ဗူးလေးရာ ဖရုံဆင့်
အငတ်ဘေးနှင့် အသက်ဘေးကြားက ပြည်သူများ

ခိုင်ကျည်

“ဘယ်လိုပြောရမလဲ ဟင်းနဲ့တောင်မစားရတဲ့ ရက်တွေတောင်ရှိတယ်“လို့ အသားညိုညို ၀၀ပြည့်ပြည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ အသက် ၄၀ အရွယ် မစိုးက ပြောသည်။

ကျောင်းတက်နေသည့် ကလေးသုံးယောက်ရှိပြီး တစ်ရက်မှာ ဆန်၊ ဆီ အပါအဝင် မိသားစုအသုံးစရိတ်သည် ၅၀၀၀၊ ၆၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

လက်ရှိယောကျ်ားဖြစ်သူ၏ ပန်းရံအလုပ်က တစ်ရက် တစ်သောင်းကျပ်ခန့်ရနိုင်သော်လည်း တစ်လလျှင် အလုပ်ဆင်းရတဲ့ ရက်မှာ ဆယ်ရက်ခန့်သာရှိသဖြင့် တစ်လ တစ်သိန်းခန့်သာ ဝင်ငွေရှိတော့သည်ဟု ပြောသည်။

“ တိုင်ပတ်နေကြတာ ပြီးခဲ့တဲနှစ် ကိုဗစ်ဖြစ်ကတည်းက“ ဟု မစိုးငြီးတွားလိုက်သည်။

မစိုးကဲ့သို့ ရန်ကုန်မြို့အနီးတဝိုက်တွင်နေထိုင်ကြသည့် မိသားစုများသည် ထမင်းနပ်မမှန်ခြင်း၊ အဟာရပြည့်ဝစွာ မစားနိုင်ခြင်းနှင့် အစားအသောက်အတွက် ကြွေးဝန်ပိသည့် ပြဿနာကိုရင်ဆိုင်နေကြရသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးချက်ထုတ်ပြန်ထားသည်။

တစ်စုံတစ်ရာ ဖြေရှင်းနိုင်ခြင်း မရှိပါက လာမည့် ခြောက်လတွင် လူပေါင်း ၃ သန်း ခွဲခန့် အငတ်ဘေးကြုံတွေ့ရလိမ့်မည်ဟုလည်း သတိပေးထားသည်။

အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဝင်ငွေမရှိခြင်းများသည် အရင်းခံအကြောင်းတရားများဖြစ်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က သုံးသပ်ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲတွင်းနက်နေသူများသည် ကိုဗစ်ကပ်ရောဂါ၊ လက်ရှိနိုင်ငံရေး ပြဿနာပါ ပေါင်းပြီး သုံးမျိုးစလုံး၏ ရိုက်ခတ်မှုဒဏ်ခံနေခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့်ဘေးနှင့် ရင်ဆိုင်နေကြရကြောင်း WFP က သတင်းထုတ်ပြန် ထားသည်။

WFP ၏ ဈေးကွက်စောင့်ကြည့်မှုများအရ ဆန်ဈေးသည် နိုင်ငံတဝန်းတွင် ဇန်နဝါရီလကတည်းက ၅ ရာခိုင်နှုန်း၊ ဟင်းချက်ဆီဈေးသည် ဖေဖော်ဝါရီလကနေဆိုရင် ၁၈ ရာခိုင်နှုန်း ဈေးတက်လာသကဲ့သို့ လောင်စာဆီဈေးနှုန်းသည် နိုင်ငံတဝန်းမှာ ၃၀ ရာခိုင်နှုန်းအထိ တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်သည် သင်္ကြန်ပြီးနောက်ပိုင်းကာလများတွင် တက်လေ့ရှိသော်လည်း ယခုနှစ်တွင် ပုံမှန်ပဲရှိသည်ဟု နှစ်၃၀ကျော် ဆန်ရောင်းဝယ်ရေးအတွေ့ရှိသူ ဦးချမ်းက ဆိုသည်။

