မွန်ပြည်နယ် ဒေသအချို့ သောက်သုံးရေ အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သောက်သုံးရေအခက်အခဲများ စတင်ကြုံတွေ့နေရသည်ဟု ဒေသခံ များ နှင့် ရေပေးဝေ လှူဒါန်းနေသူအချို့၏ ပြောပြချက်များ အရ သိရသည်။

ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်း၊ ဘီးလင်း အစရှိသည့် မြို့နယ်တို့တွင် မတ်လဆန်းပိုင်း ခန့်မှစ၍ သောက်သုံးရေ အခက်အခဲ စတင်ကြုံတွေ့လာရပြီး အချို့ဒေသတွင် ရေကို ဝယ်သုံးနေရပြီ ဟု ဒေသခံ များ က ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အများစုကို အဓိက ရေဖြန့်ဝေပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းခြုံ ဆည်တို့တွင်လည်း ရေများ ခမ်းခြောက်လာသည့်အတွက် ရပ်ကွက်အချို့တို့တွင် ရေစတင်ပြတ်လပ်နေသည်ဟု ရပ်ကွက်နေသူတို့က ပြောသည်။

“ခါတိုင်းနှစ်ထက် ဒီနှစ်က ရေစောပြီး ပြတ်တယ်၊ ဆည်တွေမှာလည်း ရေတော်တော်ကျသွားတယ်၊ အခုကတော့ ရေကို ဝယ်သုံးနေတာပေါ့၊ ခါတိုင်းနှစ်လည်း ရေ ဝယ်ရတာပဲ၊ လာလှူပေးတာလဲရှိပါတယ်။ ဒီနှစ်ကတော့ ဘယ် လိုလာမလဲတော့ မသိဘူး လောလောဆယ်တော့ ဝယ်နေရတယ်” ဟု မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် နေ ပြည် သူတစ်ဦး က ပြောသည်။

ရာသီဥတု ပူပြင်းသည့်အတွက် ဆည်ရေများအပြင် ရေတွင်း၊ ရေကန်များလည်း ခမ်းခြောက်လာကြောင်း ယခု နှစ်သည် ယမန်နှစ်ကထက် ရေစောပြီး ခမ်းခြောက်မှုဖြစ်နေကြောင်း ဒေသခံများ က ပြောသည်။

“ရာသီဥတု တအားပူလာတော့ ရေတွင်းကရေတွေလည်း စခမ်းနေပြီး၊ တန်ခူးလတောင်မရောက်သေးဘူး၊ အခု ကတည်းက ရေက ခမ်းနေပြီးဆိုရင် ဒီနှစ်လည်း ရေ ဒုက္ခရောက်အုံးမယ်” ဟု မုဒုံမြို့နယ်မှ ဒေါ်ခင်ရီက ပြော သည်။

ယခင်နှစ်က မွန်ပြည်နယ်အတွင်း ရေရှားပါးမှုနှင့် သောက်သုံးရေအခက်အခဲ ပြဿနာကို သင်္ကြန်ကာလအပြီး နောက် မေလဆန်းခန့်မှသာ ကြုံခဲ့ရသော်လည်း ယခုနှစ်တွင် မတ်လဆန်းမှစတင်၍ ကြုံနေရပြီး ယခုလတွင် ပိုမိုဆိုးရွားလာသည်ဟု ဒေသခံများက ပြောသည်။

ယမန်နှစ်များက သောက်သုံးရေ ရှားပါးသည့် ရပ်ကွက် ကျေးရွာများသို့ ကျေးလက်ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့ နယ် မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံအလှူရှင်များ က ရေပေးဝေလှူဒါန်းမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ရေပေးဝေလှူဒါန်းမှုမရှိမည်ကိုလည်း ဒေသခံများ က စိုးရိမ်နေကြသည်။

မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် နွေရာသီကာလအတွင်း ရေရှားပါးမှု နှစ်စဉ် နှစ်တိုင်း ကြုံတွေ့ရလေ့ရှိပြီး ယမန်နှစ်မှစကာ မြို့နယ်အားလုံးနီးပါးတို့တွင် ရေရှားပါးမှု ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရသည်။

ပြည်နယ်အတွင်းက ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရေး ပြည်နယ်အစိုးရက ဘတ်ဂျတ်သိန်းပေါင်းများစွာ ကုန်ကျခံ ဆောင်ရွက်နေသော်လည်း ရေရှားမှုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

*** ZAWGYI ***
မြန္ျပည္နယ္ ေဒသအခ်ိဳ႕ ေသာက္သုံးေရ အခက္ေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၅ ရက္။

မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တို႔တြင္ ေသာက္သုံးေရအခက္အခဲမ်ား စတင္ႀကဳံေတြ႕ေနရသည္ဟု ေဒသခံ မ်ား ႏွင့္ ေရေပးေဝ လႉဒါန္းေနသူအခ်ိဳ႕၏ ေျပာျပခ်က္မ်ား အရ သိရသည္။

