တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

မေလ ၄ ရက်နေ့က ညနေပိုင်းက စတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းအထိ ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့လည်း တနေကုန်ပစ်ခတ်နေတယ်။ လက်နက်ကြီးနဲ့ ကူပစ်နေတာတွေရှိတယ်။ မနေ့ညက ၇ နာရီလောက်ကနေ စပစ်တဲ့ အသံတွေ ကြားနေရတယ်။ ကျနော်တို့ ကြားတာတော့ TNLA ရယ်၊ ကိုးကန့် MNDAA နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်နော်။ မနေ့ညက ဖြစ်တော့ တိုးဂိတ်ဘက်မှာ နှစ်ယောက် ပြည်သူထဲက ထိခိုက်တာရှိတယ်။ ပြီးတော့ အောင်ချမ်းသာ ဟိုး ရပ် ကွက်ဘက်မှာလည်း ကားစီးလာကို ပစ်ခတ်ခံရတာ ရှိတယ်။ အဲ့ဒါ ၅ ယောက်။ အခု လေးယောက်ကတော့ လား ရှိုး ဆေးရုံပို့ထားတယ်။ စိုးရိမ်ရလို့။ တစ်ယောက်ကတော့ ကွတ်ခိုင်မှာပဲ” ဟု ကွတ်ခိုင်မြို့ က အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ၄ ဦးမှာ စိုးရိမ်ရသည့်အတွက် မေလ ၅ ရက်နေ့ (ယနေ့)တွင် လားရှိုးဆေးရုံသို့ ပို့လိုက်ရသည်ဟု သိရသည်။

ထို့အပြင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အိမ် ၅ လုံးခန့် ပျက်ဆီးသွားသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ရွာတွေထဲကို လက်နက်ကြီးတွေ ကျနေလို့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ အခုထိ အသံက မတိတ်သေး ဘူး။ ပစ်လိုက်ရပ်လိုက်ပဲ ဒီနေ့လည်းနော်။ ရွာတွေထဲ လက်နက်ကြီးကျလို့ အိမ်ခြေ ၅ အိမ်လောက် ပျက်ဆီး သွားတာရှိ တယ်။ ကျနော်တို့ သွားလို့မရသေးဘူး။ အခြေအနေက ဆိုးနေတယ်။ ကျွဲတစ်ကောင်လည်း ကျည် ထိထားတယ်လို့ ပြောတယ်။ ရွာတွေမှာက အိမ်တိုင်းက ကတုတ်ကျင်းတူးထားတယ်။ ဒါပေမယ့် မလုံခြုံဘူး။”

တပ်မတော်ဘက်က မေလ တစ်ရက်နေ့မှ စတင်၍ တစ်လာကြာ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ထုတ် ပြန်ထားသော်လည်း ကွတ်ခိုင်မြို့နယ်အတွင်း တစ်ရက်တည်းတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

“မနေ့က ညနေ ၃ နာရီ ၁၅ ကနေပြီးတော့ ၄ နာရီခွဲအထိက ကွတ်ခိုင်မြို့နယ်ထဲက မန်လုံရွာနားမှာ ဖြစ်တယ်။ ၅ နာရီ ၁၅ ကျတော့ ဒီ မန်ပန်ရွာနားမှာ တစ်ကြိမ်ဖြစ်တယ်။ အဲ့မှာတော့ သိပ်မကြာဘူး။ အဲ့ဟာဖြစ်ပြီးတော့ ဒီနေ့ သတင်းတက်လာတာ မတွေ့သေးဘူး။ မနေ့က ဖြစ်တဲ့အကြောင်းအရင်းက ကျနော်တို့အဖွဲ့နဲ့ MNDAA အဲ့နားမှာ ရှိနေတဲ့ဟာကို တပ်ဘက်က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်တာဖြစ်တယ်။ တပ်ရင်း အတိအကျ တော့ မသိရဘူး။ အဲ့ဘက်မှာ လှုပ်ရှားတာက တပ်မ ၉၉ လည်းရှိတယ်။ အခုဖြစ်တဲ့နေရာက မြို့နဲ့ ဘယ်လောက် အထိဝေးလဲဆိုတော့ အတိအကျတော့ မသိဘူးနော်။ ကျနော်ထင်တာ ၃ မိုင်ဝန်းကျင်လောက် တော့ ရှိမယ်ထင်တယ်။”

တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာ နယ်မြေများအတွင်း စစ်ကောင်စီက မတ်လက စတင်ပြီး သိသိသာသာ တပ်အင်အားတိုးချဲ့မှုများ ရှိနေသည့် အတွက် တိုက်ပွဲများ အချိန်မရွေးပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်သည်ဟုလည်း ဒုဗိုလ်မှူးကြီး မိုင်းအိုက် ကျော် က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် အနီးတဝိုက် ကျေးရွာများက ရွာသားအချို့ လည်း စစ်ဘေးလွှတ်ရာများသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

Photo – CJ

*** ZAWGYI ***
တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္တို႔ ကြတ္ခိုင္တြင္ တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေမလ ၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး ေဒသခံျပည္သူ ၇ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာ သည္။

ေမလ ၄ ရက္ေန႔က ညေနပိုင္းက စတင္ၿပီး ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရာ ယေန႔နံနက္ပိုင္းအထိ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း လက္နက္ႀကီး ပစ္ခတ္မႈမ်ား ဆက္တိုက္ၾကားေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ဒီေန႔လည္း တေနကုန္ပစ္ခတ္ေနတယ္။ လက္နက္ႀကီးနဲ႔ ကူပစ္ေနတာေတြရွိတယ္။ မေန႔ညက ၇ နာရီေလာက္ကေန စပစ္တဲ့ အသံေတြ ၾကားေနရတယ္။ က်ေနာ္တို႔ ၾကားတာေတာ့ TNLA ရယ္၊ ကိုးကန႔္ MNDAA နဲ႔ စစ္တပ္နဲ႔ တိုက္ပြဲျဖစ္တယ္လို႔ ေျပာတယ္ေနာ္။ မေန႔ညက ျဖစ္ေတာ့ တိုးဂိတ္ဘက္မွာ ႏွစ္ေယာက္ ျပည္သူထဲက ထိခိုက္တာရွိတယ္။ ၿပီးေတာ့ ေအာင္ခ်မ္းသာ ဟိုး ရပ္ ကြက္ဘက္မွာလည္း ကားစီးလာကို ပစ္ခတ္ခံရတာ ရွိတယ္။ အဲ့ဒါ ၅ ေယာက္။ အခု ေလးေယာက္ကေတာ့ လား ရႈိး ေဆး႐ုံပို႔ထားတယ္။ စိုးရိမ္ရလို႔။ တစ္ေယာက္ကေတာ့ ကြတ္ခိုင္မွာပဲ” ဟု ကြတ္ခိုင္ၿမိဳ႕ က အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။

ထိခိုက္ဒဏ္ရာ ရရွိသူမ်ားအနက္ ၄ ဦးမွာ စိုးရိမ္ရသည့္အတြက္ ေမလ ၅ ရက္ေန႔ (ယေန႔)တြင္ လားရႈိးေဆး႐ုံသို႔ ပို႔လိုက္ရသည္ဟု သိရသည္။

ထို႔အျပင္ ေက်း႐ြာမ်ားအတြင္း လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ အိမ္ ၅ လုံးခန႔္ ပ်က္ဆီးသြားသည္ဟု အဆိုပါ ေဒသခံက ဆက္ေျပာသည္။

