ရှမ်းတောင်တွင် လူ့အခွင့်အ‌ရေး ချိုးဖောက်မှုများ ဆက်ရှိနေ၊ ရွာသားများ လူသားဒိုင်းအဖြစ် အသုံးခံရ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် လူသားဒိုင်းအဖြစ် အသုံးပြုနေသည်သာမက အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ချိုးဖောက်ကျူးလွန် နေသည်ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် အဖွဲ့ က ပြောသည်။

ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းက ရှမ်းပြည်တပ်မတော် (တောင် ပိုင်း) RCSS/SSA တပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် နမ့်စန်နှင့် မိုးနဲ မြို့နယ်များမှ ရွာသားများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ အတင်းအကြပ်ခိုင်းစေခြင်းနှင့် ၎င်းတို့၏ ပစ္စည်းများကို လုယူခြင်းများ ကျူးလွန်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့ က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင် က “၂၄ ပေါ့နော်၊ ၂၅ မှာပေါ့ ဖာဆွန့်မှာ ရှိ တဲ့ သူတို့ အဖွဲ့က ဖမ်းထားတဲ့ရွာသား ၆ ဦးကို ပေါ့။ သူတို့က နှစ်ဖွဲ့ခွဲသွား တယ်။ နှစ်ဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့က လည်း နားလောဘက်ကို စစ်ကြောင်းထိုးသွားတယ်။ နောက်တစ်ဖွဲ့က ဒီဖမ်းထား တဲ့ ရွာသားခြောက်ဦးနဲ့ပေါ့ အတူ ဝမ်ခိုင်းဆိုတဲ့ ရွာဘက်ကို စစ်ကြောင်းတည်ခဲ့တယ်။ အဲ့အချိန်မှာပဲ ရွာသား ၆ ဦး ကို ဒိုင်းအဖြစ်ခေါ် ဆောင် သွားတာပေါ့။ တကယ်လို့ လမ်းမှာ RCSS နဲ့ တွေ့မယ်ဆိုရင် ဒီရွာသားတွေကို ဒိုင်းအဖြစ် ပြန်ပြီးခုခံပြီးတော့ တိုက်ခံမယ်ပေါ့ အဲ့လိုပုံစံပေါ့” ဟု ပြောသည်။

အပြစ်မဲ့ ပြည်သူများကို ယခုကဲ့သို့ စစ်ပွဲများတွင် လူသားဒိုင်းများအဖြစ် အသုံးချခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု စိုင်းရွက်လွင် က ဆက်ပြော သည်။

“လူ့အခွင့်ရေးပေါ့နော် အဲ့ဒါကိုတော့ လေးစားရမှာပေါ့။ ပြီးတော့ ဒီရွာသားတွေကလည်း ကြားနေဆိုတော့လေ နော် အဲ့လိုမျိုး လူသားတွေကို ဒိုင်းအဖြစ်အသုံးပြုပြီးတော့ လုံးဝ ပြင်းထန်တဲ့ ချိုးဖောက်မှု တစ်ခုပေါ့။ လူသား တွေရဲ့ အခွင့်အရေးကို လေးစားရမှာပေါ့နော်။ အများအားဖြင့်တော့ ချိုးဖောက်တာဆိုရင် အာဏာသိမ်း စစ် ကောင်စီကပဲ ချိုးဖောက်တာပါ။”

ဧပြီလ ၂၁ ရက်နေ့ ခန့်က စတင်၍ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် က ဒေသအတွင်းက ပြည်သူ့စစ်အဖွဲ့များ အား ဆင့်ခေါ်ကာ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာများထဲသို့ ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးကာ ၎င်းတို့ စစ်ကြောင်းများအတွက် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင် က ပြောသည်။

“၂၁ ရက်နေ့ကပေါ့နော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်ချုပ်ကျော် ကျော်နိုင်ပေါ့ သူတို့ အဲ့ဒီကနေ ပြီးတော့ သူတို့ ပြည်သူ့စစ်လေးခုကို ခေါ်လိုက်တယ်၊ ခေါ်ပြီးတော့ ဒီ CDM ဖြိုခွင်းဖို့နဲ့ RCSS တွေကို တိုက် ထုတ်ဖို့ပေါ့။ တိုက်ဖို့ဆိုပြီး အင်အား တစ်ရာစီ တစ်ဖွဲ့ကို တစ်ရာစီ လေးဖွဲ့ဆိုတော့ အဲ့လို ဆင့်ခေါ်တာပေါ့၊ အဲ့က နေ ၂၂ ရက်နေ့က စပြီး တိုက်ပွဲဖြစ်တယ်။ မိုးနဲ၊ ကောင်းယောင်းဆိုတဲ့ ရွာနား၊ အဲ့ကနေ စဖြစ်တယ်” ဟု စိုင်း ရွက်လွင် က ပြောသည်။