ဆန်ချောနှင့် ဆန်ကြမ်းဆိုပြီး ဆန်ဈေးကွက်ကို ယေဘူယျခွဲပြောနိုင်ကြောင်း ပေါ်ဆန်းဟုခေါ်သည့် ဆန်ချောဈေးနှုန်းသည် ပုံမှန်သာရှိပြီး ဆန်ကြမ်းဈေးက နွေစပါးတစ်ချို့ထွက်လာသဖြင့် ဈေးကျနေကြောင်းဦးချမ်းက ရှင်းပြသည်။

ရန်ကုန်လက်ကားဈေးကွက်၏ ဝယ်လိုအားသည် လက်လီဆိုင်များ၏ ဝယ်လိုအားပေါ်အခြေခံပြောင်းလဲလေ့ရှိကြောင်း လက်လီဆိုင်အများစု ဘဏ်များပိတ်ထားသဖြင့် ငွေရှားပါနေကြောင်း ဘုရင်နောင်ဈေးပွဲရုံ မှ ဆန်ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။

လုံခြုံရေးတာဝန်ကျ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ လုယက်ယူဆောင်များကို စိုးရိမ်ကြသဖြင့် သိုလှောင်မှုမပြုရဲဘဲ ရောင်း-ကုန်သလောက်သာ ဝယ်နေကြသဖြင့် ဆန် ဈေးပုံမှန်ဖြစ်နေကြောင်း ၎င်းကဆိုသည်။

”ဈေးသည်အားလုံးက ဓမြတွေဘယ်အချိန်လာလုမလဲဆိုတဲ့စိတ်နဲ့ ရောင်းနေရတဲ့ခေတ်လေ “ ဟု သူက ပြောဆိုသည်။

စပါးအဓီကထွက်ရှိသည့် ဧရာဝတီတိုင်း မြောင်းမြ၊ လပွတ္တာ၊ မော်ကျွန်း၊ ပုသိမ် ဆန်စက်များသည် ငွေလွဲငွေယူခက်ခဲပြီး ဟွန်ဒီနှင့်သာလွဲရမည့် အခြေအနေကြောင့် ရန်ကုန်သို့ တွန်းတွန်းတိုက်တိုက် ဆန်တင်ပို့ရန်မဖြစ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။

မြန်မာဆန်ပြည်ပတင်ပို့သည့် အဓိကလမ်းကြောင်းဖြစ်သော တရုတ်နယ်စပ်ကုန်သွယ်ရေးသည်လည်း ထွက်ပေါက်ပိတ် သလိုဖြစ်၍ ပြည်တွင်း`၌ ဆန်ပြတ်လတ်မည့်အခြေအနေမျိုး မရှိနိုင်ကြောင်း ပြည်ပသို့ဆန်တင်ပို့နေသူ တစ်ဦးက ရှင်းပြသည်။

လက်ရှိရန်ကုန် ဆန်လက်ကားဈေးကွက်တွင် ပေါ်ဆန်း ရွှေဘို အသစ် တစ်အိတ် ငါးသောင်းမှငါးသောင်းသုံးထောင်၊ အဟောင်းခြောက်သောင်း၊ ပေါ်ဆန်းဧရာဝတီအမြင့်ဆုံး လေးသောင်း၊ လေးသောင်းနှစ်ထောင်၊ အနိမ်ဆုံး သုံးသောင်းခွဲ၊ သုံးသောင်းခြောက်ထောင်၊ အကြမ်းအဟောင်းသုံးသောင်း၊ သုံးသောင်းနှစ်ထောင်၊ အသစ်(ရက်၉၀)နှစ်သောင်းနှစ်ထောင်၊ နှစ်သောင်းသုံးခန့်ရှိကြောင်းသိရသည်။

စပါးဈေးမှာ စပါးအကြမ်းအဟောင်း တင်း၁၀၀ကို ခြောက်သိန်းနှင့်ငါးသိန်းခွဲကြား ပေါ်ဆန်းစပါး တင်း၁၀၀ကို အသစ် ရှစ်သိန်း၊ ကိုးသိန်း၊ အဟောင်း ကိုးသိန်းခွဲခန့်ရှိကြောင်းသိရပြီး ပေါ်ဆန်းသည် တနှစ်မှာ တကြိမ်သာထွက်သည့် စပါးမျိုးဖြစ်သည်။