ျပည္နယ္အတြင္းရွိ ေမာ္လၿမိဳင္၊ မုဒုံ၊ သံျဖဴဇရပ္၊ ေပါင္း၊ ဘီးလင္း အစရွိသည့္ ၿမိဳ႕နယ္တို႔တြင္ မတ္လဆန္းပိုင္း ခန႔္မွစ၍ ေသာက္သုံးေရ အခက္အခဲ စတင္ႀကဳံေတြ႕လာရၿပီး အခ်ိဳ႕ေဒသတြင္ ေရကို ဝယ္သုံးေနရၿပီ ဟု ေဒသခံ မ်ား က ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ ရပ္ကြက္အမ်ားစုကို အဓိက ေရျဖန႔္ေဝေပးေနသည့္ ေ႐ႊနတ္ေတာင္ဆည္ႏွင့္ ကင္မြန္းၿခဳံ ဆည္တို႔တြင္လည္း ေရမ်ား ခမ္းေျခာက္လာသည့္အတြက္ ရပ္ကြက္အခ်ိဳ႕တို႔တြင္ ေရစတင္ျပတ္လပ္ေနသည္ဟု ရပ္ကြက္ေနသူတို႔က ေျပာသည္။

“ခါတိုင္းႏွစ္ထက္ ဒီႏွစ္က ေရေစာၿပီး ျပတ္တယ္၊ ဆည္ေတြမွာလည္း ေရေတာ္ေတာ္က်သြားတယ္၊ အခုကေတာ့ ေရကို ဝယ္သုံးေနတာေပါ့၊ ခါတိုင္းႏွစ္လည္း ေရ ဝယ္ရတာပဲ၊ လာလႉေပးတာလဲရွိပါတယ္။ ဒီႏွစ္ကေတာ့ ဘယ္ လိုလာမလဲေတာ့ မသိဘူး ေလာေလာဆယ္ေတာ့ ဝယ္ေနရတယ္” ဟု ေမာ္လၿမိဳင္ၿမိဳ႕ သီရိၿမိဳင္ရပ္ကြက္ ေန ျပည္ သူတစ္ဦး က ေျပာသည္။

ရာသီဥတု ပူျပင္းသည့္အတြက္ ဆည္ေရမ်ားအျပင္ ေရတြင္း၊ ေရကန္မ်ားလည္း ခမ္းေျခာက္လာေၾကာင္း ယခု ႏွစ္သည္ ယမန္ႏွစ္ကထက္ ေရေစာၿပီး ခမ္းေျခာက္မႈျဖစ္ေနေၾကာင္း ေဒသခံမ်ား က ေျပာသည္။

“ရာသီဥတု တအားပူလာေတာ့ ေရတြင္းကေရေတြလည္း စခမ္းေနၿပီး၊ တန္ခူးလေတာင္မေရာက္ေသးဘူး၊ အခု ကတည္းက ေရက ခမ္းေနၿပီးဆိုရင္ ဒီႏွစ္လည္း ေရ ဒုကၡေရာက္အုံးမယ္” ဟု မုဒုံၿမိဳ႕နယ္မွ ေဒၚခင္ရီက ေျပာ သည္။

ယခင္ႏွစ္က မြန္ျပည္နယ္အတြင္း ေရရွားပါးမႈႏွင့္ ေသာက္သုံးေရအခက္အခဲ ျပႆနာကို သၾကၤန္ကာလအၿပီး ေနာက္ ေမလဆန္းခန႔္မွသာ ႀကဳံခဲ့ရေသာ္လည္း ယခုႏွစ္တြင္ မတ္လဆန္းမွစတင္၍ ႀကဳံေနရၿပီး ယခုလတြင္ ပိုမိုဆိုး႐ြားလာသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယမန္ႏွစ္မ်ားက ေသာက္သုံးေရ ရွားပါးသည့္ ရပ္ကြက္ ေက်း႐ြာမ်ားသို႔ ေက်းလက္ဦးစီးဌာန၊ သက္ဆိုင္ရာ ၿမိဳ႕ နယ္ မီးသတ္တပ္ဖြဲ႕မ်ား၊ ရဲတပ္ဖြဲ႕မ်ား လူမႈအဖြဲ႕အစည္းမ်ား၊ ပရဟိတအဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံအလႉရွင္မ်ား က ေရေပးေဝလႉဒါန္းမႈမ်ား ရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ လတ္တေလာျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ေရေပးေဝလႉဒါန္းမႈမရွိမည္ကိုလည္း ေဒသခံမ်ား က စိုးရိမ္ေနၾကသည္။

မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ိဳ႕တို႔တြင္ ေႏြရာသီကာလအတြင္း ေရရွားပါးမႈ ႏွစ္စဥ္ ႏွစ္တိုင္း ႀကဳံေတြ႕ရေလ့ရွိၿပီး ယမန္ႏွစ္မွစကာ ၿမိဳ႕နယ္အားလုံးနီးပါးတို႔တြင္ ေရရွားပါးမႈ ဆိုးဆိုး႐ြား႐ြား ႀကဳံေတြ႕လာခဲ့ရသည္။

ျပည္နယ္အတြင္းက ေရရွားပါးမႈျပႆနာကို ေျဖရွင္းႏိုင္ေရး ျပည္နယ္အစိုးရက ဘတ္ဂ်တ္သိန္းေပါင္းမ်ားစြာ ကုန္က်ခံ ေဆာင္႐ြက္ေနေသာ္လည္း ေရရွားမႈျပႆနာကို ေျဖရွင္းႏိုင္ျခင္းမရွိေသးေပ။