“အဲ့နေ့မှာပဲ ၂၂ ရက်နေ့မှာပဲ နမ့်စန်ကနေပြီးတော့ စစ်ကြောင်း တစ်ကြောင်းက လွယ်နင်းဆိုတဲ့ ရွာနားလည်း ထပ်ဖြစ်တယ်။ အဲ့နောက်မှာပဲ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်နဲ့ အာဏာ သိမ်းစစ်ကောင်စီ နှစ်ဖွဲ့ပေါင်းပြီး ဖာဆွန့် ဆိုတဲ့ရွာ အဲ့ကနေ ရွာသားတွေကို သူတို့သောက်သုံးဖို့ ရေတွေခပ်ခိုင်းတယ်။ နောက် မွန်းလွှဲ ၃ နာရီလောက်မှာ ရွာသား တွေကို ဘုန်းကြီးကျောင်းမှာ စုခိုင်းတယ်။ သူတို့အဖွဲ့တွေအများကြီးပဲ။ တစ်ဖွဲ့က ဘုန်းကြီးကျောင်းမှာ တစ်ဖွဲ့က ရွာထဲမှာ ပတ်ပြီးတော့ မွှေတာပေါ့၊ ည ၆ နာရီအထိပေါ့ အဲ့လို တောတွေလည်း နင်းတယ်။ တော နင်းပြီး လိုက်ရှာတယ်။ RCSS ဘယ်မှာလဲဆိုပြီး အဲ့မှာ ဖာဆွန့်ဆိုတဲ့ရွာမှာလည်း တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီး တော့ ရွာသားတွေကိုလည်း ဖမ်းဆီးတွေ လုပ်တယ်။”

အဆိုပါဒေသအတွင်း မတ်ကျိုင်း၊ နားယိုင်း၊ အက်(စ်)သုံးလုံးနှင့် ကာလိပြည်သူ့စစ်များ ရှိပြီး ၎င်းအဖွဲ့များသည် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းက ဒေသအတွင်းရွာသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်နေသည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောသည်။

စိုင်းရွက်လွင် က “ပြည်သူ့စစ်တွေက စစ်အာဏာရှင်နဲ့ ပူးပေါင်း ပြီးတော့ ရွာသားတွေကို အဲ့လိုလူ့အခွင့်အရေး ချိုးဖောက်တာတို့၊ ပစ္စည်းတွေခိုးတာတွေ ရပ်တန့်ဖို့လိုအပ်တယ်။ ပြီးတော့ CDM လုပ်နေတဲ့ ပြည်သူလူထုတွေ နဲ့ ပူးပေါင်းဖို့လို အပ်တယ်။ အဲ့မှာ မတ်ကျိုင်းရှိမယ်။ နားယိုင်းရှိမယ်။ အက်(စ်)သုံးလုံးရှိမယ်။ ကာလိရှိမယ် သူ တို့ရဲ့ စခန်းတွေရှိ တယ်။ ဒီနမ့်စန်မှာ။ မိုးနဲရော နမ့်စန်မှာလည်း တခြားဒေသတွေလိုပဲ လက်သုံးချောင်း ထောင် တာတွေ့ ရင် စစ်မိရင် လည်း ဖမ်းတာပဲ။ လူစုလူဝေးဆိုလည်းဖမ်းတယ်။ ဆန္ဒပြလည်း ဖမ်းတယ်။ CDM သမားတွေလည်း ရှောင်နေရတာပဲ” ဟု ပြောသည်။

မိုးနဲမြို့နယ်အတွင်းရှိ နားခန် နှင့် ကောင်ယောင်းကျေးရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် RCSS/SSA တပ်တို့အကြား ဧပြီလ ၂၂ ရက်နေ့ ထိပ်တိုက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွေ ရေးသားထားသည်။

