သေဆုံးသူ ၅၂၀ ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း (၅၂၁) ဦး ရှိပြီ ဟု AAPP ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မတ်လ ၃၀ ရက်နေ့တွင် မြစ်ကြီးနားတွင် တစ်ဦး၊ မူဆယ်တွင် တစ်ဦး၊ ကော့သောင်းတွင် တစ်ဦးတို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သေဆုံးသူ ၈ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

မြစ်ကြီးနားက ဒေသခံတစ်ဦးက “မနေ့က သူတို့က ခုခံတပ်နဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော်နေတာ၊ အဲ့မှာ အရပ် ဝတ်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ နှစ် ယောက်က ခုခံတပ် ဆန္ဒပြနေတဲ့ ပြည်သူဘက်ကို သေနတ်နဲ့ ပစ်ပြီးမှ ပြန်ပြီးထွက် သွားတယ်လို့ သိရတယ်။ အဲ့ မှာ အဆိုးဆုံးက နှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက် သေဆုံးသွားတယ်လို့ သိရ တယ်။ အဲ့မှာ တစ်ယောက်က တော့ လက်မောင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်လို့ သိရတယ်” ဟု ပြော သည်။

AAPP မှ ကောက်ယူရှိသည့် စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှု များကြောင့် သေဆုံးသူမှ ၅၂၁ ဦး ရှိပြီဖြစ်သော်လည်း အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက် ထက် ပိုများနေကြောင်းနှင့် ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်ဟု ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင်လည်း မတ် ၃၀ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီ တပ်၏ Sniper သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆန္ဒပြနေသည့် အမျိုးသားတစ်ဦး ခေါင်းကျည်ထိ မှန်ကာ သေဆုံးခဲ့သည်ဟု မူဆယ် ဒေသခံများက ပြောသည်။

“မူဆယ် အထက ၂ ကျောင်းနားမှာ ပြည်သူလူထုက ဆန္ဒပြနေကြတာ၊ လူထုသပိတ်ပေါ့၊ အဲ့ဒါကို စစ်တပ်က သေနတ်နဲ့ပစ်ပြီး အကြမ်းဖက်ဖြိုခွင်းတာ။ အဲ့မှာလူငယ်တစ်ဦး ခေါင်းကို ထိပြီးသေသွားတာ ဟုတ်တယ်။ မြင် တဲ့လူတွေပြောတော့ ပစ်တဲ့လူက အရပ်ဝတ်နဲ့လို့ပြောတယ်။” ဟု ပြောသည်။

မတ်လ (၂၉) ရက်နေ့ ည၉ နာရီအချိန်ခန့်ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့ ရှိ သုသာန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အလောင်း ၃ လောင်းထက်မနည်း လာရောက်မီးသဂြိုလ်ခဲ့သည်ဟု ဒေသခံများက မီဒီယာများ ပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ပြည်သူများကို နေ့စဉ်ရက်ဆက် အကြမ်းဖက်နည်းများသုံးကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်ပစ်ဗုံးများ၊ လောင်ချာများ၊ လကနက်ကြီး လက်နက်ငယ်များ၊ Sniper ဖြင့် ပစ်သတ်ခြင်းများ၊ နေအိမ်များနှင့် ပြည်သူပိုင်ကားများကို လည်း နေ့စဉ် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ၊ ဖမ်းမိပြည်သူများကိုလည်း ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ၊ အော်ဟစ်ဆဲဆိုခြင်းများ စသည့် အမျိုးမျိုးသော နှိမ်နှင်းအကြမ်းဖက်လျှက် ရှိသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် မတ်လ ၂၇ ရက်နေ့သည် ကလေးငယ်များအပါအဝင် လက် နက်မဲ့ပြည်သူများအပေါ် ရက်စက်စွာ ပစ်သတ်မှုကြောင့် လူဦးရေအများဆုံး သေဆုံးခဲ့သည့် နေ့တစ်နေ့ဖြစ် ပြီး ထိုနေ့တွင် အရပ်သားပြည်သူ တစ်ရာကျော် ကျဆုံးခဲ့ရသည်။

Photo – Crd

*** ZAWGYI ***
ေသဆုံးသူ ၅၂၀ ေက်ာ္သြားၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။

စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၃၀ ရက္ေန႔အထိ စစ္အာဏာရွင္ ေတာ္လွန္ေရး (​ေႏြဦးေတာ္လွန္ေရး) ကာလအတြင္း ေသဆုံးခဲ့ရသူ စုစုေပါင္း (၅၂၁) ဦး ရွိၿပီ ဟု AAPP ၏ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။

မတ္လ ၃၀ ရက္ေန႔တြင္ ျမစ္ႀကီးနားတြင္ တစ္ဦး၊ မူဆယ္တြင္ တစ္ဦး၊ ေကာ့ေသာင္းတြင္ တစ္ဦးတို႔ အပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေသဆုံးသူ ၈ ဦးရွိသည္ဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ထားသည္။

