KIA ဌာနချုပ်အနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့သည်ဟု ကေအိုင်အို တာဝန်ရှိသူများနှင့် ဒေသခံများ က ပြောသည်။

ဧပြီလ ၈ ရက်နေ့(ယမန်နေ့) ညက လိုင်ဇာမြို့၊ မိုင်ဆပ်ပါကျေးရွာအနီး KIA တပ်မဟာ ၅ လက် အောက်ခံ တပ် ရင်းများ ဖြစ်ကြသည့် တပ်ရင်း ၁၉ နှင့် တပ်ရင်း ၂၄ နယ်မြေများထဲသို့ စစ်ကောင်စီတပ်များ က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်နက်ကြီးသံများကြောင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ပြောသည်။

လိုင်ဇာက ဒေသခံတစ်ဦး က “ဟုတ်တယ် ကျမတို့ဆီမှာ ည ၈ နာရီကျော်ကျော် ၉ နာရီလောက်က လက်နက် ကြီးသံတွေ ကြားနေရတယ်။ ဝေးတော့ဝေးတယ်။ ဒါပေမယ့် အသံတွေက လိုင်ဇာကနေတောင်ကြားရတာ ဟုတ်တယ်။ တချို့လည်း ကြောက်တာပေါ့နော်။ အသံကြားတော့ လန့်တာပေါ့။ ဒီကလူတွေတော့ အမြဲတမ်း အဆင်သင့်ပေါ့။ ဒီမှာက စစ်ရှောင်တွေလည်း ရှိတယ်လေနော်။ အားလုံးကတော့ စိုးရိမ်နေတာပေါ့” ဟု ပြော သည်။

ဧပြီလ ၈ ရက်နေ့ ည ၈း၂၀ နာရီအချိန်ခန့်တွင် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ ဟန်းကိုင်ဘွမ် (ဟန်းကိုင်တောင်) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ ၁၄၂ တပ်က လိုင်ဇာဌာချုပ်အနီး လက်နက်ကြီး-၁၀၅ မမ ဖြင့် ၁၀ ကြိမ်ပစ်ခတ်ခဲ့သည်။

အလားတူ အာဏာသိမ်းစစ်တပ် ခရာဘွမ်(ခရာတောင်) ဘက်မှ KIO ဘက်ခြမ်းဖြစ်သည့် စင်းယူးဘွမ် (စင်းယူး တောင်) ဘက်သို့ လက်နက်ကြီး-၈၁ မမ ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် KIA တပ်ရင်း ၂၇ နယ်မြေထဲက ဒိန်ဆိန်းဘက်ကို မံစီမြို့နယ်အတွင်း မဂျိဂုန်ဒေသတွင် ရှိနေသည့် စစ် ကောင်စီတပ် က လက်နက်ကြီး-၁၀၅ မမ ဖြင့် ပစ်ခတ်ခဲ့သည်ဟု KIA တာဝန်ရှိသူက ပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးများ မပစ်ခတ်မီ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် KIA တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

ဧပြီလ ၈ ရက်နေ့တွင် မိုးကောင်းဘက်မှ မြစ်ကြီးနားဘက်ကို တက်လာသည့် စစ်ကောင်စီတပ်၏ စစ်တပ်ယာဉ် တန်းကို KIA တပ်ဖွဲ့က မိုးကောင်းနှင့် မရန်ကထောင်ကျေးရွာအကြား မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“အခုဆိုရင် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကချင်မှာလည်း တခြားပြည်နယ်တွေလိုပါပဲ။ လူငယ်တွေ လည်း မလုံခြုံကြတော့ဘူး။ မြို့ထဲမှာလည်း မလုံခြုံဘူး။ ကျနော်တို့ စီတာပူမှာဆိုလည်း ညတိုင်း ဧည့်စာရင်း စစ်တယ်။ တောထဲတွေလည်း တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ KIA နဲ့ကလည်း တိုက်ပွဲတွေ ပြန် ဖြစ်လာတယ်။ အင်ဂျန်းယန်ကလူတွေလည်း စစ်ရှောင်နေရတယ်။ ဒီရက်ပိုင်းဆို စိန်လုံဘက်ကလူတွေတောင်မှ ရွာထဲမှာ မနေရဲကြတော့ဘူးတဲ့။ အကုန်လုံးတောထဲဘက်ကို စစ်ရှောင်နေကြတယ်” ဟု စစ်ရှောင်များအား ကူညီနေသည့် မြစ်ကြီးနားမြို့ခံ တစ်ဦး က ပြောသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာအနီးတွင် ဧပြီလ ၈ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်က KIA တပ်ရင်း (၁၁)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ “ဒီကိစ္စက ဗမာစစ်သားတွေက မိုးကောင်းဘက်ကနေ စစ်ကား၃စီးနဲ့ မိုးကောင်း ဘက်ကနေဆင်းလာတာ ဟုတ် တယ်။ အချိန် က ၈ နာရီခွဲလောက်ဖြစ်မယ်။ မရန်ကထောင်ရွာကနေ ဝင်လာ တယ်။ အဲ့ဒါကြောင့် ကေအိုင်အေနဲ့ ထိတ်တိုက်တွေ့ဆုံတိုက်ခိုက်တဲ့တိုက်ပွဲလို့ပြောလို့ရတယ်။ သူတို့လည်း စစ် ရေးလှုပ်ရှားလာတော့ ဖြစ်ခဲ့တဲ့တိုက်ပွဲပါ” ဟု ရှေ့တန်းတွင် တာဝန်ကျနေသည့် KIA တာဝန်ရှိသူတစ်ဦး က ပြော သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် လာသည့်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့က တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့သည်။