မိုးနဲနှင့် နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာအချို့က ရွာသားများတွင် ဧပြီလ တတိယအပတ်ခန့်ကစတင်ပြီး ၎င်းတို့ ၏ ကျေးရွာများအတွင်း မနေရဲပဲ အခြားသော စစ်ပွဲများ၊ ပဋိက္ခများနှင့် ဝေးသည့် ကျေးရွာများတွင် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

*** ZAWGYI ***
ရွမ္းေတာင္တြင္ လူ႔အခြင့္အ‌ေရး ခ်ိဳးေဖာက္မႈမ်ား ဆက္ရွိေန၊ ႐ြာသားမ်ား လူသားဒိုင္းအျဖစ္ အသုံးခံရ

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၄ ရက္။

ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္က ျပည္သူမ်ားအေပၚ လူသားဒိုင္းအျဖစ္ အသုံးျပဳေနသည္သာမက အျခားေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အမ်ိဳးမ်ိဳးကို ခ်ိဳးေဖာက္က်ဴးလြန္ ေနသည္ဟု ရွမ္းလူ႔ အခြင့္အေရးမ႑ိဳင္ အဖြဲ႕ က ေျပာသည္။

ဧၿပီလကုန္ပိုင္းတြင္ စစ္ေကာင္စီတပ္ႏွင့္ ေဒသခံျပည္သူ႔စစ္တပ္ဖြဲ႕မ်ား ပူးေပါင္းက ရွမ္းျပည္တပ္မေတာ္ (ေတာင္ ပိုင္း) RCSS/SSA တပ္ဖြဲ႕ကို ထိုးစစ္ဆင္တိုက္ခိုက္ရာတြင္ နမ့္စန္ႏွင့္ မိုးနဲ ၿမိဳ႕နယ္မ်ားမွ ႐ြာသားမ်ားအား လူသားဒိုင္းကာအျဖစ္ အသုံးျပဳျခင္း၊ အတင္းအၾကပ္ခိုင္းေစျခင္းႏွင့္ ၎တို႔၏ ပစၥည္းမ်ားကို လုယူျခင္းမ်ား က်ဴးလြန္ခဲ့သည္ဟု ရွမ္းလူ႔အခြင့္အေရး မ႑ိဳင္ အဖြဲ႕ က ေမလ ၃ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

ရွမ္းလူ႔အခြင့္အေရးမ႑ိဳင္ အဖြဲ႕ ၏ ေျပာေရးဆိုခြင့္ရွိသူ စိုင္း႐ြက္လြင္ က “၂၄ ေပါ့ေနာ္၊ ၂၅ မွာေပါ့ ဖာဆြန႔္မွာ ရွိ တဲ့ သူတို႔ အဖြဲ႕က ဖမ္းထားတဲ့႐ြာသား ၆ ဦးကို ေပါ့။ သူတို႔က ႏွစ္ဖြဲ႕ခြဲသြား တယ္။ ႏွစ္ဖြဲ႕ခြဲၿပီးေတာ့ တစ္ဖြဲ႕က လည္း နားေလာဘက္ကို စစ္ေၾကာင္းထိုးသြားတယ္။ ေနာက္တစ္ဖြဲ႕က ဒီဖမ္းထား တဲ့ ႐ြာသားေျခာက္ဦးနဲ႔ေပါ့ အတူ ဝမ္ခိုင္းဆိုတဲ့ ႐ြာဘက္ကို စစ္ေၾကာင္းတည္ခဲ့တယ္။ အဲ့အခ်ိန္မွာပဲ ႐ြာသား ၆ ဦး ကို ဒိုင္းအျဖစ္ေခၚ ေဆာင္ သြားတာေပါ့။ တကယ္လို႔ လမ္းမွာ RCSS နဲ႔ ေတြ႕မယ္ဆိုရင္ ဒီ႐ြာသားေတြကို ဒိုင္းအျဖစ္ ျပန္ၿပီးခုခံၿပီးေတာ့ တိုက္ခံမယ္ေပါ့ အဲ့လိုပုံစံေပါ့” ဟု ေျပာသည္။

အျပစ္မဲ့ ျပည္သူမ်ားကို ယခုကဲ့သို႔ စစ္ပြဲမ်ားတြင္ လူသားဒိုင္းမ်ားအျဖစ္ အသုံးခ်ျခင္းသည္ စစ္ရာဇဝတ္မႈကို က်ဴးလြန္ျခင္းျဖစ္ၿပီး စစ္ေကာင္စီက စစ္ရာဇဝတ္မႈကို ခ်ိဳးေဖာက္ျခင္း ျဖစ္သည္ဟု စိုင္း႐ြက္လြင္ က ဆက္ေျပာ သည္။

