KNU တပ်မဟာ ၆ တွင် တိုက်ပွဲဖြစ်ပွား၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ရှိ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်တပ်တို့ အကြား ဧပြီလ ၆ ရက်နေ့ တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒူးပလာယာ ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် က ပြောသည်။

၎င်းက “ကျနော်တို့ ဒီ ဒူးပလာယာခရိုင် ဆိုတော့ ဝင်းရေးမြို့နယ် ကရင်လိုခေါ်ရင်တော့ ဟောင်းကော်ရွာပေါ့ဗျာ။ ဗမာလိုခေါ်ရင်တော့ မာန်အောင်လို့ အဓိပ္ပာယ်ရှိတယ် မာန်အောင်ရွာပေါ့ဗျာ။ မာန်အောင် အဲဒီဂွင် အဲဒီဝန်းကျင်မှာ ဖြစ်သွားတာ ဖြစ်တယ်။ ဒီမှာ သတင်းရထားတော့ ၂ ပွဲ ဖြစ်တယ်။ ဒီလိုပဲ ၆ နာရီ ၂၀ ကျော်လောက်မှာ တစ်ခါ ဖြစ်တယ်။ ၆ နာရီ ၄၀ တစ်ခါဖြစ်တယ် ၂ ဆင့်ဖြစ်တယ် ဗျာ။ ဖြစ်တဲ့ အခင်းအသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးဘူး။ သတင်းအသေးစိတ်က ကျနော်တို့က အောက်ခြေကို မေးမြန်းထားဆဲဖြစ်ပါတယ်။” ဟု ပဒို စောလစ္စတန်က ပြောသည်။

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက KNU တပ်ရင်း ၁၆ တပ်ဖွဲ့ ဝင်များရှိရာသို့ တက်လာ သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူးက ဆက် ပြောသည်။

ပဒို စောလစ္စတန်က “အဲမှာဆိုရင် KNU က ဆိုရင် တပ်ရင်း ၁၆ ဗျာ။ တပ်ရင်း ၁၆ ရဲ့ ဌာနချုပ်တပ်ခွဲကို ကျနော် တို့ တာဝန်ချထားတာ ရှိတယ်။ ဆိုတော့ တပ်ရင်း ၁၆ တပ်ရင်း ဌာနချုပ်ရဲ့ လုံခြုံရေး တပ်ခွဲက တာ ဝန်သွားယူ ထားတယ်။ သူတို့တပ်ဖွဲ့က တက်လာတယ် အကြောင်းမကြား ဘာမကြား မသိဘူး ဆိုတဲ့ အခါကျတော့ ကျနော် တို့လူက အဲမှာရှိနေတာကိုး ရှိနေတဲ့ အခါကျတော့ ဖြစ်တာပေါ့။ အကြောင်း မကြားဘူး။ ဒီမှာက အကြောင်း မကြားပဲ ဝင်လာရင်တော့ ကျနော်တို့ ပစ်မယ့် ခတ်မယ့် အမိန့်က ထုတ်ထားတာဆိုတော့ အဲဒီမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တဲ့ သဘောပဲလေ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ဆိုင်ကယ်စီးသည့် ရွာသားတစ်ဦး၏ ပေါင်ကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု KNU/KNLA တပ်မဟာ ၆ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

ပြီးခဲ့ရက်ပိုင်းအတွင်းက အဆိုပါဒေသတွင် စစ်ကောင်စီမှ ခန့်ထားသည့် ရွာသူကြီးကို ရွာသားများကမကြိုက် မနှစ်သက်သည့်အတွက် သတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီ ၏ တပ်များက တက်လာရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောသည်။