ဝက်သားအမဲသား မစားသဖြင့် ကြက်သားနှင့်အသီးအရွက်သာ စားပြီး ဆန်ဖိုးအပါအဝင် တရက်လျှင် မနက် ၂၀၀၀၊ ည၂၀၀၀ ခန့်ကုန်ကျကြောင်း ဟင်းကို ဦးစားမပေးနိုင်သဖြင့် ထမင်းကောင်းသည့် ဆန်အကောင်းကိုသာ ဝယ်စားကြောင်း မတတ်နိုင်သည့်အခါ အကြမ်းနှင့်အချော ရောချက်ကြောင်း မစိုးကပြောသည်။

နောက်လများတွင်အလုပ်အကိုင်ရှားလာလျှင် စရိတ်ကျဉ်းသည့် နယ်ပြန်နေဖို့စဉ်းစားထားကြောင်း အဓိက ကိုယ်အန္တရယ်ကိုယ်ကြည့်ရှောင်နေရကြောင်းမစိုးကဆိုသည်

စစ်တပ်အာဏာသိမ်းတာ ၃ လနီးပါး ရှိလာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ မြို့ကြီးများရှိ ဆင်းရဲသားရပ်ကွက်နေလူထုနှင့် မကြာသေးခင်ကမှ အိုးအိမ်ရွှေ့ပြောင်း ခဲ့ရသူတွေအပါအဝင် ဒုက္ခရောက်နေသူ ၂ သန်းလောက်အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က အစီစဉ်သစ်တခု စတင်လုပ်ဆောင်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

မည်သို့ပင်ဖြစ်စေ ကုလသမဂ္ဂစိုးရိမ်နေသကဲ့သို့ အစာအဟာရပြသနာအပါအဝင် မြန်မာပြည်သူများ အချိန်မရွှေးဖမ်းဆီးခံရနိုင်မှု၊အချိန်မရွေးပစ်သတ်ခံနိုင်ရမှုကဲ့သို့ အခြေခံလူအခွင့်အရေးများဆုံးရှုံ့းနေကြောင်းကို မစိုး၏ အောက်ဖော်ပြပါစကားတွေသက်သေပြနေပါသည်။

“ အရင်က အလုပ်မရှိရင် ကော်ဗူးတွေ၊ ပလပ်စတစ်ဗူးတွေ လိုက်ကောက်လို့ရတယ် အခုကကော်ဗူးကောက်ဖို့တောင် အန္တရာယ်မကင်းသလိုဖြစ်နေတာကြီးဆိုတော့ ကိုယ်အန္တရာယ်ကိုယ် အရင်ကြည့်ရှောင်နေရတဲ့ခေတ်လေ“ဟု မစိုးငြီးတွားပြောဆိုသည်။

*** ZAWGYI ***
ဗူးေလးရာ ဖရုံဆင့္
အငတ္ေဘးနွင့္ အသက္ေဘးၾကားက ျပည္သူမ်ား


ခိုင္က်ည္

“ဘယ္လိုေျပာရမလဲ ဟင္းနဲ႔ေတာင္မစားရတဲ့ ရက္ေတြေတာင္ရွိတယ္“လို႔ အသားညိဳညိဳ ၀၀ျပည့္ျပည့္ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားသူ အသက္ ၄၀ အရြယ္ မစိုးက ေျပာသည္။

ေက်ာင္းတက္ေနသည့္ ကေလးသုံးေယာက္ရွိျပီး တစ္ရက္မွာ ဆန္၊ ဆီ အပါအ၀င္ မိသားစုအသုံးစရိတ္သည္ ၅၀၀၀၊ ၆၀၀၀ ခန္႔ ရွိသည္ဟု ဆိုသည္။