“လူ႔အခြင့္ေရးေပါ့ေနာ္ အဲ့ဒါကိုေတာ့ ေလးစားရမွာေပါ့။ ၿပီးေတာ့ ဒီ႐ြာသားေတြကလည္း ၾကားေနဆိုေတာ့ေလ ေနာ္ အဲ့လိုမ်ိဳး လူသားေတြကို ဒိုင္းအျဖစ္အသုံးျပဳၿပီးေတာ့ လုံးဝ ျပင္းထန္တဲ့ ခ်ိဳးေဖာက္မႈ တစ္ခုေပါ့။ လူသား ေတြရဲ႕ အခြင့္အေရးကို ေလးစားရမွာေပါ့ေနာ္။ အမ်ားအားျဖင့္ေတာ့ ခ်ိဳးေဖာက္တာဆိုရင္ အာဏာသိမ္း စစ္ ေကာင္စီကပဲ ခ်ိဳးေဖာက္တာပါ။”

ဧၿပီလ ၂၁ ရက္ေန႔ ခန႔္က စတင္၍ အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ က ေဒသအတြင္းက ျပည္သူ႔စစ္အဖြဲ႕မ်ား အား ဆင့္ေခၚကာ နမ့္စန္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာမ်ားထဲသို႔ ဝင္ေရာက္ကာ ႐ြာသားမ်ားကို ဖမ္းဆီးကာ ၎တို႔ စစ္ေၾကာင္းမ်ားအတြက္ အတင္းအဓမၼ လုပ္အားေပးခိုင္းေစျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟုလည္း ရွမ္းလူ႔အခြင့္ အေရးမ႑ိဳင္ က ေျပာသည္။

“၂၁ ရက္ေန႔ကေပါ့ေနာ္ အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ဗိုလ္ခ်ဳပ္ေက်ာ္ ေက်ာ္ႏိုင္ေပါ့ သူတို႔ အဲ့ဒီကေန ၿပီးေတာ့ သူတို႔ ျပည္သူ႔စစ္ေလးခုကို ေခၚလိုက္တယ္၊ ေခၚၿပီးေတာ့ ဒီ CDM ၿဖိဳခြင္းဖို႔နဲ႔ RCSS ေတြကို တိုက္ ထုတ္ဖို႔ေပါ့။ တိုက္ဖို႔ဆိုၿပီး အင္အား တစ္ရာစီ တစ္ဖြဲ႕ကို တစ္ရာစီ ေလးဖြဲ႕ဆိုေတာ့ အဲ့လို ဆင့္ေခၚတာေပါ့၊ အဲ့က ေန ၂၂ ရက္ေန႔က စၿပီး တိုက္ပြဲျဖစ္တယ္။ မိုးနဲ၊ ေကာင္းေယာင္းဆိုတဲ့ ႐ြာနား၊ အဲ့ကေန စျဖစ္တယ္” ဟု စိုင္း ႐ြက္လြင္ က ေျပာသည္။

“အဲ့ေန႔မွာပဲ ၂၂ ရက္ေန႔မွာပဲ နမ့္စန္ကေနၿပီးေတာ့ စစ္ေၾကာင္း တစ္ေၾကာင္းက လြယ္နင္းဆိုတဲ့ ႐ြာနားလည္း ထပ္ျဖစ္တယ္။ အဲ့ေနာက္မွာပဲ ၂၃ ရက္ေန႔မွာ ျပည္သူ႔စစ္နဲ႔ အာဏာ သိမ္းစစ္ေကာင္စီ ႏွစ္ဖြဲ႕ေပါင္းၿပီး ဖာဆြန႔္ ဆိုတဲ့႐ြာ အဲ့ကေန ႐ြာသားေတြကို သူတို႔ေသာက္သုံးဖို႔ ေရေတြခပ္ခိုင္းတယ္။ ေနာက္ မြန္းလႊဲ ၃ နာရီေလာက္မွာ ႐ြာသား ေတြကို ဘုန္းႀကီးေက်ာင္းမွာ စုခိုင္းတယ္။ သူတို႔အဖြဲ႕ေတြအမ်ားႀကီးပဲ။ တစ္ဖြဲ႕က ဘုန္းႀကီးေက်ာင္းမွာ တစ္ဖြဲ႕က ႐ြာထဲမွာ ပတ္ၿပီးေတာ့ ေမႊတာေပါ့၊ ည ၆ နာရီအထိေပါ့ အဲ့လို ေတာေတြလည္း နင္းတယ္။ ေတာ နင္းၿပီး လိုက္ရွာတယ္။ RCSS ဘယ္မွာလဲဆိုၿပီး အဲ့မွာ ဖာဆြန႔္ဆိုတဲ့႐ြာမွာလည္း တိုက္ပြဲျဖစ္တယ္။ ျဖစ္ၿပီး ေတာ့ ႐ြာသားေတြကိုလည္း ဖမ္းဆီးေတြ လုပ္တယ္။”

