ကချင်ပြည်နယ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးအား ပစ်ချနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့် ကုန်းလောကျေးရွာများအနီးတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ များအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလိုက်သည် ဟု KIO/KIA က ပြောသည်။

အဆိုပါဒေသအတွင်း ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လေယာဉ်များဖြင့် လာရောက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ်များထဲမှ ရဟတ်ယာဉ် တစ်စီးကို KIA ဘက် က ပစ်ချလိုက်ခြင်း ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA က အတည်ပြုပြောသည်။

“ဟုတ်ကဲ့ Confirm တော့ ဖြစ်ပါတယ်။ ဒီမနက် ၈ နာရီကျော် ၁၀ နာရီဝန်းကျင်လောက်ပေါ့နော်။ အဲ့ဒီကတည်း ကနေ ဒီမြို့သစ် ကုန်းလော့ရဲ့ စလောင်းကောင်ဖက်မှာ စစ်ကောင်စီတွေဟာ ကျနော်တို့ ရှေ့နေရာဖက်မှာ ဒီ ဂျက်ဖိုက်တာပေါ့နော အဲလိုလေကြောင်းကနေ တိုက်ခိုက်တာရှိတယ်။ Helicopter Gunship (တိုက်ခိုက်ရေး ရဟတ်ယာဉ်) နဲ့ လာပြီးတော့ ပစ်တာရှိတယ်။ အဲဒါကြောင့် ကျနော်တို့ဖက်ကနေ ခုခံပစ်ခတ်လို့ အခုလိုမျိုး ဒီ Helicopter တစ်စီး ထိမှန်သွားတာဖြစ်ပါတယ်။ Confirm ပြောလို့ရပါတယ်” ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ယနေ့ လေယာဉ်တစ်စီး ပစ်ချခံရသည့် နေရာအနီးတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ကြာရှိပြီဖြစ်ပြီး၊ စစ်ကောင်စီဘက်က လေယာဉ်ရော၊ မြေပြင်ထိုးစစ်များဖြင့်ပါ ရက်ဆက် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“Gunship (တိုက်ခိုက်ရေး ရဟတ်ယာဉ်) ကတော့ တစ်စင်းပဲ လာတယ်လို့ ပြောတယ်။ ဂျက်ဖိုက်တာကတော့ ၂ စင်းလာတယ်လို့ ပြောတယ်။ နေ့တိုင်းဖြစ်ပါတယ်။ နေတိုင်းဆိုတာက အခု ဒီနေ့နဲ့ ဆိုလို့ရှိရင် ၇ ရက် တစ်ပတ် နည်းနည်ကျော်ပြီ ၈ ရက် လောက်ရှိပါပြီ။ အဲမှာ လေကြောင်းနဲ့ လာတာ နောက်လက်နက်ကြီးနဲ့ ပစ်တာ မြေပြင်ကနေ ပစ်တာကတော့ ၅ ရက်လောက်ရှိပြီ။ အဲမှာ နည်းနည်း ငြိမ်သွားတာပေါ့နော လေကြောင်းကနဲ့ပဲ ပစ်တာ။”

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းငယ်အချို့နှင့် အလော့ဒ်ဘွမ်(တောင်) စခန်းကုန်းတို့ကို KIA က သိမ်းယူခဲ့ပြီးနောက် အဆိုပါ စစ်စခန်းကုန်းများ ပြန်လည်ရယူဖို့ စစ်တပ်ဘက်က ကြိုးစားနေသည့် အတွက် ၎င်းဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု KIO/KIA က ပြောသည်။

“ကုန်းလော့ရဲ့ အရှေ့ဖက်ကကုန်းပေါ့နော အဲဒီက မိုင်ခရိုဝေ့တာဝါတိုင်ရှိပါတယ်။ အဲဒီဖက်က စခန်းကို KIA ဖက်ကနေ သိမ်းထားတာ အဲဒါကို သူတို့လည်း ပြန်ရချင်လို့ တိုက်တာဖြစ်ပါတယ်။ အဲဒီကုန်းကတော့ ဒီမြို့သစ်၊ ကုန်း လော့အတွက်လည်း တော်တော်လည်း လုံခြုံရေး ဒီ အခြေခံကျတဲ့ ကုန်းတပ်ကုန်းဖြစ်ပါတယ်။ ဆိုတော့ အဲဒါ ပြန်ရဖို့အတွက်လည်း ဒါတစ်ချက် ဒုတိယတစ်ချက်ကတော့ အလော့ဒ်ဘွမ်ကို ထိုးစစ်ဆင်ဖို့က အဲကနေ စပြီးမှ ထိုးစစ်ဆင်ရတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီဖက်ကနေ အခြေခံပြီးမှ သူတို့က စစ်ဆင်ရေး လုပ်တာ ဖြစ်ပါတယ်။”

