တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ၄ – ၅ – ၂၀၂၁

စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း တစ်လတိုးကြောင်း ကြေညာလိုက်တဲ့နေ့မှာပဲ ကချင်နဲ့ကရင်ပြည်နယ်တွေမှာ မြေပြင် ဝေဟင် ထိုးစစ်ဆင်မှုတွေကို ဆက်လုပ်ခဲ့ပါတယ်။

ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပေါ်ပေါက်လာခြင်းဟာ အာဏာရှင်စနစ်အမြစ်ပြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ PPST ယာယီ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ဒေသခံ နှစ်ထောင် ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောပါတယ်။

*** ZAWGYI ***


