ကချင် CDM တွင် ပညာရေးဌာနက လူဦးရေအရ အများဆုံးဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်။

CDM လှုပ်ရှားမှုတွင် ကချင်ပြည်နယ်အတွင်း လူဦးရေအရ အများဆုံးပါဝင်သည့် အစိုးရဝန်ကြီးဌာနမှာ ပညာရေးဝန်ကြီး ဌာန ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် ဌာနပေါင်းစုံက CDM ဝန်ထမ်း ၅၅၃၂ ဦး ပါဝင်သည်။

ဧပြီလ ၈ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည့် ကချင် နိုင်ငံရေး ယာယီ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Kachin Political Interim Coordination Team -KPICT) က ထုတ်ပြန်လိုက်သည့် စာရင်းဇယားများတွင် ပြည်နယ်အတွင်းရှိသည့် အစိုးရဌာနများအနက် ပညာရေးဝန်ကြီး ဌာန က ပထမ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက တတိယ အဆင့် ရှိသည်။

KPICT ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်း ၅၀၀၀ ကျော်ရှိသည်။

“KPICT မှ သက်ဆိုင်ရာ CRPH အဖွဲ့ဝင်များနှင့် ပူးပေါင်းကောက်ခံ စုစည်းထားသော လက်ရှိစစ်တမ်းအရ – ကချင်ပြည်နယ်တွင် CDM ဝန်ထမ်းဦးရေ စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း သိရှိရပါသည်” ဟု ထုတ်ပြန် ထား သည်။

လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင် ပါဝင်သည့် ဝန်ထမ်းများအားလည်း KPICT က ဂုဏ်ယူသည်ဟု ပြောသည်။

“အလွန်ခက်ခဲကြမ်းတမ်းသည့်အခြေအနေတွင် ယခုကဲ့သို့ မိမိဘဝနှင့် မိသားစုဘဝများကို အရင်းပြုကာ CDM တွင် စွမ်းစွမ်းတမံပါဝင်လျက်ရှိကြသော ဝန်ထမ်းပြည်သူတို့အား ကျွန်ပ်တို့ KPICT မှ အထူး ဝမ်းသာဂုဏ်ယူ ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်” ဟု ပြောသည်။

မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်ပွဲများတွင် စတင်ချိန်မှ ယနေ့အချိန်ထိ ပါဝင်နေသည့် လူငယ်တစ်ဦးက “ကျနော် တို့ဆီမှာ တောက်လျှောက်ပါခဲ့တာက ကျနော်တို့ရဲ့ ဆရာ ဆရာမတွေပါ။ တခြားဌာနတွေကိုလည်း CDM မှာ ဆက်လက်ပြီး လာရောက်ပါဝင်စေချင်တယ်။ ကျနော်တို့ လူငယ်တွေ နေ့တိုင်း အသက်ပေးနေတာမျိုး၊ ဖမ်းဆီး ခံနေရတဲ့ ကိစ္စတွေကို အားလုံးက မြင်တာပဲနော်။ ဒါကြောင့် ဒီစစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် ဝန်ထမ်း အာ လုံး လာပြီး ပူးပေါင်းပေးစေချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီမှ အသက်သွင်းလိုသော အစိုးရယန္တရားတစ်ရပ်လည်ပတ်နိုင်ခြင်းမရှိစေရေးတွင် CDM ဝန်ထမ်းများ သည် အခရာဖြစ်ပြီး၊ CDM များ ဆက်လက်တောင့်ခံနိုင်ဖို့ရန် ပြည်သူအားလုံး ဝိုင်းဝန်းဖေးမကူညီကြရန်လည်း Kachin Political Interim Coordination Team (KPICT) – ကချင်နိုင်ငံရေးကြားကာလ ဆွေးနွေးညှိနှိုင်း ရေး အဖွဲ့ က တိုက်တွန်းထားသည်။

ယခုထုတ်ပြန်လိုက်သည့် KPICT ၏ CDM တွင် ပါဝင်သည့် ဝန်ထမ်းဦးရေ စာရင်းကို KPICT နှင့် CRPH က တာဝန်ရှိသူများ ပူးပေါင်း ကောက်ခံထားခြင်း ဖြစ်သည်။

*** ZAWGYI ***
ကခ်င္ CDM တြင္ ပညာေရးဌာနက လူဦးေရအရ အမ်ားဆုံးျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၈ ရက္။

CDM လႈပ္ရွားမႈတြင္ ကခ်င္ျပည္နယ္အတြင္း လူဦးေရအရ အမ်ားဆုံးပါဝင္သည့္ အစိုးရဝန္ႀကီးဌာနမွာ ပညာေရးဝန္ႀကီး ဌာန ျဖစ္ၿပီး တစ္ျပည္နယ္လုံးတြင္ ဌာနေပါင္းစုံက CDM ဝန္ထမ္း ၅၅၃၂ ဦး ပါဝင္သည္။

