း မီးေလာင္ပ်က္ဆီးခဲ့သည္ဟု KNU က ထုတ္ျပန္ထားသည္။

ထိုကဲ့သို႔ အေျခအေနမ်ားသည္ လက္ရွိတြင္ KNU တပ္မဟာ ၃ ဖက္တြင္ပါ ျဖစ္ပြားလာသည့္အတြက္ ေဒသခံမ်ား ၏ လူမႈဘဝလုံၿခဳံေရးအတြက္ စိုးရိမ္ေနရသည့္ အေျခအေနတြင္ ရွိေနသည္ဟု ေညာင္ေလးပင္ခ႐ိုင္ ကရင္လူ မႈေရးရာ တာဝန္ရွိသူ ေစာစိပေၾတာ္ က ေျပာသည္။

ေစာစိပေၾတာ္က “အခုက လူမႈဘဝလုံၿခဳံမႈဆိုတာ ျပည္မမွာ မကပဲ က်ေနာ္တို႔ တိုင္းရင္းသား ေဒသေတြမွာပဲ လူ မႈဘဝလုံၿခဳံမႈဆိုတာ ဘာမွမရွိေတာ့ဘူးေပါ့။ ဒီလိုမ်ိဳး ဟိုအေပၚကေနၿပီးေတာ့ ေလယာဥ္နဲ႔ လာပစ္ၾကတယ္။ အခုက်ေနာ္တို႔ ေျမျပန႔္က ျပည္သူေတြလည္း အဲလိုပဲ ညဖက္ဆိုေၾကာက္ေနရတယ္။ ဟိုဖက္ေတာင္ေပၚေဒသ လည္း အကုန္လုံးသူတို႔ ညဖက္ဆိုက်င္းေတြ တူးၿပီးေတာ့ အဲလိုမ်ိဳး ေနေနရတဲ့ အေနအထား က်ေနာ္တို႔ ေျမ ျပန႔္ေဒသမွာလည္း အဲလိုမ်ိဳးပဲ နားအၿမဲတမ္းစြင့္ထားရတယ္။ အေျခအေန ေန႔တိုင္း ၂၇ ရက္ေန႔ေနာက္ပိုင္း မွာ ေတာက္ေလွ်ာက္ျဖစ္ေနတာ က်ေနာ္တို႔ ဒီဖက္ ေက်ာက္ႀကီးဖက္မွာလည္း ပစ္ခတ္မႈေတြ လက္နက္ႀကီးထုတာ ေတြ ညတုန္းကလည္း ျဖစ္တယ္ ေန႔တိုင္းပါပဲ အဲလိုျဖစ္တဲ့အေပၚမွာ အခုဒီေန႔ကေတာ့ နည္းနည္းေတာ့ ပိုၿပီး ေတာ့ အေျခအေန ဆိုး႐ြားတာေပါ့။ ဒီ က်ေနာ္တို႔ တပ္မဟာ ၃ ဖက္မွာ။”

စစ္ေကာင္စီတပ္မ်ားႏွင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တို႔အၾကား ျဖစ္ပြားလာသည့္ တိုက္ပြဲမ်ားေၾကာင့္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားေနသည့္ KNU တပ္မဟာ အသီးသီးမွ ျပည္သူမ်ားမွာ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရၿပီး ၎တို႔အတြက္ ေရႏွင့္ အစားအေသာက္မ်ားပါသာမက အဖက္ဖက္မွ လိုအပ္မႈ မ်ားရွိေန သည္ဟု ကရင္လူမႈအသင္းအဖြဲ႕မ်ားက ေျပာသည္။