ပဒို စောလစ္စတန်က “အဲဒီ စစ်တပ်က သူတို့ အုပ်ချုပ်ရေးမှူးကို ခန့်ထားတဲ့အပေါ်မှာ ပြည်သူလူထုက မကျေနပ် ဘူး မပြေလည်ဘူး ဖြစ်တဲ့အတွက် ဝင်ပြီးတော့ သတ်ဖြတ်သွားတာပဲ အဲဒါက ပြဿနာက အခုထင်ယောင် ထင် မှား ဖြစ်တာက ဒီကျနော်တို့ KNU လက်နက်ကိုင် တပ်ဖွဲ့က သတ်ဖြတ်သလိုမျိုး လိုလို မွန်ပြည်သစ်ပါတီကပဲ သတ်ဖြတ်သလိုမျိုးလိုလိုဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ အဖွဲ့အစည်းတွေလည်း ထိခိုက်မှာလည်း စိုးတယ်။ အခုက သတင်းကိုတော့ ကျနော်တို့ လိုက်နေဆဲ ဖြစ်တယ်။ အမှန်တရားကို ကျနော်တို့ အောက်ခြေကို မေးထား တယ်။ မွန်ပြည်သစ်ပါတီဖက်ကလည်း မသိရသေးဘူး။ တကယ်ဖြစ်တာကတော့ ဒီကြားလူပဲပေါ့နော်။ မကျေ နပ်တဲ့ ရွာလူထုကနေပဲ လုပ်ကြံတယ်လို့တော့ ကျနော်တို့ ကြားထားတယ်။ ဒါပေမယ့် အတည်ပြုလို့မရသေး ဘူး” ဟု ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါဒေသတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက စစ်ရေးတိုးချဲ့ ဖြည့်တင်းကာ လှုပ်ရှားမှု များရှိနေပြီး KNU တပ်များရှိရာသို့ ထိုးတက်လာမည်ဆိုပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် တာဝန်ရှိသူက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့၏ တပ်များနှင့် KNU/KNLA တပ်မဟာများ ဖြစ်ကြသည့် တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၆ တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ကရင်စစ်ရှောင် သောင်းချီကလည်း တောတောင်များထဲနှင့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် စစ်ဘေးတိမ်းရှောင်နေကြရသည်။

*** ZAWGYI ***
KNU တပ္မဟာ ၆ တြင္ တိုက္ပြဲျဖစ္ပြား၊

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ရွိ တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီ၏ စစ္တပ္တို႔ အၾကား ဧၿပီလ ၆ ရက္ေန႔ တြင္ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့သည္ဟု ဒူးပလာယာ ခ႐ိုင္ အတြင္းေရးမႉး ပဒိုေစာလစၥတန္ က ေျပာသည္။

၎က “က်ေနာ္တို႔ ဒီ ဒူးပလာယာခ႐ိုင္ ဆိုေတာ့ ဝင္းေရးၿမိဳ႕နယ္ ကရင္လိုေခၚရင္ေတာ့ ေဟာင္းေကာ္႐ြာေပါ့ဗ်ာ။ ဗမာလိုေခၚရင္ေတာ့ မာန္ေအာင္လို႔ အဓိပၸာယ္ရွိတယ္ မာန္ေအာင္႐ြာေပါ့ဗ်ာ။ မာန္ေအာင္ အဲဒီဂြင္ အဲဒီဝန္းက်င္မွာ ျဖစ္သြားတာ ျဖစ္တယ္။ ဒီမွာ သတင္းရထားေတာ့ ၂ ပြဲ ျဖစ္တယ္။ ဒီလိုပဲ ၆ နာရီ ၂၀ ေက်ာ္ေလာက္မွာ တစ္ခါ ျဖစ္တယ္။ ၆ နာရီ ၄၀ တစ္ခါျဖစ္တယ္ ၂ ဆင့္ျဖစ္တယ္ ဗ်ာ။ ျဖစ္တဲ့ အခင္းအေသးစိတ္ေတာ့ က်ေနာ္တို႔ ေျပာလို႔မရေသးဘူး။ သတင္းအေသးစိတ္က က်ေနာ္တို႔က ေအာက္ေျခကို ေမးျမန္းထားဆဲျဖစ္ပါတယ္။” ဟု ပဒို ေစာလစၥတန္က ေျပာသည္။

ဧၿပီလ ၆ ရက္ေန႔ ညေနပိုင္းတြင္ မြန္ျပည္နယ္ ဝင္းေရးၿမိဳ႕နယ္ မာန္ေအာင္ေက်း႐ြာအနီးတြင္ တိုက္ပြဲ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားက KNU တပ္ရင္း ၁၆ တပ္ဖြဲ႕ ဝင္မ်ားရွိရာသို႔ တက္လာ သည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္ဟု KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ အတြင္းေရးမႉးက ဆက္ ေျပာသည္။

ပဒို ေစာလစၥတန္က “အဲမွာဆိုရင္ KNU က ဆိုရင္ တပ္ရင္း ၁၆ ဗ်ာ။ တပ္ရင္း ၁၆ ရဲ႕ ဌာနခ်ဳပ္တပ္ခြဲကို က်ေနာ္ တို႔ တာဝန္ခ်ထားတာ ရွိတယ္။ ဆိုေတာ့ တပ္ရင္း ၁၆ တပ္ရင္း ဌာနခ်ဳပ္ရဲ႕ လုံၿခဳံေရး တပ္ခြဲက တာ ဝန္သြားယူ ထားတယ္။ သူတို႔တပ္ဖြဲ႕က တက္လာတယ္ အေၾကာင္းမၾကား ဘာမၾကား မသိဘူး ဆိုတဲ့ အခါက်ေတာ့ က်ေနာ္ တို႔လူက အဲမွာရွိေနတာကိုး ရွိေနတဲ့ အခါက်ေတာ့ ျဖစ္တာေပါ့။ အေၾကာင္း မၾကားဘူး။ ဒီမွာက အေၾကာင္း မၾကားပဲ ဝင္လာရင္ေတာ့ က်ေနာ္တို႔ ပစ္မယ့္ ခတ္မယ့္ အမိန႔္က ထုတ္ထားတာဆိုေတာ့ အဲဒီမွာ မျဖစ္သင့္တဲ့ ကိစၥေတြ ျဖစ္တဲ့ သေဘာပဲေလ” ဟု ေျပာသည္။

