မြေပြင်၊ ဝေဟင် တိုက်ပွဲများဆင်နေသော်လည်း စစ်ကောင်စီက တစ်လ အပစ်ရပ်ကြောင်း ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းထိုးစစ်များပါ အသုံးပြု နေသော်လည်း အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှု တစ်လတာ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ယနေ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဆက်တိုက်လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးမောက် ဒေသခံ တစ်ဦး က “ဟုတ်ပါတယ် နေ့တိုင်း တိုက်ပွဲဖြစ်နေတာပါ။ လေယာဉ်လည်း နေ့တိုင်းပဲ လာပါတယ်။ လေယာဉ်တွေနဲ့ နေ့ တိုင်း ပစ်ပါတယ်။ မိုးမောက်မြို့နယ်ထဲက စီးဟက်၊ ဒီကုန်းလောနဲ့ မြို့သစ်ဘက်တွေမှာ နေ့တိုင်း ပစ်နေတာပဲ။ အသံတွေလည်း ကြားရတယ်။ လေယာဉ်ဆိုရင် ခနခနပဲ လာနေတာ နော်၊ တစ်ရက်ကို ၅ ကြိမ်၊ ၆ ကြိမ် မက ဘူး။ ဒီနေ့ လည်းလာတယ်။ မနေ့ကလည်း လာတယ်။ ဟိုးတနေ့က လည်းလာတယ်။ မိုးမောက်ကို စစ်ရှောင် အသစ်လည်း နေ့တိုင်းရောက်တယ်။ သူတို့ အပစ်ရပ်တာ ကျမတို့က မသိဘူး။ တိုက်ပဲဖြစ်တာပဲ သိတယ်။ မနေ့ဆိုရင် ရွာသားတစ်ယောက် သေတယ်ပြောတယ်။ နွမ်လွန်းရွာမှာ လေယာဉ်နဲ့လာပစ်လို့” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ကြေညာခဲ့သော်လည်း ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွား နေခဲ့သည်။

ထို့အတူ ဧပြီလ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် ဆိုပြီး မေလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ အပစ်ရပ် တစ်လတာ ထပ်တိုးကြောင်း ထုတ်ပြန်ထားပြန်သည်။

စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည့် ဧပြီလ ၃၀ ရက်နေ့ ယနေ့ တွင်ပင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်ရော ဝေဟင်ထိုးစစ်များပါ ပြုလုပ် ခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်လွတ် လပ်ရေးတပ်မတော် KIA က သိမ်းယူထားသည့် အလော့ဒ်ဘွမ်(အလော့ဒ်တောင်) စခန်းကုန်းကို စစ်ကောင်စီတပ်ဘက် ရရှိ ရန် ကြိုးစားနေကြောင်း၊ လေယာဉ်များဖြင့် နေ့စဉ်လာရောက်ပစ်ခတ်နေသည်မှာ ၆ ရက် ဆက်တိုက်ရှိပြီဖြစ် သည်ဟု ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ နံနက်ပိုင်း အထိ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN) က ပြောသည်။

KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က “အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယာဉ်ပျံနဲ့ ဗုံးလာ ကြဲတာ ခုနကပဲ ကျမတို့ကို လှမ်းပြောတာ ဒါးဂွင်ဖက်လို့ပြောတယ်။ စစ်စခန်းနဲ့ အနီးအနားတွေကို ပစ်နေတာ။ တိုက်ပွဲက နေ့တိုင်းပဲ အတွင်းဖက်မှာဆို သေနတ်ကြီးတွေနဲ့ ရွာထဲ ဖက်ကို ပစ်တာရှိတယ်။ အတွင်းဖက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရှိတယ်။ ကမမောင်းနဲ့ ဖာ ပွန်လမ်းဖက်ပေါ့ အဲဖက်မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေက အစားအသောက်မရှိဘူး” ဟု ပြော သည်။

သို့သော် စစ်ကောင်စီ က “တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက် မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက် ဆွေးနွေးခြင်း များ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက် ဆွေးနွေးသွားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ အပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထပ်မံရပ် ဆိုင်း ပေးသွားမည်ဖြစ်သည်” ဟု ဧပြီလ ၃၀ ရက်နေ့ ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ အချို့သော တိုင်းနှင့် ပြည်နယ်များဖြစ်သည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်းရှိ ဆန္ဒပြည်သူများနှင့်လည်း စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွား လျှက်ရှိသည်။