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်၊ ကုန်းလောနှင့် တာပိန်မြစ်တစ်လျှောက်က ကျေးရွာများအနီးတွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း ဆက်တိုက် လာရောက် ပစ်ခတ်နေသည့်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့ က ဒေသခံတစ်ဦးက “ကျမတို့ နေတဲ့နေရာနဲ့ အခုဖြစ်တဲ့နေရာနဲ့တော့ ဝေးတယ်။ အသံတွေတော့ ကြား နေရတယ်။ မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာပေါ့။ ရွာသားတွေ ဒဏ်ရာရတာလည်း ရှိတယ်လို့တော့ ပြော တယ်။ အတိအကျမသိရသေးဘူး။ ကျမတို့က အသံကြားတာနဲ့ ကတုတ်ကျင်းတွေထဲ ပုန်းနေရတာ။ အခုတောင်မှ ကတုတ်ကျင်းမှာပဲ”ဟု ပြောသည်။

မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရကြီး ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေ ကြရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဧပြီလ ၃၀ ရက်နေ့ (ယနေ့) တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက်ဟုဆိုကာ မေလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ အပစ်ရပ် တစ်လတာ ထပ်တိုးကြောင်း ထုတ်ပြန်ထားပြန် ထားသော်လည်း ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ထဲတွင် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္တြင္ တိုက္ခိုက္ေရး ရဟတ္ယာဥ္ တစ္စီးအား ပစ္ခ်ႏိုင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၃ ရက္။

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ႏွင့္ ကုန္းေလာေက်း႐ြာမ်ားအနီးတဝိုက္တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲ မ်ားအတြင္း စစ္ေကာင္စီတပ္၏ တိုက္ခိုက္ေရး ရဟတ္ယာဥ္တစ္စီးကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ပစ္ခ်လိုက္သည္ ဟု KIO/KIA က ေျပာသည္။

အဆိုပါေဒသအတြင္း ယေန႔နံနက္ပိုင္းက အာဏာသိမ္းစစ္ေကာင္စီတပ္ဘက္က ေလယာဥ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္ေနျခင္းျဖစ္ေၾကာင္း၊ အဆိုပါေလယာဥ္မ်ားထဲမွ ရဟတ္ယာဥ္ တစ္စီးကို KIA ဘက္ က ပစ္ခ်လိုက္ျခင္း ျဖစ္သည္ဟု ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIO/KIA က အတည္ျပဳေျပာသည္။

“ဟုတ္ကဲ့ Confirm ေတာ့ ျဖစ္ပါတယ္။ ဒီမနက္ ၈ နာရီေက်ာ္ ၁၀ နာရီဝန္းက်င္ေလာက္ေပါ့ေနာ္။ အဲ့ဒီကတည္း ကေန ဒီၿမိဳ႕သစ္ ကုန္းေလာ့ရဲ႕ စေလာင္းေကာင္ဖက္မွာ စစ္ေကာင္စီေတြဟာ က်ေနာ္တို႔ ေရွ႕ေနရာဖက္မွာ ဒီ ဂ်က္ဖိုက္တာေပါ့ေနာ အဲလိုေလေၾကာင္းကေန တိုက္ခိုက္တာရွိတယ္။ Helicopter Gunship (တိုက္ခိုက္ေရး ရဟတ္ယာဥ္) နဲ႔ လာၿပီးေတာ့ ပစ္တာရွိတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ဖက္ကေန ခုခံပစ္ခတ္လို႔ အခုလိုမ်ိဳး ဒီ Helicopter တစ္စီး ထိမွန္သြားတာျဖစ္ပါတယ္။ Confirm ေျပာလို႔ရပါတယ္” ဟု KIO/KIA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။

ယေန႔ ေလယာဥ္တစ္စီး ပစ္ခ်ခံရသည့္ ေနရာအနီးတဝိုက္တြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည္မွာ တစ္ပတ္ေက်ာ္ၾကာရွိၿပီျဖစ္ၿပီး၊ စစ္ေကာင္စီဘက္က ေလယာဥ္ေရာ၊ ေျမျပင္ထိုးစစ္မ်ားျဖင့္ပါ ရက္ဆက္ ပစ္ခတ္ေနျခင္း ျဖစ္သည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ဆက္ေျပာသည္။