အဆိုပါ တိုက္ပြဲေၾကာင့္ ဆိုင္ကယ္စီးသည့္ ႐ြာသားတစ္ဦး၏ ေပါင္ကို ေသနတ္က်ည္ထိမွန္ခဲ့သည္ဟု KNU/KNLA တပ္မဟာ ၆ ဒူးပလာခ႐ိုင္က ထုတ္ျပန္ထားသည္။

ၿပီးခဲ့ရက္ပိုင္းအတြင္းက အဆိုပါေဒသတြင္ စစ္ေကာင္စီမွ ခန႔္ထားသည့္ ႐ြာသူႀကီးကို ႐ြာသားမ်ားကမႀကိဳက္ မႏွစ္သက္သည့္အတြက္ သတ္လိုက္သည့္ ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားခဲ့ၿပီး အဆိုပါျဖစ္စဥ္ေၾကာင့္ စစ္ေကာင္စီ ၏ တပ္မ်ားက တက္လာရာမွ တိုက္ပြဲျဖစ္ပြားျခင္းျဖစ္သည္ဟု ေျပာသည္။

ပဒို ေစာလစၥတန္က “အဲဒီ စစ္တပ္က သူတို႔ အုပ္ခ်ဳပ္ေရးမႉးကို ခန႔္ထားတဲ့အေပၚမွာ ျပည္သူလူထုက မေက်နပ္ ဘူး မေျပလည္ဘူး ျဖစ္တဲ့အတြက္ ဝင္ၿပီးေတာ့ သတ္ျဖတ္သြားတာပဲ အဲဒါက ျပႆနာက အခုထင္ေယာင္ ထင္ မွား ျဖစ္တာက ဒီက်ေနာ္တို႔ KNU လက္နက္ကိုင္ တပ္ဖြဲ႕က သတ္ျဖတ္သလိုမ်ိဳး လိုလို မြန္ျပည္သစ္ပါတီကပဲ သတ္ျဖတ္သလိုမ်ိဳးလိုလိုျဖစ္တဲ့အခါ က်ေတာ့ က်ေနာ္တို႔ အဖြဲ႕အစည္းေတြလည္း ထိခိုက္မွာလည္း စိုးတယ္။ အခုက သတင္းကိုေတာ့ က်ေနာ္တို႔ လိုက္ေနဆဲ ျဖစ္တယ္။ အမွန္တရားကို က်ေနာ္တို႔ ေအာက္ေျခကို ေမးထား တယ္။ မြန္ျပည္သစ္ပါတီဖက္ကလည္း မသိရေသးဘူး။ တကယ္ျဖစ္တာကေတာ့ ဒီၾကားလူပဲေပါ့ေနာ္။ မေက် နပ္တဲ့ ႐ြာလူထုကေနပဲ လုပ္ႀကံတယ္လို႔ေတာ့ က်ေနာ္တို႔ ၾကားထားတယ္။ ဒါေပမယ့္ အတည္ျပဳလို႔မရေသး ဘူး” ဟု ေျပာသည္။

လက္ရွိအခ်ိန္အထိ အဆိုပါေဒသတြင္ စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက စစ္ေရးတိုးခ်ဲ႕ ျဖည့္တင္းကာ လႈပ္ရွားမႈ မ်ားရွိေနၿပီး KNU တပ္မ်ားရွိရာသို႔ ထိုးတက္လာမည္ဆိုပါက တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားႏိုင္သည့္ အေနအထားတြင္ ရွိေနသည္ဟု KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ တာဝန္ရွိသူက ဆိုသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၎တို႔၏ တပ္မ်ားႏွင့္ KNU/KNLA တပ္မဟာမ်ား ျဖစ္ၾကသည့္ တပ္မဟာ ၅၊ တပ္မဟာ ၃၊ တပ္မဟာ ၁ ႏွင့္ တပ္မဟာ ၆ တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလွ်က္ရွိသည္။

အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူ ကရင္စစ္ေရွာင္ ေသာင္းခ်ီကလည္း ေတာေတာင္မ်ားထဲႏွင့္ ျမန္မာ-ထိုင္း နယ္စပ္တစ္ေလွ်ာက္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။