ဧၿပီလ ၈ ရက္ေန႔ တြင္ ထုတ္ျပန္လိုက္သည့္ ကခ်င္ ႏိုင္ငံေရး ယာယီ ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕ (Kachin Political Interim Coordination Team -KPICT) က ထုတ္ျပန္လိုက္သည့္ စာရင္းဇယားမ်ားတြင္ ျပည္နယ္အတြင္းရွိသည့္ အစိုးရဌာနမ်ားအနက္ ပညာေရးဝန္ႀကီး ဌာန က ပထမ၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဒုတိယႏွင့္ ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာနက တတိယ အဆင့္ ရွိသည္။

KPICT ၏ ထုတ္ျပန္ခ်က္အရ ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံးတြင္ CDM လႈပ္ရွားမႈတြင္ ပါဝင္သည့္ ဝန္ထမ္း ၅၀၀၀ ေက်ာ္ရွိသည္။

“KPICT မွ သက္ဆိုင္ရာ CRPH အဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္းေကာက္ခံ စုစည္းထားေသာ လက္ရွိစစ္တမ္းအရ – ကခ်င္ျပည္နယ္တြင္ CDM ဝန္ထမ္းဦးေရ စုစုေပါင္း ၅၅၃၂ ဦးရွိေၾကာင္း သိရွိရပါသည္” ဟု ထုတ္ျပန္ ထား သည္။

လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈ (Civil Disobedience Movement-CDM) တြင္ ပါဝင္သည့္ ဝန္ထမ္းမ်ားအားလည္း KPICT က ဂုဏ္ယူသည္ဟု ေျပာသည္။

“အလြန္ခက္ခဲၾကမ္းတမ္းသည့္အေျခအေနတြင္ ယခုကဲ့သို႔ မိမိဘဝႏွင့္ မိသားစုဘဝမ်ားကို အရင္းျပဳကာ CDM တြင္ စြမ္းစြမ္းတမံပါဝင္လ်က္ရွိၾကေသာ ဝန္ထမ္းျပည္သူတို႔အား ကြၽန္ပ္တို႔ KPICT မွ အထူး ဝမ္းသာဂုဏ္ယူ ေၾကာင္း မွတ္တမ္းတင္ေဖာ္ျပအပ္ပါသည္” ဟု ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕က ဆႏၵထုတ္ေဖာ္ပြဲမ်ားတြင္ စတင္ခ်ိန္မွ ယေန႔အခ်ိန္ထိ ပါဝင္ေနသည့္ လူငယ္တစ္ဦးက “က်ေနာ္ တို႔ဆီမွာ ေတာက္ေလွ်ာက္ပါခဲ့တာက က်ေနာ္တို႔ရဲ႕ ဆရာ ဆရာမေတြပါ။ တျခားဌာနေတြကိုလည္း CDM မွာ ဆက္လက္ၿပီး လာေရာက္ပါဝင္ေစခ်င္တယ္။ က်ေနာ္တို႔ လူငယ္ေတြ ေန႔တိုင္း အသက္ေပးေနတာမ်ိဳး၊ ဖမ္းဆီး ခံေနရတဲ့ ကိစၥေတြကို အားလုံးက ျမင္တာပဲေနာ္။ ဒါေၾကာင့္ ဒီစစ္အာဏာရွင္စနစ္က်ဆုံးဖို႔အတြက္ ဝန္ထမ္း အာ လုံး လာၿပီး ပူးေပါင္းေပးေစခ်င္ပါတယ္” ဟု ေျပာသည္။

စစ္ေကာင္စီမွ အသက္သြင္းလိုေသာ အစိုးရယႏၲရားတစ္ရပ္လည္ပတ္ႏိုင္ျခင္းမရွိေစေရးတြင္ CDM ဝန္ထမ္းမ်ား သည္ အခရာျဖစ္ၿပီး၊ CDM မ်ား ဆက္လက္ေတာင့္ခံႏိုင္ဖို႔ရန္ ျပည္သူအားလုံး ဝိုင္းဝန္းေဖးမကူညီၾကရန္လည္း Kachin Political Interim Coordination Team (KPICT) – ကခ်င္ႏိုင္ငံေရးၾကားကာလ ေဆြးေႏြးညႇိႏႈိင္း ေရး အဖြဲ႕ က တိုက္တြန္းထားသည္။

ယခုထုတ္ျပန္လိုက္သည့္ KPICT ၏ CDM တြင္ ပါဝင္သည့္ ဝန္ထမ္းဦးေရ စာရင္းကို KPICT ႏွင့္ CRPH က တာဝန္ရွိသူမ်ား ပူးေပါင္း ေကာက္ခံထားျခင္း ျဖစ္သည္။