NUG ပေါ်ပေါက်လာခြင်းသည် အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ခြေလှမ်းဟု PPST ခေါင်းဆောင်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်။

ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ပေါ်ပေါက်လာခြင်းသည် အာဏာရှင်စနစ် အမြစ်ပြတ်ရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်သည်ဟု  PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောဆို လိုက်သည်။

ဧပြီလ ၂၆ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းထဲတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ ထည့်သွင်း ပြောဆိုထားခြင်း ဖြစ် သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဧပြီ ၁၆ ရက်နေ့မှာ အင်အားစု အသီးသီး စုပေါင်းပြီး အမျိုးသား ညီညွှတ်ရေး အစိုး ရ (NUG) ကို တရားဝင်ဖွဲ့စည်း နိုင်ခဲ့ခြင်းဟာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာဖြစ်လို့ အမျိုး သား ညီညွှတ်ရေး အစိုးရရဲ့ ဖွဲ့စည်းခြင်းအပေါ် မိမိတို့ PPST အနေနဲ့ နှစ်ထောင်းအားရ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG သည် စစ်တပ်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုများမှတစ်ဆင့် တိုင်းရင်းသား လူမျိုးများ၊ နယ်ပယ် အသီးသီးက ပညာရှင် များဖြင့် ဖွဲ့စည်းပေါ်ပေါက်လာသည့် အစိုးရဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး လှုပ်ရှားသူများကို အာဏာသိမ်း စစ်ကောင်စီ တပ်မှ ပစ်ခတ်ဖြိုခွင်းမှု များရှိနေပြီး ထိုအကြမ်းဖက် ပစ်ခတ်မှုများကြားမှ စဉ်ဆက်မပြတ် တိုက်ပွဲဝင်နေမှုများ ကိုလည်း ပံ့ပိုးကူညီဝန်းရံသွားမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများကို စစ်ကောင်စီ ခေါင်း ဆောင်များက တာဝန်ယူရမည် ဟု PPST ယာယီ ခေါင်းဆောင်က ဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ကျဆုံးသွားခဲ့ကြတဲ့ အပြစ်မဲ့ ပြည်သူလူထု ၇၀၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာ ဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က  အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ ကျင်းပသည့် အာဆီယံ ခေါင်း ဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောထား သဘောတူညီချက် ၅ ချက်ကို ကြိုဆိုကြောင်းနှင့် တိကျ သည့် လုပ်ငန်းစဉ် အချိန်ဇယားများနှင့် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားရန် ဗိုလ်ချုပ်ကြီး ယွက်စစ် က အာဆီယံကို အလေးအနက် မေတ္တာရပ်ခံထားသည်။

အာဆီယံ အစည်းအဝေးမှ ဘုံသဘောတူညီချက် ၅ ချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်း ရပ် တန့်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံ အထူး ကိုယ်စားလှယ်က ကြားဝင်အကျိုးဆောင်စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ်များက မြန်မာပြည်တွင်းသို့ လာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၎င်းတို့၏ EAO များအနေဖြင့် အာဆီယံနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါသည်ဟု PPST ယာယီ ခေါင်းဆောင် က ပြောသည်။

NCA အပစ်ရပ် အဖွဲ့များ၏ PPST အစည်းအဝေးကို ၂ ရက်တာ ကျင်းပပြုသွားမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးကိစ္စနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းသွားရန် ရှိသည် ဟု သိရသည်။

NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
NUG ေပၚေပါက္လာျခင္းသည္ အာဏာရွင္ ခ်ဳပ္ၿငိမ္းေရးအတြက္ ေျခလွမ္းဟု PPST ေခါင္းေဆာင္ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၆ ရက္။

ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ေပၚေပါက္လာျခင္းသည္ အာဏာရွင္စနစ္ အျမစ္ျပတ္ရန္ ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အေရးႀကီးသည့္ ေျခလွမ္းျဖစ္သည္ဟု  PPST ယာယီ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ က ေျပာဆို လိုက္သည္။

ဧၿပီလ ၂၆ ရက္ေန႔ (ယေန႔) တြင္ ျပဳလုပ္သည့္ NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အ ဖြဲ႕ PPST အစည္းအေဝး အဖြင့္မိန႔္ခြန္းထဲတြင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ထိုသို႔ ထည့္သြင္း ေျပာဆိုထားျခင္း ျဖစ္ သည္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က “ဧၿပီ ၁၆ ရက္ေန႔မွာ အင္အားစု အသီးသီး စုေပါင္းၿပီး အမ်ိဳးသား ညီၫႊတ္ေရး အစိုး ရ (NUG) ကို တရားဝင္ဖြဲ႕စည္း ႏိုင္ခဲ့ျခင္းဟာ အာဏာရွင္စနစ္ အၿပီးသတ္ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အေရးႀကီးတဲ့ ေျခလွမ္းတစ္လွမ္းကို လွမ္းလိုက္တာျဖစ္လို႔ အမ်ိဳး သား ညီၫႊတ္ေရး အစိုးရရဲ႕ ဖြဲ႕စည္းျခင္းအေပၚ မိမိတို႔ PPST အေနနဲ႔ ႏွစ္ေထာင္းအားရ ဝမ္းေျမာက္မိပါေၾကာင္း ေျပာၾကားလိုပါတယ္” ဟု ေျပာသည္။

ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG သည္ စစ္တပ္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီး ေနာက္ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈမ်ားမွတစ္ဆင့္ တိုင္းရင္းသား လူမ်ိဳးမ်ား၊ နယ္ပယ္ အသီးသီးက ပညာရွင္ မ်ားျဖင့္ ဖြဲ႕စည္းေပၚေပါက္လာသည့္ အစိုးရျဖစ္သည္ ဟု သိရသည္။

လက္ရွိတြင္ အာဏာရွင္စနစ္ ဆန႔္က်င္ေရး ေႏြဦးေတာ္လွန္ေရး လႈပ္ရွားသူမ်ားကို အာဏာသိမ္း စစ္ေကာင္စီ တပ္မွ ပစ္ခတ္ၿဖိဳခြင္းမႈ မ်ားရွိေနၿပီး ထိုအၾကမ္းဖက္ ပစ္ခတ္မႈမ်ားၾကားမွ စဥ္ဆက္မျပတ္ တိုက္ပြဲဝင္ေနမႈမ်ား ကိုလည္း ပံ့ပိုးကူညီဝန္းရံသြားမည္ဟု ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ က ေျပာသည္။

ထို႔အျပင္ အာဏာသိမ္း စစ္ေကာင္စီတပ္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားသူမ်ားကို စစ္ေကာင္စီ ေခါင္း ေဆာင္မ်ားက တာဝန္ယူရမည္ ဟု PPST ယာယီ ေခါင္းေဆာင္က ဆိုသည္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က “ေႏြဦးေတာ္လွန္ေရး ကာလအတြင္း စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္မႈ ေၾကာင့္ က်ဆုံးသြားခဲ့ၾကတဲ့ အျပစ္မဲ့ ျပည္သူလူထု ၇၀၀ ေက်ာ္အတြက္ စစ္ေကာင္စီေခါင္းေဆာင္ေတြက တာ ဝန္ယူ တာဝန္ခံရမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ဧၿပီလ ၂၄ ရက္ေန႔က  အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာ ၿမိဳ႕မွာ က်င္းပသည့္ အာဆီယံ ေခါင္း ေဆာင္မ်ား အထူးအစည္းအေဝး၏ ဘုံသေဘာထား သေဘာတူညီခ်က္ ၅ ခ်က္ကို ႀကိဳဆိုေၾကာင္းႏွင့္ တိက် သည့္ လုပ္ငန္းစဥ္ အခ်ိန္ဇယားမ်ားႏွင့္ အျမန္ဆုံးအေကာင္အထည္ ေဖာ္ေဆာင္႐ြက္သြားရန္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က အာဆီယံကို အေလးအနက္ ေမတၱာရပ္ခံထားသည္။

အာဆီယံ အစည္းအေဝးမွ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ျဖစ္သည့္ အၾကမ္းဖက္လုပ္ရပ္မွန္သမွ်ကို ခ်က္ခ်င္း ရပ္ တန႔္ေရး၊ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားအားလုံး ေတြ႕ဆုံေဆြးေႏြးေရး၊ ေတြ႕ဆုံေဆြးေႏြးေရးကို အာဆီယံ အထူး ကိုယ္စားလွယ္က ၾကားဝင္အက်ိဳးေဆာင္ေစ့စပ္ေပးေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး ႏွင့္ အာဆီယံ အထူးကိုယ္စားလွယ္မ်ားက ျမန္မာျပည္တြင္းသို႔ လာေရာက္ၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္းအားလုံးႏွင့္ ေတြ႕ဆုံေရးတို႔ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ၎တို႔၏ EAO မ်ားအေနျဖင့္ အာဆီယံႏွင့္ လက္တြဲ ပူးေပါင္းေဆာင္႐ြက္သြားမွာ ျဖစ္ပါသည္ဟု PPST ယာယီ ေခါင္းေဆာင္ က ေျပာသည္။

NCA အပစ္ရပ္ အဖြဲ႕မ်ား၏ PPST အစည္းအေဝးကို ၂ ရက္တာ က်င္းပျပဳသြားမည္ျဖစ္ၿပီး ထိုအစည္းအေဝးတြင္ လက္ရွိ ႏိုင္ငံေရး အက်ပ္အတည္း ေျဖရွင္းႏိုင္ေရးကိစၥႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးညႇိႏႈိင္းသြားရန္ ရွိသည္ ဟု သိရသည္။

NCA အပစ္ရပ္ အဖြဲ႕မ်ားမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ ေျမာက္ေရး ပါတီ ALP၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။