အလော့ဘွမ် အနီးတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ ရက်ဆက် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်။ 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က လေယာဉ်ဖြင့်  ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ဧပြီလ ၂၆ ရက်နေ့ (ယနေ့) တွင် မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီဟက်၊ ကုန်းလောကျေးရွာများ ဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်နော် ဒီမှာက။ နှစ်ရက် သုံးရက်ရှိပြီ ဟုတ်တယ်။ ဒီနေ့ရော မနေ့ကရော လေယာဉ်နဲ့လည်း လာပစ်တယ်။ ဒီနေ့ဆို ၅ ခေါက်လောက်တောင်မှ လေယာဉ်နဲ့လာပစ်တယ်” ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

လေယာဉ်ပစ်ခတ်မှုများအပြင် မြေပြင်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု အဆိုပါ အမည်မဖော်လိုသူ ဒေသခံ က ဆက်ပြောသည်။

“လေယာဉ်နဲ့လည်းပစ်တယ်နော် အခုဆိုရင်က။ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက် နက်ငယ်တွေနဲ့လည်း ဆက်တိုက်ပစ်တယ်။ ဟိုးတနေ့ကစပြီး ပြန်ဖြစ်နေတယ် ကျနော်တို့ဆီမှာက။ မနေ့ ကနဲ့ ဒီနေ့က လေယာဉ်တွေပြန်လာတယ်။ ဒီနေ့မနက်ဆိုရင် အစောကြီးကတည်းက ဖြစ်နေတာ ဟုတ် တယ်။”

မိုးမောက်မြို့က စစ်ရှောင်များအား ကူညီနေသူတစ်ဦးကလည်း “လေယာဉ်တွေ ခနခန သွားတာတွေ့တယ်။ မြို့သစ်ဘက်ကနေ သေနတ်သံတွေကြားရတယ်။ လက်နက်ကြီးအသံတွေဆိုရင် နေ့တိုင်းပဲ ကြားနေရ တယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အခု ကျမတို့နေတဲ့နေရာနဲ့ မြို့သစ်ဘက်နဲ့ ဆိုရင် တစ်နာရီလောက်ပဲ ဆိုင်ကယ်နဲ့သွားရတယ်လေနော် လက်နက်ကြီးအသံ၊ လက်နက်ငယ်အသံ အား လုံးကြား နေရတာ ဟုတ်တယ်။ စစ်ရှောင်လည်း ထပ်တိုးတယ်။ အိမ်ထောင်စု ၁၀ စု လောက် ပြန်တိုး လာ တယ်။ ကျမတို့ မိုးမောက်မှာတော့  တိုက်ပွဲက မဖြစ်သေးဘူးနော်၊ ဒီ မြို့သစ်တို့ စီဟက်တို့ အဲ့ဘက်မှာ ဖြစ် တာဟုတ်တယ်” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက တိုက်ပွဲများကြောင့် ယခုရက်ပိုင်းတွင် စစ်ဘေးရှောင်လာသူ  ၅၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း စစ်ရှောင်များအား ကူညီနေသူများက ပြောသည်။

စစ်ရှောင်ပြည်သူများအတွက် နေစရာ နေရာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များနှင့် အကူအညီပေးသူများက ဆိုသည်။

မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ကြောင်း တလျှောက်က ကျေးရွာပေါင်း ၁၀ ရွာခန့်က ရွာသားတွေက မိုးမောက်မြို့နှင့် ဗန်းမော်မြို့ များသို့ စစ်ဘေးတိမ်းရှောင်လာကြသည့်အတွက် ယခုခါ နေရာအခက်အခဲများ နှင့် ရင်ဆိုင် နေရသည်ဟု အကူအညီပေးနေသူများနှင့် စစ်ရှောင်များက ပြောသည်။

မိုးမော်မြို့နယ်အတွင်းက စစ်ရေးအရ အရေးကြီးသည့်၊ အချက်အချာကျသည့် အလော့ဘွမ် တပ်စခန်း ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့များက ဧပြီလ ဒုတိယပတ်ခန့်ကနေ ဒီနေ့အချိန်ထိ ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အလော့ဘွမ်နှင့် အနီးတဝိုက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

*** ZAWGYI ***
အေလာ့ဘြမ္ အနီးတိုက္ပြဲ စစ္ေကာင္စီတပ္ ေလေၾကာင္းမွ ရက္ဆက္ တိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၆ ရက္။ 

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္အတြင္းတြင္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ စစ္ေကာင္စီတပ္ တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ဆက္လက္ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္ဖက္က ေလယာဥ္ျဖင့္  ၃ ရက္ဆက္တိုက္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။

ဧၿပီလ ၂၆ ရက္ေန႔ (ယေန႔) တြင္ မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕သစ္၊ စီဟက္၊ ကုန္းေလာေက်း႐ြာမ်ား ဘက္တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး အာဏာသိမ္းစစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္ေနသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“တိုက္ပြဲကေတာ့ ေန႔တိုင္းျဖစ္တယ္ေနာ္ ဒီမွာက။ ႏွစ္ရက္ သုံးရက္ရွိၿပီ ဟုတ္တယ္။ ဒီေန႔ေရာ မေန႔ကေရာ ေလယာဥ္နဲ႔လည္း လာပစ္တယ္။ ဒီေန႔ဆို ၅ ေခါက္ေလာက္ေတာင္မွ ေလယာဥ္နဲ႔လာပစ္တယ္” ဟု အမည္ မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။