*** ZAWGYI ***
KIA ဌာနခ်ဳပ္အနီးသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၉ ရက္။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဌာနခ်ဳပ္ လိုင္ဇာအနီးကို အာဏာသိမ္းစစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ ခတ္ခဲ့သည္ဟု ေကအိုင္အို တာဝန္ရွိသူမ်ားႏွင့္ ေဒသခံမ်ား က ေျပာသည္။

ဧၿပီလ ၈ ရက္ေန႔(ယမန္ေန႔) ညက လိုင္ဇာၿမိဳ႕၊ မိုင္ဆပ္ပါေက်း႐ြာအနီး KIA တပ္မဟာ ၅ လက္ ေအာက္ခံ တပ္ ရင္းမ်ား ျဖစ္ၾကသည့္ တပ္ရင္း ၁၉ ႏွင့္ တပ္ရင္း ၂၄ နယ္ေျမမ်ားထဲသို႔ စစ္ေကာင္စီတပ္မ်ား က ပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ လက္နက္ႀကီးသံမ်ားေၾကာင့္ ေဒသခံမ်ား စိုးရိမ္ေနၾကသည္ဟု ေျပာသည္။

လိုင္ဇာက ေဒသခံတစ္ဦး က “ဟုတ္တယ္ က်မတို႔ဆီမွာ ည ၈ နာရီေက်ာ္ေက်ာ္ ၉ နာရီေလာက္က လက္နက္ ႀကီးသံေတြ ၾကားေနရတယ္။ ေဝးေတာ့ေဝးတယ္။ ဒါေပမယ့္ အသံေတြက လိုင္ဇာကေနေတာင္ၾကားရတာ ဟုတ္တယ္။ တခ်ိဳ႕လည္း ေၾကာက္တာေပါ့ေနာ္။ အသံၾကားေတာ့ လန႔္တာေပါ့။ ဒီကလူေတြေတာ့ အၿမဲတမ္း အဆင္သင့္ေပါ့။ ဒီမွာက စစ္ေရွာင္ေတြလည္း ရွိတယ္ေလေနာ္။ အားလုံးကေတာ့ စိုးရိမ္ေနတာေပါ့” ဟု ေျပာ သည္။

ဧၿပီလ ၈ ရက္ေန႔ ည ၈း၂၀ နာရီအခ်ိန္ခန႔္တြင္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္အတြင္းရွိ ဟန္းကိုင္ဘြမ္ (ဟန္းကိုင္ေတာင္) တြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ ခလရ ၁၄၂ တပ္က လိုင္ဇာဌာခ်ဳပ္အနီး လက္နက္ႀကီး-၁၀၅ မမ ျဖင့္ ၁၀ ႀကိမ္ပစ္ခတ္ခဲ့သည္။

အလားတူ အာဏာသိမ္းစစ္တပ္ ခရာဘြမ္(ခရာေတာင္) ဘက္မွ KIO ဘက္ျခမ္းျဖစ္သည့္ စင္းယူးဘြမ္ (စင္းယူး ေတာင္) ဘက္သို႔ လက္နက္ႀကီး-၈၁ မမ ျဖင့္ ပစ္ခတ္ခဲ့သည္ဟု သိရသည္။