လက္ရွိေယာက်္ားျဖစ္သူ၏ ပန္းရံအလုပ္က တစ္ရက္ တစ္ေသာင္းက်ပ္ခန္႔ရႏိုင္ေသာ္လည္း တစ္လလွ်င္ အလုပ္ဆင္းရတဲ့ ရက္မွာ ဆယ္ရက္ခန္႔သာရွိသျဖင့္ တစ္လ တစ္သိန္းခန္႔သာ ၀င္ေငြရွိေတာ့သည္ဟု ေျပာသည္။

“ တိုင္ပတ္ေနၾကတာ ျပီးခဲ့တဲႏွစ္ ကိုဗစ္ျဖစ္ကတည္းက“ ဟု မစိုးျငီးတြားလိုက္သည္။

မစိုးကဲ့သို႔ ရန္ကုန္ျမိဳ႕အနီးတ၀ိုက္တြင္ေနထိုင္ၾကသည့္ မိသားစုမ်ားသည္ ထမင္းနပ္မမွန္ျခင္း၊ အဟာရျပည့္၀စြာ မစားႏိုင္ျခင္းႏွင့္ အစားအေသာက္အတြက္ ေၾကြး၀န္ပိသည့္ ျပႆနာကိုရင္ဆိုင္ေနၾကရသည္ဟု ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္ WFP က သတိေပးခ်က္ထုတ္ျပန္ထားသည္။

တစ္စံုတစ္ရာ ေျဖရွင္းနိုင္ျခင္း မရွိပါက လာမည့္ ေျခာက္လတြင္ လူေပါင္း ၃ သန္း ခြဲခန္႔ အငတ္ေဘးႀကံဳေတြ႔ရလိမ့္မည္ဟုလည္း သတိေပးထားသည္။

အလုပ္လက္မဲ့ျဖစ္ျခင္း၊ ၀င္ေငြမရွိျခင္းမ်ားသည္ အရင္းခံအေၾကာင္းတရားမ်ားျဖစ္ေၾကာင္း ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္ WFP က သုံးသပ္ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံရွိ ဆင္းရဲတြင္းနက္ေနသူမ်ားသည္ ကိုဗစ္ကပ္ေရာဂါ၊ လက္ရွိႏိုင္ငံေရး ျပႆနာပါ ေပါင္းျပီး သုံးမ်ိဳးစလုံး၏ ရိုက္ခတ္မႈဒဏ္ခံေနျခင္းေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မည့္ေဘးႏွင့္ ရင္ဆိုင္ေနၾကရေၾကာင္း WFP က သတင္းထုတ္ျပန္ ထားသည္။

WFP ၏ ေဈးကြက္ေစာင့္ၾကည့္မႈမ်ားအရ ဆန္ေစ်းသည္ ႏိုင္ငံတဝန္းတြင္ ဇန္နဝါရီလကတည္းက ၅ ရာခိုင္ႏႈန္း၊ ဟင္းခ်က္ဆီေစ်းသည္ ေဖေဖာ္ဝါရီလကေနဆိုရင္ ၁၈ ရာခိုင္ႏႈန္း ေဈးတက္လာသကဲ့သို႔ ေလာင္စာဆီေဈးႏႈန္းသည္ ႏိုင္ငံတဝန္းမွာ ၃၀ ရာခိုင္ႏႈန္းအထိ တက္လာေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ ဆန္ေစ်းကြက္သည္ သၾကၤန္ျပီးေနာက္ပိုင္းကာလမ်ားတြင္ တက္ေလ့ရွိေသာ္လည္း ယခုႏွစ္တြင္ ပုံမွန္ပဲရွိသည္ဟု ႏွစ္၃၀ေက်ာ္ ဆန္ေရာင္း၀ယ္ေရးအေတြ႔ရွိသူ ဦးခ်မ္းက ဆိုသည္။