ေလယာဥ္ပစ္ခတ္မႈမ်ားအျပင္ ေျမျပင္တြင္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္ဟု အဆိုပါ အမည္မေဖာ္လိုသူ ေဒသခံ က ဆက္ေျပာသည္။

“ေလယာဥ္နဲ႔လည္းပစ္တယ္ေနာ္ အခုဆိုရင္က။ ေနာက္ၿပီး လက္နက္ႀကီးေတြနဲ႔လည္း ပစ္တယ္။ လက္ နက္ငယ္ေတြနဲ႔လည္း ဆက္တိုက္ပစ္တယ္။ ဟိုးတေန႔ကစၿပီး ျပန္ျဖစ္ေနတယ္ က်ေနာ္တို႔ဆီမွာက။ မေန႔ ကနဲ႔ ဒီေန႔က ေလယာဥ္ေတြျပန္လာတယ္။ ဒီေန႔မနက္ဆိုရင္ အေစာႀကီးကတည္းက ျဖစ္ေနတာ ဟုတ္ တယ္။”

မိုးေမာက္ၿမိဳ႕က စစ္ေရွာင္မ်ားအား ကူညီေနသူတစ္ဦးကလည္း “ေလယာဥ္ေတြ ခနခန သြားတာေတြ႕တယ္။ ၿမိဳ႕သစ္ဘက္ကေန ေသနတ္သံေတြၾကားရတယ္။ လက္နက္ႀကီးအသံေတြဆိုရင္ ေန႔တိုင္းပဲ ၾကားေနရ တယ္။ တိုက္ပြဲကေတာ့ ေန႔တိုင္းျဖစ္ေနတယ္လို႔ ေျပာလို႔ရတယ္။ အခု က်မတို႔ေနတဲ့ေနရာနဲ႔ ၿမိဳ႕သစ္ဘက္နဲ႔ ဆိုရင္ တစ္နာရီေလာက္ပဲ ဆိုင္ကယ္နဲ႔သြားရတယ္ေလေနာ္ လက္နက္ႀကီးအသံ၊ လက္နက္ငယ္အသံ အား လုံးၾကား ေနရတာ ဟုတ္တယ္။ စစ္ေရွာင္လည္း ထပ္တိုးတယ္။ အိမ္ေထာင္စု ၁၀ စု ေလာက္ ျပန္တိုး လာ တယ္။ က်မတို႔ မိုးေမာက္မွာေတာ့  တိုက္ပြဲက မျဖစ္ေသးဘူးေနာ္၊ ဒီ ၿမိဳ႕သစ္တို႔ စီဟက္တို႔ အဲ့ဘက္မွာ ျဖစ္ တာဟုတ္တယ္” ဟု ေျပာသည္။

လက္ရွိျဖစ္ပြားေနသည့္ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္းက တိုက္ပြဲမ်ားေၾကာင့္ ယခုရက္ပိုင္းတြင္ စစ္ေဘးေရွာင္လာသူ  ၅၀၀၀ ေက်ာ္ရွိသြားၿပီျဖစ္ေၾကာင္း စစ္ေရွာင္မ်ားအား ကူညီေနသူမ်ားက ေျပာသည္။

စစ္ေရွာင္ျပည္သူမ်ားအတြက္ ေနစရာ ေနရာႏွင့္ အေရးေပၚအကူအညီမ်ား လိုအပ္ေန သည္ဟု စစ္ေရွာင္မ်ားႏွင့္ အကူအညီေပးသူမ်ားက ဆိုသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ တာပိန္ျမစ္ေၾကာင္း တေလွ်ာက္က ေက်း႐ြာေပါင္း ၁၀ ႐ြာခန႔္က ႐ြာသားေတြက မိုးေမာက္ၿမိဳ႕ႏွင့္ ဗန္းေမာ္ၿမိဳ႕ မ်ားသို႔ စစ္ေဘးတိမ္းေရွာင္လာၾကသည့္အတြက္ ယခုခါ ေနရာအခက္အခဲမ်ား ႏွင့္ ရင္ဆိုင္ ေနရသည္ဟု အကူအညီေပးေနသူမ်ားႏွင့္ စစ္ေရွာင္မ်ားက ေျပာသည္။

မိုးေမာ္ၿမိဳ႕နယ္အတြင္းက စစ္ေရးအရ အေရးႀကီးသည့္၊ အခ်က္အခ်ာက်သည့္ အေလာ့ဘြမ္ တပ္စခန္း ကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က မတ္လ ၂၅ ရက္ေန႔က သိမ္းပိုက္ခဲ့ၿပီးေနာက္ အာဏာသိမ္း စစ္အုပ္စု တပ္ဖြဲ႕မ်ားက ဧၿပီလ ဒုတိယပတ္ခန႔္ကေန ဒီေန႔အခ်ိန္ထိ ျပန္လည္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနသည့္အတြက္ အေလာ့ဘြမ္ႏွင့္ အနီးတဝိုက္ တိုက္ပြဲမ်ား ျပင္းထန္ေနျခင္း ျဖစ္သည္။