*** ZAWGYI ***
ေျမျပင္၊ ေဝဟင္ တိုက္ပြဲမ်ားဆင္ေနေသာ္လည္း စစ္ေကာင္စီက တစ္လ အပစ္ရပ္ေၾကာင္း ေၾကညာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္။

ကခ်င္ ျပည္နယ္ႏွင့္ ကရင္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ေလေၾကာင္းထိုးစစ္မ်ားပါ အသုံးျပဳ ေနေသာ္လည္း အာဏာသိမ္းစစ္ေကာင္စီက ပစ္ခတ္တိုက္ခိုက္မႈ တစ္လတာ ရပ္စဲေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျပန္သည္။

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္အတြင္း ယေန႔တြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ ဆက္တိုက္လာေရာက္ ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ကခ်င္ျပည္နယ္ မိုးေမာက္ ေဒသခံ တစ္ဦး က “ဟုတ္ပါတယ္ ေန႔တိုင္း တိုက္ပြဲျဖစ္ေနတာပါ။ ေလယာဥ္လည္း ေန႔တိုင္းပဲ လာပါတယ္။ ေလယာဥ္ေတြနဲ႔ ေန႔ တိုင္း ပစ္ပါတယ္။ မိုးေမာက္ၿမိဳ႕နယ္ထဲက စီးဟက္၊ ဒီကုန္းေလာနဲ႔ ၿမိဳ႕သစ္ဘက္ေတြမွာ ေန႔တိုင္း ပစ္ေနတာပဲ။ အသံေတြလည္း ၾကားရတယ္။ ေလယာဥ္ဆိုရင္ ခနခနပဲ လာေနတာ ေနာ္၊ တစ္ရက္ကို ၅ ႀကိမ္၊ ၆ ႀကိမ္ မက ဘူး။ ဒီေန႔ လည္းလာတယ္။ မေန႔ကလည္း လာတယ္။ ဟိုးတေန႔က လည္းလာတယ္။ မိုးေမာက္ကို စစ္ေရွာင္ အသစ္လည္း ေန႔တိုင္းေရာက္တယ္။ သူတို႔ အပစ္ရပ္တာ က်မတို႔က မသိဘူး။ တိုက္ပဲျဖစ္တာပဲ သိတယ္။ မေန႔ဆိုရင္ ႐ြာသားတစ္ေယာက္ ေသတယ္ေျပာတယ္။ ႏြမ္လြန္း႐ြာမွာ ေလယာဥ္နဲ႔လာပစ္လို႔” ဟုေျပာသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၁ ရက္ေန႔မွ ၃၀ ရက္ေန႔ အထိ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အပစ္ရပ္ေၾကညာခဲ့ေသာ္လည္း ကခ်င္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ တိုက္ပြဲမ်ား ေန႔စဥ္ရက္ဆက္ ျဖစ္ပြား ေနခဲ့သည္။

ထို႔အတူ ဧၿပီလ ၃၀ ရက္ေန႔ (ယေန႔) တြင္လည္း ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္း ေရးအတြက္ ဆိုၿပီး ေမလ ၁ ရက္ေန႔ မွ ၃၁ ရက္ေန႔အထိ အပစ္ရပ္ တစ္လတာ ထပ္တိုးေၾကာင္း ထုတ္ျပန္ထားျပန္သည္။

စစ္ေကာင္စီက တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ အပစ္ရပ္ေၾကာင္း ထုတ္ျပန္ထားသည့္ ဧၿပီလ ၃၀ ရက္ေန႔ ယေန႔ တြင္ပင္ ကခ်င္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တြင္ တိုက္ပြဲျပင္းထန္ခဲ့ၿပီး ေျမျပင္ေရာ ေဝဟင္ထိုးစစ္မ်ားပါ ျပဳလုပ္ ခဲ့သည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနၿပီး ကခ်င္လြတ္ လပ္ေရးတပ္မေတာ္ KIA က သိမ္းယူထားသည့္ အေလာ့ဒ္ဘြမ္(အေလာ့ဒ္ေတာင္) စခန္းကုန္းကို စစ္ေကာင္စီတပ္ဘက္ ရရွိ ရန္ ႀကိဳးစားေနေၾကာင္း၊ ေလယာဥ္မ်ားျဖင့္ ေန႔စဥ္လာေရာက္ပစ္ခတ္ေနသည္မွာ ၆ ရက္ ဆက္တိုက္ရွိၿပီျဖစ္ သည္ဟု ေရွ႕တန္းေရာက္ KIA တာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာသည္။