ဆန္ေခ်ာႏွင့္ ဆန္ၾကမ္းဆိုျပီး ဆန္ေစ်းကြက္ကို ေယဘူယ်ခြဲေျပာႏိုင္ေၾကာင္း ေပၚဆန္းဟုေခၚသည့္ ဆန္ေခ်ာေစ်းႏႈန္းသည္ ပုံမွန္သာရွိျပီး ဆန္ၾကမ္းေစ်းက ေႏြစပါးတစ္ခ်ိဳ႕ထြက္လာသျဖင့္ ေစ်းက်ေနေၾကာင္းဦးခ်မ္းက ရွင္းျပသည္။

ရန္ကုန္လက္ကားေစ်းကြက္၏ ၀ယ္လိုအားသည္ လက္လီဆိုင္မ်ား၏ ၀ယ္လိုအားေပၚအေျခခံေျပာင္းလဲေလ့ရွိေၾကာင္း လက္လီဆိုင္အမ်ားစု ဘဏ္မ်ားပိတ္ထားသျဖင့္ ေငြရွားပါေနေၾကာင္း ဘုရင္ေနာင္ေစ်းပြဲရုံ မွ ဆန္ကုန္သည္ၾကီးတစ္ဦးက ေျပာၾကားသည္။

လုံျခံဳေရးတာ၀န္က် စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႔၀င္တစ္ခ်ိဳ႕ လုယက္ယူေဆာင္မ်ားကို စိုးရိမ္ၾကသျဖင့္ သိုေလွာင္မႈမျပဳရဲဘဲ ေရာင္း-ကုန္သေလာက္သာ ၀ယ္ေနၾကသျဖင့္ ဆန္ ေစ်းပုံမွန္ျဖစ္ေနေၾကာင္း ၎ကဆိုသည္။

”ေစ်းသည္အားလုံးက ဓျမေတြဘယ္အခ်ိန္လာလုမလဲဆိုတဲ့စိတ္နဲ႔ ေရာင္းေနရတဲ့ေခတ္ေလ “
ဟု သူက ေျပာဆိုသည္။

စပါးအဓီကထြက္ရွိသည့္ ဧရာ၀တီတိုင္း ေျမာင္းျမ၊ လပြတၱာ၊ ေမာ္ကၽြန္း၊ ပုသိမ္ ဆန္စက္မ်ားသည္ ေငြလြဲေငြယူခက္ခဲျပီး ဟြန္ဒီႏွင့္သာလြဲရမည့္ အေျခအေနေၾကာင့္ ရန္ကုန္သို႔ တြန္းတြန္းတိုက္တိုက္ ဆန္တင္ပို႔ရန္မျဖစ္သည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္ဟုသိရသည္။

ျမန္မာဆန္ျပည္ပတင္ပို႔သည့္ အဓိကလမ္းေၾကာင္းျဖစ္ေသာ တရုတ္နယ္စပ္ကုန္သြယ္ေရးသည္လည္း ထြက္ေပါက္ပိတ္ သလိုျဖစ္၍ ျပည္တြင္း`၌ ဆန္ျပတ္လတ္မည့္အေျခအေနမ်ိဳး မရွိႏိုင္ေၾကာင္း ျပည္ပသို႔ဆန္တင္ပို႔ေနသူ တစ္ဦးက ရွင္းျပသည္။

လက္ရွိရန္ကုန္ ဆန္လက္ကားေစ်းကြက္တြင္ ေပၚဆန္း ေရႊဘို အသစ္ တစ္အိတ္ ငါးေသာင္းမွငါးေသာင္းသုံးေထာင္၊ အေဟာင္းေျခာက္ေသာင္း၊ ေပၚဆန္းဧရာ၀တီအျမင့္ဆုံး ေလးေသာင္း၊ ေလးေသာင္းႏွစ္ေထာင္၊ အနိမ္ဆုံး သုံးေသာင္းခြဲ၊ သုံးေသာင္းေျခာက္ေထာင္၊ အၾကမ္းအေဟာင္းသုံးေသာင္း၊ သုံးေသာင္းႏွစ္ေထာင္၊ အသစ္(ရက္၉၀)ႏွစ္ေသာင္းႏွစ္ေထာင္၊ ႏွစ္ေသာင္းသုံးခန္႔ရွိေၾကာင္းသိရသည္။

