မော်လမြိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က မော်လမြိုင် ပညာရေးကောလိပ်ကျောင်းရှေ့ဆိုင်းဘုတ်အနီး ပေါက်ကွဲမှု ဖြစ် ပွားခဲ့ပြီး ကျောင်းညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု ပြောသည်။

“နံနက်ပိုင်းမှာ ပေါက်ကွဲသံတော့ ကြားလိုက်တယ် ဘာမှန်းတော့ မသိဘူး မိုးလင်းလာတော့မှာ ပညာရေး ကော လိပ်ရှေ့မှာ ဗုံးပေါက်တယ်ဆိုတာ သိလိုက်တယ်၊ မော်လမြိုင်မှာ ပြီးခဲ့တဲ့လကလည်း ပေါက်ကွဲမှုဖြစ်တာ ဗုံး တွေ့ တာတွေရှိခဲ့တယ် ဘာတွေလဲတော့ မသိဘူး”

ထို့အပြင် နံနက် ၅ နာရီဝန်းကျင်ခန့်မှာလည်း မီးလောင်သွားခဲ့သည့် ရွှေမြိုင်သီရိအုပ်ချုပ်ရေးမှူးရုံးအနီး အသစ်ဖွင့် လှစ်ထားသည့် ရုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေပြည်သူများ က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများ က ပြောသည်။

ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် မြို့ပေါ်ရပ်ကွက်အများစုတို့တွင်လည်း သွားလာနေသူ တို့အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများ က ပြောသည်။

“ဒီမနက်မှာ နေရာတော်တော်များများမှာ စစ်သားတွေ ရဲတွေက စောင့်နေကြပြီးတော့ သွားလာနေတဲ့လူတွေကို စစ်ဆေးနေတာ ဆိုင်ကယ် ကားအကုန်စစ်တယ်” ဟု အမည်မဖော်လိုသူ မော်လမြိုင် မြို့ခံ လူငယ်တစ်ဦး က ပြောသည်။

မော်လမြိုင်တွင် ဧပြီလကတည်းက ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အပြင် ဗုံးတွေ့ရှိမှု များလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ပေါက်ကွဲမှု ဗုံးတွေ့ရှိမှုများဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့ပေါ်နေရာအနှံ့နှင့် မြို့အဝင်အထွက် နေရာ များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်။

မြို့လုံခြုံရေးအတွက်ဟု ဆိုကာ အာဏာသိမ်းစစ်ကောင်က မြို့တွင်းရှိ နေရာအနှံ့ အား စစ်ဆေးမှုများ ပိုမိုတင်း ကြပ်ထားသည့်အပြင် မြို့တစ်ခုလုံးကိုလည်း CCTV များ တပ်ဆင်ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု သိရသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္တြင္ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၄ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေမလ ၄ ရက္ေန႔ နံနက္ပိုင္းက ေပါက္ကြဲမႈ ႏွစ္ႀကိမ္ဆက္တိုက္ျဖစ္ပြားခဲ့ၿပီး တစ္ဦးဒဏ္ရာရရွိခဲ့သည္ဟု ၿမိဳ႕ခံတို႔က ေျပာသည္။

ယေန႔နံနက္ ၄ နာရီဝန္းက်င္ခန႔္က ေမာ္လၿမိဳင္ ပညာေရးေကာလိပ္ေက်ာင္းေရွ႕ဆိုင္းဘုတ္အနီး ေပါက္ကြဲမႈ ျဖစ္ ပြားခဲ့ၿပီး ေက်ာင္းညကင္းေစာင့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ေမာ္လၿမိဳင္ၿမိဳ႕ခံတစ္ဦးကေတာ့ ဗုံးေပါက္ကြဲျခင္းျဖစ္သည္ဟု ေျပာသည္။

“နံနက္ပိုင္းမွာ ေပါက္ကြဲသံေတာ့ ၾကားလိုက္တယ္ ဘာမွန္းေတာ့ မသိဘူး မိုးလင္းလာေတာ့မွာ ပညာေရး ေကာ လိပ္ေရွ႕မွာ ဗုံးေပါက္တယ္ဆိုတာ သိလိုက္တယ္၊ ေမာ္လၿမိဳင္မွာ ၿပီးခဲ့တဲ့လကလည္း ေပါက္ကြဲမႈျဖစ္တာ ဗုံး ေတြ႕ တာေတြရွိခဲ့တယ္ ဘာေတြလဲေတာ့ မသိဘူး”

ထို႔အျပင္ နံနက္ ၅ နာရီဝန္းက်င္ခန႔္မွာလည္း မီးေလာင္သြားခဲ့သည့္ ေ႐ႊၿမိဳင္သီရိအုပ္ခ်ဳပ္ေရးမႉး႐ုံးအနီး အသစ္ဖြင့္ လွစ္ထားသည့္ ႐ုံးေနရာတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း ရပ္ကြက္ေနျပည္သူမ်ား က ေျပာသည္။

ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ ေနရာတြင္ အာဏာသိမ္းစစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က လုံၿခဳံေရး တင္းၾကပ္ထားၿပီး ရွာေဖြ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။

ယေန႔နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈမ်ားေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္အမ်ားစုတို႔တြင္လည္း သြားလာေနသူ တို႔အား စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ၿမိဳ႕ခံမ်ား က ေျပာသည္။

“ဒီမနက္မွာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္သားေတြ ရဲေတြက ေစာင့္ေနၾကၿပီးေတာ့ သြားလာေနတဲ့လူေတြကို စစ္ေဆးေနတာ ဆိုင္ကယ္ ကားအကုန္စစ္တယ္” ဟု အမည္မေဖာ္လိုသူ ေမာ္လၿမိဳင္ ၿမိဳ႕ခံ လူငယ္တစ္ဦး က ေျပာသည္။

ေမာ္လၿမိဳင္တြင္ ဧၿပီလကတည္းက ဗုံးဟုယူဆရသည့္ ေပါက္ကြဲမႈျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည့္အျပင္ ဗုံးေတြ႕ရွိမႈ မ်ားလည္း ဆက္တိုက္ျဖစ္ေပၚခဲ့သည္။

ထိုကဲ့သို႔ ေပါက္ကြဲမႈ ဗုံးေတြ႕ရွိမႈမ်ားျဖစ္ေပၚလာၿပီးေနာက္ပိုင္း ၿမိဳ႕ေပၚေနရာအႏွံ႔ႏွင့္ ၿမိဳ႕အဝင္အထြက္ ေနရာ မ်ားတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စစ္ေဆးမႈမ်ား ပိုမိုတင္းၾကပ္ထားသည္။

ၿမိဳ႕လုံၿခဳံေရးအတြက္ဟု ဆိုကာ အာဏာသိမ္းစစ္ေကာင္က ၿမိဳ႕တြင္းရွိ ေနရာအႏွံ႔ အား စစ္ေဆးမႈမ်ား ပိုမိုတင္း ၾကပ္ထားသည့္အျပင္ ၿမိဳ႕တစ္ခုလုံးကိုလည္း CCTV မ်ား တပ္ဆင္ရန္ စစ္ေကာင္စီက စီစဥ္ေနသည္ဟု သိရသည္။