CDM ဝန်ထမ်းများအား ကိုဗစ်ချေးငွေ ပြန်ဆပ်ခိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်။

အာဏာသိမ်းစစ်ကောင်စီက လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများအား NLD အစိုးရက ထုတ်ချေးပေးခဲ့သည့် COVID-19 ကပ်ရောဂါချေးငွေ နှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေသည်ဟု သိရသည်။

COVID-19 ကပ်ရောဂါ၏သက်ရောက်မှုကို ကုစားနိုင်ရေးအတွက်ဆိုကာ NLD အစိုးရကထုတ်ချေးပေးခဲ့သည့် လ စာ နှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာအောက်ရှိ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အတိုးမဲ့ချေးပေးသည့် ကိုဗစ်ချေးငွေ လေးသိန်းခွဲကျော်ကို သတ်မှတ်ထားသည့် ဆိုင်းငံ့ကာလကျော်မှသာ လစာ ထဲမှ အရစ်ကျပြန်ဆပ်ရန်ဖြစ်သော်လည်း CDM ဝင်သည့်အတွက် ပြန်ဆပ်ခိုင်းနေကြောင်း ၎င်းကဆက်လက်ရှင်း ပြသည်။

CDM ဝင်သဖြင့် ရာထူးမှ ထုတ်ပယ်သည့်စာနှင့်အတူ နေအိမ်လိုင်းခန်းကိုလဲ ပြန်အပ်ရန် စာပေးထားကြောင်း ဝန် ထမ်းလုပ်သက် ၁၆နှစ်ရှိ ထိုသူက ဆိုသည်။

“အဆုံးအထိ နိုင်အောင်တိုက်မှာပါ” ဟု ရာထူးထုတ်ပယ်စာ၊ အကြွေးတောင်းစာ၊ အိမ်ခန်းဖယ်စာ သုံးစောင် တပြိုင်ထဲရထားသူက ပြောသည်။

ရုံးမတက်ချင်၍ ချေးငွေ ၂ လစာ ပြန်ဆပ်ပြီး ထွက်စာတင်သူ အချို့ကိုလည်း ထွက်ခွင့်မပေးကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း ၂၀၀၀ ကျော်ခန့်ရှိသည်အနက် ၃၀၀ ကျော်ခန့် CDM ဝင်ထား ကြောင်းသိရသည်။

*** ZAWGYI ***
CDM ဝန္ထမ္းမ်ားအား ကိုဗစ္ေခ်းေငြ ျပန္ဆပ္ခိုင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၅ ရက္။

အာဏာသိမ္းစစ္ေကာင္စီက လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈ (CDM) တြင္ ပါဝင္ေသာ ဝန္ထမ္းမ်ားအား NLD အစိုးရက ထုတ္ေခ်းေပးခဲ့သည့္ COVID-19 ကပ္ေရာဂါေခ်းေငြ ႏွစ္လစာကို ဖိအားေပး ျပန္ဆပ္ခိုင္းေနသည္ဟု သိရသည္။

COVID-19 ကပ္ေရာဂါ၏သက္ေရာက္မႈကို ကုစားႏိုင္ေရးအတြက္ဆိုကာ NLD အစိုးရကထုတ္ေခ်းေပးခဲ့သည့္ လ စာ ႏွစ္လစာကို ဖိအားေပး ျပန္ဆပ္ခိုင္းေနေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာေအာက္ရွိ CDM ဝန္ထမ္းတစ္ဦးက ေျပာသည္။

အတိုးမဲ့ေခ်းေပးသည့္ ကိုဗစ္ေခ်းေငြ ေလးသိန္းခြဲေက်ာ္ကို သတ္မွတ္ထားသည့္ ဆိုင္းငံ့ကာလေက်ာ္မွသာ လစာ ထဲမွ အရစ္က်ျပန္ဆပ္ရန္ျဖစ္ေသာ္လည္း CDM ဝင္သည့္အတြက္ ျပန္ဆပ္ခိုင္းေနေၾကာင္း ၎ကဆက္လက္ရွင္း ျပသည္။

CDM ဝင္သျဖင့္ ရာထူးမွ ထုတ္ပယ္သည့္စာႏွင့္အတူ ေနအိမ္လိုင္းခန္းကိုလဲ ျပန္အပ္ရန္ စာေပးထားေၾကာင္း ဝန္ ထမ္းလုပ္သက္ ၁၆ႏွစ္ရွိ ထိုသူက ဆိုသည္။

“အဆုံးအထိ ႏိုင္ေအာင္တိုက္မွာပါ” ဟု ရာထူးထုတ္ပယ္စာ၊ အေႂကြးေတာင္းစာ၊ အိမ္ခန္းဖယ္စာ သုံးေစာင္ တၿပိဳင္ထဲရထားသူက ေျပာသည္။

႐ုံးမတက္ခ်င္၍ ေခ်းေငြ ၂ လစာ ျပန္ဆပ္ၿပီး ထြက္စာတင္သူ အခ်ိဳ႕ကိုလည္း ထြက္ခြင့္မေပးေၾကာင္း သိရသည္။

ျပန္ၾကားေရးဝန္ႀကီးဌာနေအာက္ရွိ ဝန္ထမ္း ၂၀၀၀ ေက်ာ္ခန႔္ရွိသည္အနက္ ၃၀၀ ေက်ာ္ခန႔္ CDM ဝင္ထား ေၾကာင္းသိရသည္။