ထို႔အျပင္ ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္အတြင္းတြင္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနၿပီး ယေန႔ နံနက္ပိုင္း အထိ စစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ လာေရာက္ ပစ္ခတ္ခဲ့သည္ဟု ကရင္ၿငိမ္းခ်မ္းေရးအေထာက္အကူျပဳ ကြန္ရက္ (KPSN) က ေျပာသည္။

KPSN ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီး က “အခုက တစ္႐ြာလုံးပဲ ေသနတ္ေတြနဲ႔ ပစ္တာက အရမ္းၾကမ္းတယ္။ အသံအက်ယ္ႀကီးပဲ ေလယာဥ္ပ်ံနဲ႔ ဗုံးလာ ႀကဲတာ ခုနကပဲ က်မတို႔ကို လွမ္းေျပာတာ ဒါးဂြင္ဖက္လို႔ေျပာတယ္။ စစ္စခန္းနဲ႔ အနီးအနားေတြကို ပစ္ေနတာ။ တိုက္ပြဲက ေန႔တိုင္းပဲ အတြင္းဖက္မွာဆို ေသနတ္ႀကီးေတြနဲ႔ ႐ြာထဲ ဖက္ကို ပစ္တာရွိတယ္။ အတြင္းဖက္မွာလည္း ထြက္ေျပးတိမ္းေရွာင္ေနရတဲ့လူေတြရွိတယ္။ ကမေမာင္းနဲ႔ ဖာ ပြန္လမ္းဖက္ေပါ့ အဲဖက္မွာ ထြက္ေျပး တိမ္းေရွာင္ေနရတဲ့ သူေတြက အစားအေသာက္မရွိဘူး” ဟု ေျပာ သည္။

သို႔ေသာ္ စစ္ေကာင္စီ က “တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီႏွင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္ တိုက္ ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လမ္းေၾကာင္းအတိုင္း NCA လက္မွတ္ေရးထိုးၿပီးသည့္ တိုင္းရင္း သား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာေအာင္ ဆက္လက္ေဆြးေႏြးျခင္း၊ NCA လက္ မွတ္မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအား လက္မွတ္ေရးထိုးႏိုင္သည္အထိ ဆက္လက္ ေဆြးေႏြးျခင္း မ်ား ျပဳလုပ္ႏိုင္ေရး၊ ထာဝရၿငိမ္းခ်မ္းေရး ေအာင္ျမင္ၿပီးဆုံးသည္အထိ လိုအပ္သည္မ်ားအား ဆက္လက္ ေဆြးေႏြးသြားႏိုင္ေရးတို႔အတြက္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ ႏိုင္ငံေတာ္ ကာကြယ္ေရးႏွင့္ အုပ္ခ်ဳပ္မႈ ဆိုင္ရာ ကိစၥရပ္မ်ား အျပင္ ႏိုင္ငံေတာ္အစိုးရ၏ လုံၿခဳံေရးႏွင့္အုပ္ခ်ဳပ္ေရး ယႏၲရားမ်ားအား ေႏွာင့္ယွက္ထိပါး တိုက္ခိုက္ခ်ိန္မွအပ တပ္မေတာ္၏ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ၂၀၂၁ ခုႏွစ္၊ ေမလ ၁ ရက္ေန႔မွ ၃၁ ရက္ေန႔ အထိ ထပ္မံရပ္ ဆိုင္း ေပးသြားမည္ျဖစ္သည္” ဟု ဧၿပီလ ၃၀ ရက္ေန႔ ယေန႔တြင္ ထုတ္ျပန္ထားသည္။

စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတို႔တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသကဲ့သို႔ အခ်ိဳ႕ေသာ တိုင္းႏွင့္ ျပည္နယ္မ်ားျဖစ္သည့္ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းႏွင့္ ပဲခူးတိုင္းေဒသႀကီးမ်ားအတြင္းရွိ ဆႏၵျပည္သူမ်ားႏွင့္လည္း စစ္ေကာင္စီတပ္တို႔အၾကား ပစ္ခတ္မႈမ်ား ျဖစ္ပြား လွ်က္ရွိသည္။