ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာသည့်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့က တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့သည်။

မုန်းရိုးနှင့် လွယ်ဂန်ကျေးရွာအကြားတွင် ကေအိုင်အေတပ်စခန်း ရှိရာဘက်သို့ ထိုးစစ်ဆင် လှုပ်ရှားလာသော အာဏာသိမ်းစစ်တပ် ခမရ (၄၂၇)လက်အောက်ခံတပ်များက ကေအိုင်အေ တပ်ရင်း (၈)နယ်မြေအတွင်းသို့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာသည့်အတွက် ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်း တစ်နာရီခွဲ အချိန်ခန့်က နှစ်ဖက် တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲဖြစ်တာက မုန်းရိုး နဲ့ လွန်ဂန်ကျေးရွာအကြားမှာပါ။ ဒီကေအိုင်အေတပ်စခန်းရှိတဲ့ ဘက်ကို ထိုးစစ်ဆင် ဝင်လာတဲ့အတွက်။ သူတို့ ဝင်လို့ ကျနော်တို့ပိတ်ပြီး ပစ်လိုက်တာပါ။ သူတို့က ကုန်းကြောင်းနဲ့ပေါ့၊ လမ်း လျှောက်စစ်ကြောင်းပေါ့၊ စစ်အင်အား ၆၀ ကျော်လောက်ရှိမယ်။ ခမရ ၄၂၇ နဲ့ ကျနော်တို့က တပ်ရင်း ၈ နဲ့ပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး။ ဘာမှ မဖြစ်ဘူးနော်။ ကျနော်တို့အနေနဲ့ ခုခံတိုက်ခိုက်တာပေါ့နော်။ အဲ့ကနေ ဖြစ်ပွားလာတဲ့ တိုက်ပွဲဖြစ်ပါတယ်။ သူတို့က မုန်းရိုးကို တက်လာတာပါ” ဟု KIA က တာဝန်ရှိသူ တစ် ဦးက ပြောသည်။

KIA တပ်မဟာ ၁၀ နယ်မြေနှင့် တပ်မဟာ ၄ နယ်မြေ အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက အင်အား အလုံးအရင်းဖြင့် တက်လာသည့်အတွက် တိုက်ပွဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကွတ်ခိုင်ဘက်ကနေ ဆင်းလာတာ၊ ဗမာစစ်ကား ၄ စီး ဟုတ်တယ်။ မန်ပိန်းကျေးရွာနားမှာ တိုက်ပွဲဖြစ်တာ ပေါ့။ KIA ကချင်တပ်နဲ့ ဗမာစစ်တပ်နဲ့ ဖြစ်တာပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

မန်ပိန်းကျေးရွာအနီး KIA တပ်မဟာ ၁၀ လက်အောက်ခံ တပ်ရင်း ၃၉ နှင့် အာဏာသိမ်းတပ်တို့အကြား တိုက်ပွဲ တစ်နေရာ ဖြစ်ပွားခဲ့ပြီး လွန်ဂန်ကျေးရွာ အနီးတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဧပြီလ ၆ ရက်နေ့ကလည်း KIA တပ်ရင်း (၈)နယ်မြေ ဖြစ်သည့် နမ့်ဖတ်ကာကျေးရွာအုပ်စု နားကောင်း ကျေးရွာ အထက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

KIA တပ်ရင်း (၈) သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ ၏ လက်အောက်ခံတပ်ရင်း ဖြစ်ပြီး လားရှိုး-မူဆယ် ကားလမ်း တောင်ဘက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသည့် တပ်ရင်းတစ်ရင်း ဖြစ်သည်။

ဧပြီလ ၄ ရက်ကလည်း မိုင်းယော်တိုက်နယ် တွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ထို့နောက် ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရသည်။

ထိုပစ်ခတ်မှုအပြီး မိုင်းယော်တိုက်နယ်၊ ပန်းခါးနှင့် ပန်ကြိမ်လုံကျေးရွာမှ ရွာသား ၅ ဦး ကို အာဏာသိမ်း စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

Photo – Gidawn Brang

*** ZAWGYI ***
ကြတ္ခိုင္တြင္ KIA ႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား တိုက္ပြဲ ၂ ႀကိမ္ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီ ၈ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕မ်ား ဝင္ေရာက္လာသည့္အတြက္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး ဧၿပီလ ၇ ရက္ေန႔က တိုက္ပြဲ ႏွစ္ေနရာ ျဖစ္ပြားခဲ့သည္။