ျမစ္ႀကီးနားက ေဒသခံတစ္ဦးက “မေန႔က သူတို႔က ခုခံတပ္နဲ႔ ျပည္သူေတြက ဆႏၵထုတ္ေဖာ္ေနတာ၊ အဲ့မွာ အရပ္ ဝတ္နဲ႔ ဆိုင္ကယ္နဲ႔လာတဲ့ ႏွစ္ ေယာက္က ခုခံတပ္ ဆႏၵျပေနတဲ့ ျပည္သူဘက္ကို ေသနတ္နဲ႔ ပစ္ၿပီးမွ ျပန္ၿပီးထြက္ သြားတယ္လို႔ သိရတယ္။ အဲ့ မွာ အဆိုးဆုံးက ႏွစ္ေယာက္ဒဏ္ရာရၿပီး တစ္ေယာက္ ေသဆုံးသြားတယ္လို႔ သိရ တယ္။ အဲ့မွာ တစ္ေယာက္က ေတာ့ လက္ေမာင္းဒဏ္ရာ ျပင္းျပင္းထန္ထန္ရထားတယ္လို႔ သိရတယ္” ဟု ေျပာ သည္။

AAPP မွ ေကာက္ယူရွိသည့္ စာရင္းအရ စစ္အာဏာသိမ္းၿပီးေနာက္ စစ္တပ္၏ အၾကမ္းဖက္ၿဖိဳခြင္း ပစ္ခတ္မႈ မ်ားေၾကာင့္ ေသဆုံးသူမွ ၅၂၁ ဦး ရွိၿပီျဖစ္ေသာ္လည္း အမွန္တကယ္ က်ဆုံးသူမ်ားမွာ အဆိုပါအေရအတြက္ ထက္ ပိုမ်ားေနေၾကာင္းႏွင့္ ထပ္မံေကာက္ယူ ရရွိလာပါကလည္း ဆက္လက္ ေဖာ္ျပေပးသြားပါမည္ဟု ဆိုသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ကြက္တြင္လည္း မတ္ ၃၀ ရက္ေန႔ (ယမန္ေန႔) က စစ္ေကာင္စီ တပ္၏ Sniper ေသနတ္ျဖင့္ ပစ္ခတ္ခဲ့မႈေၾကာင့္ ဆႏၵျပေနသည့္ အမ်ိဳးသားတစ္ဦး ေခါင္းက်ည္ထိ မွန္ကာ ေသဆုံးခဲ့သည္ဟု မူဆယ္ ေဒသခံမ်ားက ေျပာသည္။

“မူဆယ္ အထက ၂ ေက်ာင္းနားမွာ ျပည္သူလူထုက ဆႏၵျပေနၾကတာ၊ လူထုသပိတ္ေပါ့၊ အဲ့ဒါကို စစ္တပ္က ေသနတ္နဲ႔ပစ္ၿပီး အၾကမ္းဖက္ၿဖိဳခြင္းတာ။ အဲ့မွာလူငယ္တစ္ဦး ေခါင္းကို ထိၿပီးေသသြားတာ ဟုတ္တယ္။ ျမင္ တဲ့လူေတြေျပာေတာ့ ပစ္တဲ့လူက အရပ္ဝတ္နဲ႔လို႔ေျပာတယ္။” ဟု ေျပာသည္။

မတ္လ (၂၉) ရက္ေန႔ ည၉ နာရီအခ်ိန္ခန႔္ကလည္း ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေအာင္ပန္းၿမိဳ႕ ရွိ သုသာန္တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႕မ်ားက အေလာင္း ၃ ေလာင္းထက္မနည္း လာေရာက္မီးသၿဂိဳလ္ခဲ့သည္ဟု ေဒသခံမ်ားက မီဒီယာမ်ား ေျပာဆိုထားသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ တပ္မ်ားက စစ္အာဏာရွင္ဆန႔္က်င္ေရး လုပ္ေဆာင္ေနသည့္ ျပည္သူမ်ားကို ေန႔စဥ္ရက္ဆက္ အၾကမ္းဖက္နည္းမ်ားသုံးကာ ပစ္ခတ္တိုက္ခိုက္ျခင္း၊ လက္ပစ္ဗုံးမ်ား၊ ေလာင္ခ်ာမ်ား၊ လကနက္ႀကီး လက္နက္ငယ္မ်ား၊ Sniper ျဖင့္ ပစ္သတ္ျခင္းမ်ား၊ ေနအိမ္မ်ားႏွင့္ ျပည္သူပိုင္ကားမ်ားကို လည္း ေန႔စဥ္ မီးရႈိ႕ျခင္း၊ ဖ်က္ဆီးျခင္းမ်ား၊ ဖမ္းမိျပည္သူမ်ားကိုလည္း ႐ိုက္ႏွက္ျခင္း၊ ႏွိပ္စက္ျခင္းမ်ား၊ ေအာ္ဟစ္ဆဲဆိုျခင္းမ်ား စသည့္ အမ်ိဳးမ်ိဳးေသာ ႏွိမ္ႏွင္းအၾကမ္းဖက္လွ်က္ ရွိသည္။

ထို႔အျပင္ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ မတ္လ ၂၇ ရက္ေန႔သည္ ကေလးငယ္မ်ားအပါအဝင္ လက္ နက္မဲ့ျပည္သူမ်ားအေပၚ ရက္စက္စြာ ပစ္သတ္မႈေၾကာင့္ လူဦးေရအမ်ားဆုံး ေသဆုံးခဲ့သည့္ ေန႔တစ္ေန႔ျဖစ္ ၿပီး ထိုေန႔တြင္ အရပ္သားျပည္သူ တစ္ရာေက်ာ္ က်ဆုံးခဲ့ရသည္။

Photo – Crd