အဆိုပါေဒသအတြင္း မတ္က်ိဳင္း၊ နားယိုင္း၊ အက္(စ္)သုံးလုံးႏွင့္ ကာလိျပည္သူ႔စစ္မ်ား ရွိၿပီး ၎အဖြဲ႕မ်ားသည္ စစ္ေကာင္စီတပ္မ်ားႏွင့္ ပူးေပါင္းက ေဒသအတြင္း႐ြာသားမ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အမ်ိဳးမ်ိဳး က်ဴးလြန္ေနသည္ဟု ရွမ္းလူ႔အခြင့္ေရးမ႑ိဳင္က ေျပာသည္။

စိုင္း႐ြက္လြင္ က “ျပည္သူ႔စစ္ေတြက စစ္အာဏာရွင္နဲ႔ ပူးေပါင္း ၿပီးေတာ့ ႐ြာသားေတြကို အဲ့လိုလူ႔အခြင့္အေရး ခ်ိဳးေဖာက္တာတို႔၊ ပစၥည္းေတြခိုးတာေတြ ရပ္တန႔္ဖို႔လိုအပ္တယ္။ ၿပီးေတာ့ CDM လုပ္ေနတဲ့ ျပည္သူလူထုေတြ နဲ႔ ပူးေပါင္းဖို႔လို အပ္တယ္။ အဲ့မွာ မတ္က်ိဳင္းရွိမယ္။ နားယိုင္းရွိမယ္။ အက္(စ္)သုံးလုံးရွိမယ္။ ကာလိရွိမယ္ သူ တို႔ရဲ႕ စခန္းေတြရွိ တယ္။ ဒီနမ့္စန္မွာ။ မိုးနဲေရာ နမ့္စန္မွာလည္း တျခားေဒသေတြလိုပဲ လက္သုံးေခ်ာင္း ေထာင္ တာေတြ႕ ရင္ စစ္မိရင္ လည္း ဖမ္းတာပဲ။ လူစုလူေဝးဆိုလည္းဖမ္းတယ္။ ဆႏၵျပလည္း ဖမ္းတယ္။ CDM သမားေတြလည္း ေရွာင္ေနရတာပဲ” ဟု ေျပာသည္။

မိုးနဲၿမိဳ႕နယ္အတြင္းရွိ နားခန္ ႏွင့္ ေကာင္ေယာင္းေက်း႐ြာအနီးတဝိုက္တြင္လည္း စစ္ေကာင္စီတပ္ႏွင့္ RCSS/SSA တပ္တို႔အၾကား ဧၿပီလ ၂၂ ရက္ေန႔ ထိပ္တိုက္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္ဟု ရွမ္းလူ႔အခြင့္အေရးမ႑ိဳင္အဖြဲ႕ ၏ ထုတ္ျပန္ခ်က္ထဲေတြ ေရးသားထားသည္။

မိုးနဲႏွင့္ နမ့္စန္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအခ်ိဳ႕က ႐ြာသားမ်ားတြင္ ဧၿပီလ တတိယအပတ္ခန႔္ကစတင္ၿပီး ၎တို႔ ၏ ေက်း႐ြာမ်ားအတြင္း မေနရဲပဲ အျခားေသာ စစ္ပြဲမ်ား၊ ပဋိကၡမ်ားႏွင့္ ေဝးသည့္ ေက်း႐ြာမ်ားတြင္ ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကရသည္ဟု ဆိုသည္။