“႐ြာေတြထဲကို လက္နက္ႀကီးေတြ က်ေနလို႔ ေဒသခံေတြက စိုးရိမ္ေနၾကတယ္။ အခုထိ အသံက မတိတ္ေသး ဘူး။ ပစ္လိုက္ရပ္လိုက္ပဲ ဒီေန႔လည္းေနာ္။ ႐ြာေတြထဲ လက္နက္ႀကီးက်လို႔ အိမ္ေျခ ၅ အိမ္ေလာက္ ပ်က္ဆီး သြားတာရွိ တယ္။ က်ေနာ္တို႔ သြားလို႔မရေသးဘူး။ အေျခအေနက ဆိုးေနတယ္။ ကြၽဲတစ္ေကာင္လည္း က်ည္ ထိထားတယ္လို႔ ေျပာတယ္။ ႐ြာေတြမွာက အိမ္တိုင္းက ကတုတ္က်င္းတူးထားတယ္။ ဒါေပမယ့္ မလုံၿခဳံဘူး။”

တပ္မေတာ္ဘက္က ေမလ တစ္ရက္ေန႔မွ စတင္၍ တစ္လာၾကာ တစ္ဖက္သတ္အပစ္ခတ္ရပ္စဲေၾကာင္း ထုတ္ ျပန္ထားေသာ္လည္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တစ္ရက္တည္းတြင္ တိုက္ပြဲ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့သည္ဟု တအန္း အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဒုဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ က ေျပာသည္။

“မေန႔က ညေန ၃ နာရီ ၁၅ ကေနၿပီးေတာ့ ၄ နာရီခြဲအထိက ကြတ္ခိုင္ၿမိဳ႕နယ္ထဲက မန္လုံ႐ြာနားမွာ ျဖစ္တယ္။ ၅ နာရီ ၁၅ က်ေတာ့ ဒီ မန္ပန္႐ြာနားမွာ တစ္ႀကိမ္ျဖစ္တယ္။ အဲ့မွာေတာ့ သိပ္မၾကာဘူး။ အဲ့ဟာျဖစ္ၿပီးေတာ့ ဒီေန႔ သတင္းတက္လာတာ မေတြ႕ေသးဘူး။ မေန႔က ျဖစ္တဲ့အေၾကာင္းအရင္းက က်ေနာ္တို႔အဖြဲ႕နဲ႔ MNDAA အဲ့နားမွာ ရွိေနတဲ့ဟာကို တပ္ဘက္က လာေရာက္ထိုးစစ္ဆင္တိုက္ခိုက္လို႔ တိုက္ပြဲျဖစ္တာျဖစ္တယ္။ တပ္ရင္း အတိအက် ေတာ့ မသိရဘူး။ အဲ့ဘက္မွာ လႈပ္ရွားတာက တပ္မ ၉၉ လည္းရွိတယ္။ အခုျဖစ္တဲ့ေနရာက ၿမိဳ႕နဲ႔ ဘယ္ေလာက္ အထိေဝးလဲဆိုေတာ့ အတိအက်ေတာ့ မသိဘူးေနာ္။ က်ေနာ္ထင္တာ ၃ မိုင္ဝန္းက်င္ေလာက္ ေတာ့ ရွိမယ္ထင္တယ္။”

တအန္း အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA ႏွင့္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕မ်ား လႈပ္ရွားရာ နယ္ေျမမ်ားအတြင္း စစ္ေကာင္စီက မတ္လက စတင္ၿပီး သိသိသာသာ တပ္အင္အားတိုးခ်ဲ႕မႈမ်ား ရွိေနသည့္ အတြက္ တိုက္ပြဲမ်ား အခ်ိန္မေ႐ြးျပင္းထန္စြာ ထပ္မံျဖစ္ပြားလာႏိုင္သည္ဟုလည္း ဒုဗိုလ္မႉးႀကီး မိုင္းအိုက္ ေက်ာ္ က ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းက တိုက္ပြဲမ်ားႏွင့္ ပစ္ခတ္မႈမ်ားေၾကာင့္ အနီးတဝိုက္ ေက်း႐ြာမ်ားက ႐ြာသားအခ်ိဳ႕ လည္း စစ္ေဘးလႊတ္ရာမ်ားသို႔ ထြက္ေျပးေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

Photo – CJ