ထို႔အျပင္ KIA တပ္ရင္း ၂၇ နယ္ေျမထဲက ဒိန္ဆိန္းဘက္ကို မံစီၿမိဳ႕နယ္အတြင္း မဂ်ိဂုန္ေဒသတြင္ ရွိေနသည့္ စစ္ ေကာင္စီတပ္ က လက္နက္ႀကီး-၁၀၅ မမ ျဖင့္ ပစ္ခတ္ခဲ့သည္ဟု KIA တာဝန္ရွိသူက ေျပာသည္။

ယခုကဲ့သို႔ လက္နက္ႀကီးမ်ား မပစ္ခတ္မီ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသမ်ားတြင္ KIA တပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနခဲ့သည္။

ဧၿပီလ ၈ ရက္ေန႔တြင္ မိုးေကာင္းဘက္မွ ျမစ္ႀကီးနားဘက္ကို တက္လာသည့္ စစ္ေကာင္စီတပ္၏ စစ္တပ္ယာဥ္ တန္းကို KIA တပ္ဖြဲ႕က မိုးေကာင္းႏွင့္ မရန္ကေထာင္ေက်း႐ြာအၾကား မိုင္းခြဲတိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။

“အခုဆိုရင္ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ကခ်င္မွာလည္း တျခားျပည္နယ္ေတြလိုပါပဲ။ လူငယ္ေတြ လည္း မလုံၿခဳံၾကေတာ့ဘူး။ ၿမိဳ႕ထဲမွာလည္း မလုံၿခဳံဘူး။ က်ေနာ္တို႔ စီတာပူမွာဆိုလည္း ညတိုင္း ဧည့္စာရင္း စစ္တယ္။ ေတာထဲေတြလည္း တိုက္ပြဲေတြကလည္း ဆက္တိုက္ျဖစ္ေနတယ္။ KIA နဲ႔ကလည္း တိုက္ပြဲေတြ ျပန္ ျဖစ္လာတယ္။ အင္ဂ်န္းယန္ကလူေတြလည္း စစ္ေရွာင္ေနရတယ္။ ဒီရက္ပိုင္းဆို စိန္လုံဘက္ကလူေတြေတာင္မွ ႐ြာထဲမွာ မေနရဲၾကေတာ့ဘူးတဲ့။ အကုန္လုံးေတာထဲဘက္ကို စစ္ေရွာင္ေနၾကတယ္” ဟု စစ္ေရွာင္မ်ားအား ကူညီေနသည့္ ျမစ္ႀကီးနားၿမိဳ႕ခံ တစ္ဦး က ေျပာသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ လြယ္လီယန္ေက်း႐ြာအနီးတြင္ ဧၿပီလ ၈ ရက္ေန႔ ည ၈ နာရီခြဲ အခ်ိန္ခန႔္က KIA တပ္ရင္း (၁၁)ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ “ဒီကိစၥက ဗမာစစ္သားေတြက မိုးေကာင္းဘက္ကေန စစ္ကား၃စီးနဲ႔ မိုးေကာင္း ဘက္ကေနဆင္းလာတာ ဟုတ္ တယ္။ အခ်ိန္ က ၈ နာရီခြဲေလာက္ျဖစ္မယ္။ မရန္ကေထာင္႐ြာကေန ဝင္လာ တယ္။ အဲ့ဒါေၾကာင့္ ေကအိုင္ေအနဲ႔ ထိတ္တိုက္ေတြ႕ဆုံတိုက္ခိုက္တဲ့တိုက္ပြဲလို႔ေျပာလို႔ရတယ္။ သူတို႔လည္း စစ္ ေရးလႈပ္ရွားလာေတာ့ ျဖစ္ခဲ့တဲ့တိုက္ပြဲပါ” ဟု ေရွ႕တန္းတြင္ တာဝန္က်ေနသည့္ KIA တာဝန္ရွိသူတစ္ဦး က ေျပာ သည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းတြင္လည္း အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕မ်ား ဝင္ေရာက္ လာသည့္အတြက္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး ဧၿပီလ ၇ ရက္ေန႔က တိုက္ပြဲ ႏွစ္ေနရာ ျဖစ္ပြားခဲ့သည္။