“Gunship (တိုက္ခိုက္ေရး ရဟတ္ယာဥ္) ကေတာ့ တစ္စင္းပဲ လာတယ္လို႔ ေျပာတယ္။ ဂ်က္ဖိုက္တာကေတာ့ ၂ စင္းလာတယ္လို႔ ေျပာတယ္။ ေန႔တိုင္းျဖစ္ပါတယ္။ ေနတိုင္းဆိုတာက အခု ဒီေန႔နဲ႔ ဆိုလို႔ရွိရင္ ၇ ရက္ တစ္ပတ္ နည္းနည္ေက်ာ္ၿပီ ၈ ရက္ ေလာက္ရွိပါၿပီ။ အဲမွာ ေလေၾကာင္းနဲ႔ လာတာ ေနာက္လက္နက္ႀကီးနဲ႔ ပစ္တာ ေျမျပင္ကေန ပစ္တာကေတာ့ ၅ ရက္ေလာက္ရွိၿပီ။ အဲမွာ နည္းနည္း ၿငိမ္သြားတာေပါ့ေနာ ေလေၾကာင္းကနဲ႔ပဲ ပစ္တာ။”

မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီ၏ တပ္စခန္းကုန္းငယ္အခ်ိဳ႕ႏွင့္ အေလာ့ဒ္ဘြမ္(ေတာင္) စခန္းကုန္းတို႔ကို KIA က သိမ္းယူခဲ့ၿပီးေနာက္ အဆိုပါ စစ္စခန္းကုန္းမ်ား ျပန္လည္ရယူဖို႔ စစ္တပ္ဘက္က ႀကိဳးစားေနသည့္ အတြက္ ၎ေဒသအတြင္း တိုက္ပြဲမ်ား ေန႔စဥ္ျဖစ္ပြားေနရျခင္း ျဖစ္သည္ဟု KIO/KIA က ေျပာသည္။

“ကုန္းေလာ့ရဲ႕ အေရွ႕ဖက္ကကုန္းေပါ့ေနာ အဲဒီက မိုင္ခ႐ိုေဝ့တာဝါတိုင္ရွိပါတယ္။ အဲဒီဖက္က စခန္းကို KIA ဖက္ကေန သိမ္းထားတာ အဲဒါကို သူတို႔လည္း ျပန္ရခ်င္လို႔ တိုက္တာျဖစ္ပါတယ္။ အဲဒီကုန္းကေတာ့ ဒီၿမိဳ႕သစ္၊ ကုန္း ေလာ့အတြက္လည္း ေတာ္ေတာ္လည္း လုံၿခဳံေရး ဒီ အေျခခံက်တဲ့ ကုန္းတပ္ကုန္းျဖစ္ပါတယ္။ ဆိုေတာ့ အဲဒါ ျပန္ရဖို႔အတြက္လည္း ဒါတစ္ခ်က္ ဒုတိယတစ္ခ်က္ကေတာ့ အေလာ့ဒ္ဘြမ္ကို ထိုးစစ္ဆင္ဖို႔က အဲကေန စၿပီးမွ ထိုးစစ္ဆင္ရတာျဖစ္ပါတယ္။ ဆိုေတာ့ အဲဒီဖက္ကေန အေျခခံၿပီးမွ သူတို႔က စစ္ဆင္ေရး လုပ္တာ ျဖစ္ပါတယ္။”

မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕သစ္၊ စီးဟက္၊ ကုန္းေလာႏွင့္ တာပိန္ျမစ္တစ္ေလွ်ာက္က ေက်း႐ြာမ်ားအနီးတြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားေနၿပီး စစ္တပ္ဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသည့္အျပင္ ေလယာဥ္မ်ားျဖင့္လည္း ဆက္တိုက္ လာေရာက္ ပစ္ခတ္ေနသည့္ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မိုးေမာက္ၿမိဳ႕ က ေဒသခံတစ္ဦးက “က်မတို႔ ေနတဲ့ေနရာနဲ႔ အခုျဖစ္တဲ့ေနရာနဲ႔ေတာ့ ေဝးတယ္။ အသံေတြေတာ့ ၾကား ေနရတယ္။ မနက္ကတည္းက တိုက္ပြဲေတြျဖစ္ေနတာေပါ့။ ႐ြာသားေတြ ဒဏ္ရာရတာလည္း ရွိတယ္လို႔ေတာ့ ေျပာ တယ္။ အတိအက်မသိရေသးဘူး။ က်မတို႔က အသံၾကားတာနဲ႔ ကတုတ္က်င္းေတြထဲ ပုန္းေနရတာ။ အခုေတာင္မွ ကတုတ္က်င္းမွာပဲ”ဟု ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူ ၅၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပး ေနရႀကီး ခရစ္ယာန္ဘုရားေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ စစ္ေဘးတိမ္းေရွာင္ေန ၾကရသည္။

အာဏာသိမ္းစစ္ေကာင္စီတပ္က ဧၿပီလ ၃၀ ရက္ေန႔ (ယေန႔) တြင္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္း ေရးအတြက္ဟုဆိုကာ ေမလ ၁ ရက္ေန႔ မွ ၃၁ ရက္ေန႔အထိ အပစ္ရပ္ တစ္လတာ ထပ္တိုးေၾကာင္း ထုတ္ျပန္ထားျပန္ ထားေသာ္လည္း ကခ်င္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ထဲတြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္။