မုန္း႐ိုးႏွင့္ လြယ္ဂန္ေက်း႐ြာအၾကားတြင္ ေကအိုင္ေအတပ္စခန္း ရွိရာဘက္သို႔ ထိုးစစ္ဆင္ လႈပ္ရွားလာေသာ အာဏာသိမ္းစစ္တပ္ ခမရ (၄၂၇)လက္ေအာက္ခံတပ္မ်ားက ေကအိုင္ေအ တပ္ရင္း (၈)နယ္ေျမအတြင္းသို႔ ထိုးစစ္ဆင္ စစ္ေရးလႈပ္ရွားလာသည့္အတြက္ ဧၿပီလ ၇ ရက္ေန႔ မြန္းလြဲပိုင္း တစ္နာရီခြဲ အခ်ိန္ခန႔္က ႏွစ္ဖက္ တိုက္ပြဲျဖစ္ ပြားခဲ့ျခင္း ျဖစ္သည္ဟု KIA တာဝန္ရွိသူက ေျပာသည္။

“တိုက္ပြဲျဖစ္တာက မုန္း႐ိုး နဲ႔ လြန္ဂန္ေက်း႐ြာအၾကားမွာပါ။ ဒီေကအိုင္ေအတပ္စခန္းရွိတဲ့ ဘက္ကို ထိုးစစ္ဆင္ ဝင္လာတဲ့အတြက္။ သူတို႔ ဝင္လို႔ က်ေနာ္တို႔ပိတ္ၿပီး ပစ္လိုက္တာပါ။ သူတို႔က ကုန္းေၾကာင္းနဲ႔ေပါ့၊ လမ္း ေလွ်ာက္စစ္ေၾကာင္းေပါ့၊ စစ္အင္အား ၆၀ ေက်ာ္ေလာက္ရွိမယ္။ ခမရ ၄၂၇ နဲ႔ က်ေနာ္တို႔က တပ္ရင္း ၈ နဲ႔ေပါ့။ က်ေနာ္တို႔ဘက္ကေတာ့ ထိခိုက္တာမရွိဘူး။ ဘာမွ မျဖစ္ဘူးေနာ္။ က်ေနာ္တို႔အေနနဲ႔ ခုခံတိုက္ခိုက္တာေပါ့ေနာ္။ အဲ့ကေန ျဖစ္ပြားလာတဲ့ တိုက္ပြဲျဖစ္ပါတယ္။ သူတို႔က မုန္း႐ိုးကို တက္လာတာပါ” ဟု KIA က တာဝန္ရွိသူ တစ္ ဦးက ေျပာသည္။

KIA တပ္မဟာ ၁၀ နယ္ေျမႏွင့္ တပ္မဟာ ၄ နယ္ေျမ အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားက အင္အား အလုံးအရင္းျဖင့္ တက္လာသည့္အတြက္ တိုက္ပြဲျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ကြတ္ခိုင္ဘက္ကေန ဆင္းလာတာ၊ ဗမာစစ္ကား ၄ စီး ဟုတ္တယ္။ မန္ပိန္းေက်း႐ြာနားမွာ တိုက္ပြဲျဖစ္တာ ေပါ့။ KIA ကခ်င္တပ္နဲ႔ ဗမာစစ္တပ္နဲ႔ ျဖစ္တာပါ” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။

မန္ပိန္းေက်း႐ြာအနီး KIA တပ္မဟာ ၁၀ လက္ေအာက္ခံ တပ္ရင္း ၃၉ ႏွင့္ အာဏာသိမ္းတပ္တို႔အၾကား တိုက္ပြဲ တစ္ေနရာ ျဖစ္ပြားခဲ့ၿပီး လြန္ဂန္ေက်း႐ြာ အနီးတြင္လည္း ႏွစ္ဖက္ၾကား တိုက္ပြဲ ျဖစ္ပြားခဲ့သည္ဟု သိရသည္။

ထို႔အျပင္ ဧၿပီလ ၆ ရက္ေန႔ကလည္း KIA တပ္ရင္း (၈)နယ္ေျမ ျဖစ္သည့္ နမ့္ဖတ္ကာေက်း႐ြာအုပ္စု နားေကာင္း ေက်း႐ြာ အထက္တြင္ KIA ႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

KIA တပ္ရင္း (၈) သည္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၄ ၏ လက္ေအာက္ခံတပ္ရင္း ျဖစ္ၿပီး လားရႈိး-မူဆယ္ ကားလမ္း ေတာင္ဘက္ျခမ္းတြင္ စစ္ေရးလႈပ္ရွားေနသည့္ တပ္ရင္းတစ္ရင္း ျဖစ္သည္။

ဧၿပီလ ၄ ရက္ကလည္း မိုင္းေယာ္တိုက္နယ္ တြင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ရာ ထို႔ေနာက္ ေဒသခံအခ်ိဳ႕ ဖမ္းဆီးခံခဲ့ရသည္။

ထိုပစ္ခတ္မႈအၿပီး မိုင္းေယာ္တိုက္နယ္၊ ပန္းခါးႏွင့္ ပန္ႀကိမ္လုံေက်း႐ြာမွ ႐ြာသား ၅ ဦး ကို အာဏာသိမ္း စစ္ ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားခဲ့သည္။

Photo – Gidawn Brang