စပါးေစ်းမွာ စပါးအၾကမ္းအေဟာင္း တင္း၁၀၀ကို ေျခာက္သိန္းႏွင့္ငါးသိန္းခြဲၾကား ေပၚဆန္းစပါး တင္း၁၀၀ကို အသစ္ ရွစ္သိန္း၊ ကိုးသိန္း၊ အေဟာင္း ကိုးသိန္းခြဲခန္႔ရွိေၾကာင္းသိရျပီး ေပၚဆန္းသည္ တႏွစ္မွာ တၾကိမ္သာထြက္သည့္ စပါးမ်ိဳးျဖစ္သည္။

၀က္သားအမဲသား မစားသျဖင့္ ၾကက္သားႏွင့္အသီးအရြက္သာ စားျပီး ဆန္ဖိုးအပါအ၀င္ တရက္လွ်င္ မနက္ ၂၀၀၀၊ ည၂၀၀၀ ခန္႔ကုန္က်ေၾကာင္း ဟင္းကို ဦးစားမေပးႏိုင္သျဖင့္ ထမင္းေကာင္းသည့္ ဆန္အေကာင္းကိုသာ ၀ယ္စားေၾကာင္း မတတ္ႏိုင္သည့္အခါ အၾကမ္းႏွင့္အေခ်ာ ေရာခ်က္ေၾကာင္း မစိုးကေျပာသည္။

ေနာက္လမ်ားတြင္အလုပ္အကိုင္ရွားလာလွ်င္ စရိတ္က်ဥ္းသည့္ နယ္ျပန္ေနဖို႔စဥ္းစားထားေၾကာင္း အဓိက ကိုယ္အႏၱရယ္ကိုယ္ၾကည့္ေရွာင္ေနရေၾကာင္းမစိုးကဆိုသည္။

စစ္တပ္အာဏာသိမ္းတာ ၃ လနီးပါး ရွိလာၿပီျဖစ္သည့္ ျမန္မာႏိုင္ငံ၏ ၿမိဳ႕ႀကီးမ်ားရွိ ဆင္းရဲသားရပ္ကြက္ေနလူထုႏွင့္ မၾကာေသးခင္ကမွ အိုးအိမ္ေ႐ႊ႕ေျပာင္း ခဲ့ရသူေတြအပါအဝင္ ဒုကၡေရာက္ေနသူ ၂ သန္းေလာက္အတြက္ ကုလသမဂၢ စားနပ္ရိကၡာအဖြဲ႕ WFP က အစီစဥ္သစ္တခု စတင္လုပ္ေဆာင္ေနၿပီလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္႐ုံးက ေျပာပါတယ္။

မည္သုိ႔ပင္ျဖစ္ေစ ကုလသမဂၢစိုးရိမ္ေနသကဲ့သို႔ အစာအဟာရျပသနာအပါအ၀င္ ျမန္မာျပည္သူမ်ား အခ်ိန္မေရႊးဖမ္းဆီးခံရႏိုင္မႈ၊အခ်ိန္မေရြးပစ္သတ္ခံႏိုင္ရမႈကဲ့သို႔ အေျခခံလူအခြင့္အေရးမ်ားဆုံးရႈ႔ံးေနေၾကာင္းကို မစိုး၏ ေအာက္ေဖာ္ျပပါစကားေတြသက္ေသျပေနပါသည္။

“ အရင္က အလုပ္မရွိရင္ ေကာ္ဗူးေတြ၊ ပလပ္စတစ္ဗူးေတြ လိုက္ေကာက္လို႔ရတယ္ အခုကေကာ္ဗူးေကာက္ဖို႔ေတာင္ အႏၱရာယ္မကင္းသလိုျဖစ္ေနတာၾကီးဆိုေတာ့ ကိုယ္အႏၱရာယ္ကိုယ္ အရင္ၾကည့္ေရွာင္ေနရတဲ့ေခတ္ေလ “ဟု မစိုးျငီးတြားေျပာဆိုသည္။